စက်သုံးဆီအရောင်းဆိုင်များ မိတ်ဖက်ပြုရေးနှင့် စပ်လျဉ်း၍ အသိပေးကြေညာ


စက်သုံးဆီအရောင်းဆိုင်များ မိတ်ဖက်ပြုရေးနှင့် စပ်လျဉ်း၍ အသိပေးကြေညာ

စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် Importer Company များနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းပြီး လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း Myanmar Petroleum Trade Association (MPTA) မှ အသိပေးညွှန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။

၁။ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) အနေဖြင့် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် နိုင်ငံအတွင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်းစက်သုံးဆီ ဖူလုံမှုရှိစေရေးစက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။ ထိုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရောင်းဆိုင်များအနေဖြင့် မိမိတို့အစီအစဉ်ဖြင့် ဝယ်ယူ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းဖြင့် Supply Chain ကွင်းဆက်အတွင်း စနစ်တကျမရှိဘဲ သတင်းစာရင်းများလည်း မှန်ကန်စွာရရှိနိုင်မှု အားနည်းလျက်ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် မြန်ဆန်ချောမွေ့စေရေး၊ သတင်းစာရင်း များမှန်ကန်မြန်ဆန်စွာရရှိစေရေးအတွက် Importer များ၏ အရောင်းဆိုင်များနှင့် ယင်းတို့၏ မိတ်ဖက်အရောင်းဆိုင် များကဲ့သို့ ကျန်အရောင်းဆိုင်များသည်လည်း အောက်ပါအတိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်

(က) အရောင်းဆိုင်များအနေဖြင့် မိမိတို့နှင့် မိတ်ဖက်အဖြစ် လက်တွဲဆောင်ရွက်လိုသည့် Importerကို ရွေးချယ်၍ ယင်း Importer ဖြင့် လက်တွဲဆောင်ရွက်ခြင်း 

(ခ) Importer များမှ လက်ခံရယူပြီး ၎င်းအရောင်းဆိုင်များကို မိမိတို့၏ ယခင်မိတ်ဖက် အရောင်းဆိုင်များ ကဲ့သို့ လက်တွဲဆောင်ရွက်ခြင်း

၄။ အရောင်းဆိုင်အားလုံးအနေဖြင့် မိတ်ဖက်အဖြစ်လက်တွဲဆောင်ရွက်လိုသည့် Importer အားအတည်ပြု ရွေးချယ်၍ ယင်း Importer ဖြင့်သာ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိ တင်ပြစာကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများImporter Company များမှတစ်ဆင့် ၂၈-၆-၂၀၂၂ ရက်နေ့နောက်ဆုံးထားပြီး E-Mail Or Viber Or Google spreadsheet Or စာတိုက်မှ တစ်ဆင့်သော်လည်းကောင်း MPTA သို့ မပျက်မကွက် ဆောလျင်စွာပေးပို့ပေး ပါရန် အကြောင်းကြား အပ်ပါသည်

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း

Myanmar Petroleum Trade Association  (MPTA)

အမှတ်၂၉၊ မင်းရဲကျော်စွာလမ်း၊လမ်းမတော်မြို့နယ် ရန်ကုန်မြို့

ဖုန်း-၀၉၄၂၁၀၀၆၇၉၄၊ 

ဖက်စ် ၀၁-၂၃၀၀၉၄၂၁၈၃၉၀

e-mail : [email protected]

#MyanmarAutomobileGuide

 Telegram Channel

https://t.me/Guid4U/fillingStation

https://t.me/Guid4U

Read 3325 times