၂၀၂၂ ဇွန်လ ၂၃ ရက် စက်သုံးဆီဆိုင်(၆၁)ဆိုင် ခွဲတမ်းစာရင်း


၂၀၂၂ ဇွန်လ ၂၃ ရက် စက်သုံးဆီဆိုင်(၆၁)ဆိုင် ခွဲတမ်းစာရင်း

SMS အုပ်စုအလိုက်ခွဲတမ်းစနစ်ဖြင့်လျှောက်ထားလာသော စက်သုံးဆီဆိုင် များ၏ ဝယ်ယူခွင့်ရရှိသော စက်သုံးဆီခွဲတမ်းစာရင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရက်စွဲဖြင့် အသေးစားနှင့်အလတ်စားစက်သုံးဆီဆိုင်ရာလုပ်ငန်းကော်မတီက SME စက်သုံးဆီအရောင်းဆိုင်များအားလုံးသို့ ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။ 

၁။မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) ၏ အသေးစားနှင့်အလတ်စား စက်သုံးဆီဆိုင်လုပ်ငန်းများကော်မတီ အနေဖြင့် ၂၂.၆.၂၀၂၂ နေ့အထိ SME အုပ်စုအလိုက်ခွဲတမ်းစနစ်ဖြင့် တင်ပြလျှောက်ထားလာသော စက်သုံးဆီဆိုင် စုစုပေါင်း ( ၆၁ ) ဆိုင်၏ စက်သုံးဆီ ဝယ်ယူခွင့်စာရင်းများမှာ နောက်ဆက်တွဲပါအတိုင်းဖြစ်ပါသည်။

၂။ ဝယ်ယူခွင့်ရရှိသော စက်သုံးဆီဈေးသတ်မှတ်ချက်မှာ ၂၃.၆.၂၀၂၂ နေ့တွင် ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေး ရေးဦးစီးဌာန PPRD ဖြစ်ပါသည်။ က ထုတ်ပြန်သည့် ရန်ကုန်လက်ကား ရည်ညွှန်းဈေးအတိုင်း ဝယ်ယူရမည်

၃။ ဝယ်ယူခွင့်ရရှိသော စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် သက်ဆိုင်ရာ စက်သုံးဆီရောင်းချသူ ကုမ္ပဏီ များနှင့် ဆက်သွယ်၍ (၂၇.၆.၂၀၂၂) နေ့ နောက်ဆုံးထားပြီး စက်သုံးဆီဝယ်ယူရန် ငွေသွင်းခြင်း ဆောင်ရွက်ရမည် ဖြစ်ပြီး (၃၀.၆.၂၀၂၂) နေ့ နောက်ဆုံးထား၍ စက်သုံးဆီထုတ်ယူရပါမည်။

၄။ SME စက်သုံးဆီဆိုင်များအနေဖြင့် Importer ထံသို့ငွေသွင်းပြီးပါက MPTA Approval တင်စရာမလိုဘဲ Importer ၏ ဆီထုတ်ကိုယ်စားလှယ်များနှင့် ဆက်သွယ်၍ သီလဝါမှ တိုက်ရိုက် ဆီထုတ် ယူနိုင်ပါသည်

၅။ စက်သုံးဆီ ထုတ်ယူရာတွင် ရောင်းချပေးသောကုမ္ပဏီများထံသို့ PPRD မှ ထုတ်ပေးထားသော စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်များတင်ပြရမည် ဖြစ်ပါသည်

၆။ SME ခွဲတမ်းဖြင့် ဝယ်ယူရရှိ သည့်စက်သုံးဆီများအား ဝယ်ယူခွင့်ပြုသည့်စက်သုံးဆီဆိုင်တွင်သာ နေ့စဉ်ထုတ်ပြန်သော PPRD ရည်ညွှန်းလက်လီဈေးနှုန်းဖြင့်ရောင်းချရမည် ဖြစ်ပါသည်။ ၇။ စက်သုံးဆီဝယ်ယူခွင့် ရရှိသော စက်သုံးဆီဆိုင်များအနေဖြင့် ဆီထုတ်ယူရန်အတွက် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

အသေးစားနှင့်အလတ်စားစက်သုံးဆီဆိုင်ရာလုပ်ငန်းကော်မတီ

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း 

MYANMAR PETROLEUM TRADE ASSOCIATION 

အမှတ်၂၉၊ မင်းရဲကျော်စွာလမ်းလမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း - ၀၉ - ၄၂၁၀၀၆၇၉၄ ဖတ်စ် ၀၁-၂၃၀၀၀၉၄ ၀၁-၂၁၈၃၉၀

e-mail: [email protected]

 

#MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U/276

https://t.me/Guid4U

 

MAG
 

Read 1920 times