မုန်တိုင်း မကျရောက်ခင် စက်သုံးဆီအရောင်းဆိုင်တွင် အပြည့်အဝ ဖြည့်တင်းရန် အသိပေးအကြောင်းကြား


မုန်တိုင်း မကျရောက်ခင် စက်သုံးဆီအရောင်းဆိုင်တွင် အပြည့်အဝ ဖြည့်တင်းရန် အသိပေးအကြောင်းကြား

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးမှ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ အားလုံးသို့ မုန်တိုင်း မကျရောက်ခင် စက်သုံးဆီအရောင်းဆိုင်တွင် အပြည့်အဝ ဖြည့်တင်းရန် အသိပေးအကြောင်းကြားထားသည်ကို ဖော်ပြအပ်ပါသည်။ 


ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ(အားလုံး)

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ် အဖြစ်ကူးပြောင်းကာ ၈-၅-၂၀၂၃ ရက်နေ့မှ ၁၃-၅-၂၀၂၃ ရက်နေ့အတွင်း အားကောင်းသော မုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်းသို့ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းရသဖြင့် အဆိုပါကာလတွင် နေပြည်တော်၌ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ပါက စက်သုံးဆီနှင့်ပတ်သက်၍ အခက်အခဲမရှိစေရေး၊ ပြတ်လပ်မှုမရှိစေရေးနှင့် ဖူလုံမှုရှိစေရေးတို့အတွက် စက်သုံးဆီအရောင်းဆိုင်များသို့ ပုံမှန် PO နှင့် Real Time PO များမှ ခွဲဝေချထားပေးသော စက်သုံးဆီများအား ခန့်မှန်းထားသည့် သဘာဝဘေးအန္တရာယ် မကျရောက်မီ မိမိတို့အရောင်းဆိုင်များသို့ အပြည့်အဝ ထုတ်ယူသယ်ဆောင် ဖြည့်တင်းထားရှိပါရန်နှင့် စက်သုံးဆီများထုတ်ယူရာတွင် အခက်အခဲရှိပါက ကူညီဆောင်ရွက်ပေးနိုင်ရန် ဤရုံးသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့ ဆောင်ရွက်သွားကြရန် အသိပေးအကြောင်းကြားအပ်ပါသည်။

တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 339 times