စက်သုံးဆီအရောင်းဆိုင်များနှင့်ပတ်သက်၍ အသိပေးကြေညာချက်ထုတ်ပြန်


စက်သုံးဆီအရောင်းဆိုင်များနှင့်ပတ်သက်၍ အသိပေးကြေညာချက်ထုတ်ပြန်

စက်သုံးဆီအရောင်းဆိုင်များနှင့်ပတ်သက်၍ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ အသိပေးကြေညာချက်ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


 

၁။ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီအနေဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှတစ်ဆင့် ပြည်သူများစက်သုံးဆီဈေးနှုန်း မှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်မှု မရှိစေရေး တင်သွင်းဖြန့်ဖြူးခြင်းများ ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိပါသည်။

 

၂။ သို့ရာတွင် အချို့သောစက်သုံးဆီအရောင်းဆိုင်များသည် ရည်ရွယ်ချက်ရှိစွာ ပြည်သူများ စိုးရိမ်ကြောင့်ကြမှုဖြစ်ပေါ်စေရန်နှင့် စက်သုံးဆီဈေးနှုန်းပြောင်းလဲမှု ရှိလာနိုင်မည်ဟု ယူဆပြီး မိမိအကျိုးစီးပွားကို မျှော်လင့်၍ စက်သုံးဆီပြတ်လပ်သည်(သို့မဟုတ်) စက်သုံးဆီလက်ကျန်နည်းပါးသည် ဟု ပြောဆိုကာ ရောင်းချမှု ရပ်တန့်ခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

၃။ ကော်မတီအနေဖြင့် စက်သုံးဆီများကို ၂၀၂၂ ခုနှစ် ဩဂုတ်လ၊ လကုန်ပိုင်းအထိ ပြည့်စုံလုံလောက်စွာ တင်သွင်းဖြန့်ဖြူးထားပြီး ဖြစ်ပါသည်။ ဆက်လက်၍ ပြည်သူများ စိုးရိမ်ကြောင့်ကြ မှုကင်းစွာ သုံးစွဲနိုင်ရန် စက်သုံးဆီများ စဉ်ဆက်မပြတ် ဖြည့်တင်းရေးကိုလည်း မြန်မာနိုင်ငံစက်သုံး ဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ညှိနှိုင်းပေါင်းစပ်၍ စနစ်တကျစီမံဆောင်ရွက်လျက်ရှိပါသည်။

 

၄။ သို့ဖြစ်ပါ၍ စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုများ ရပ်တန့်ထားခြင်း၊ အကန့်အသတ် ဖြင့် ရောင်းချခြင်းများကို တွေ့ရှိပါက သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ဖော်ပြပါ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

၀၆၇- ၄၁၁၁၂၉ / ၀၉ - ၄၄၀ ၄၃၃ ၅၃၃ ၀၆၇-၄၀၉၈၈၁ / ၀၉- ၆၉၉ ၆၁၁ ၁၁၆ 

 

နေပြည်တော်
၀၉- ၅၂၄၀၃၆၃/ ၀၆၇- ၃၂၂၀၃၆ 

မန္တလေးတိုင်းဒေသကြီး
၀၉- ၅၁၄၃၂၄၄ / ၀၂- ၄၀၃၉၂၀၉ 

မကွေးတိုင်းဒေသကြီး
၀၉- ၅၃၄ဝ၅၄၈/ ၀၆၃-၂၀၂၆၈၆ဝ

 

ရန်ကုန်တိုင်းဒေသကြီး
၀၉- ၅၁၅၀၁၃၀/ ၀၁- ၈၂၉၂၁၂၄ 

ပဲခူးတိုင်းဒေသကြီး
၀၉- ၅၁၄၈၅၀၅/ ၀၅၂- ၂၂၂၁၉၈၉ 

ဧရာဝတီတိုင်းဒေသကြီး 
၀၉- ၉၇၆၄၈၂၅၆၃/ ၀၄၂- ၂၁၂၃၉

 

စစ်ကိုင်းတိုင်းဒေသကြီး
၀၉- ၂၅၂၀၀၄၄၄၇/ ၀၇၁- ၂ဝ၂၁ဝ၈၃

တနင်္သာရီတိုင်းဒေသကြီး
၀၉- ၂၅၄၁၆၇၈၉၂

ကချင်ပြည်နယ်
၀၉- ၅၄၀၈၄၂၇/ ၀၇၄- ၂၅၂၂၇၃၄ 

 

ကရင်ပြည်နယ်
၀၉- ၅၀၅၃၅၈၄/ ၀၅၈- ၂၁၀၄၅ 

ကယားပြည်နယ်
၀၉- ၅၁၂၉၁၈၉/ ၀၈၃- ၂၂၂၁ဝ၇၃ 

ချင်းပြည်နယ်
၀၉- ၂၄၅ ၀၀ ၄၃/ ၀၇၀- ၂ဝ၂၁၁၂၃ 

 

ရခိုင်ပြည်နယ်
၀၉- ၄၂၁၇ ၃၅၆ ၄၄/ ၀၄၃- ၂၃၂၂၀ 

မွန်ပြည်နယ်
၀၉- ၂၅၅ ၇၂၄ ၃၉၅/ ၀၅၇- ၂ဝ၂၄၄၁၆ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)
၀၉- ၂၀၀၂၂၄၄/ ၀၈၂- ၂၂၀၃၀၁၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) 
၀၉- ၉၅၃၃၄၄၉၂၁/ ၀၈၁- ၂၀၂၁၃၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)
၀၉- ၂၀၂၈ ၂၂၈/ ၀၈၁- ၂၃၄၅ဝ၂၁ 

သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

 

Myanmar Automobile Guide

Telegram Channel https://t.me/Guid4U

Read 1700 times