သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အစီအစဉ်
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိ နိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြား ငွေဖြင့်မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို ၂၂ - ၉ - ၂၀၂၁ ရက်မှ စတင်ရောင်းချလျက်ရှိပြီး ၂၅ - ၉ - ၂၀၂၁ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် တို့တွင် အောက်ဖော်ပြပါ ဈေးနှုန်းများအတိုင်း ရောင်းချပေးသွားမည်ဖြစ်ပါသည်-
|
၂။ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးမည့် ဆိုင်အမည်နှင့် လိပ်စာအား အောက်တွင် ဖော်ပြထားပါသည်။ကျန်ရှိနေသော တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ဆက်လက်ရောင်းချ ပေးသွားရန် စီစဉ်လျက်ရှိပါသည်။
၃။ စားသုံးသူပြည်သူများအနေဖြင့် စက်သုံးဆီများကို အထက်ပါဈေးနှုန်းများအတိုင်းရောင်းချ ခြင်းမရှိဘဲ ဈေးနှုန်းမြင့်တင်ရောင်းချနေသည်ကို တွေ့ရှိရပါက
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များမှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ
ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး
ဖုန်း ၀၁-၂၅၀၂၇၀၊
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း
ဖုန်း ၀၉၄၂၁၀၀၆၇၉၄
တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။
ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အစီအစဉ် (စက်တင်ဘာလ ၂၆ ရက် )