ဆီတိုင်ကီအပေါက် ညွှန်ပြတဲ့ သင်္ကေတရဲ့ နောက်ခံဖြစ်ရပ်


ဆီတိုင်ကီအပေါက် ညွှန်ပြတဲ့ သင်္ကေတရဲ့ နောက်ခံဖြစ်ရပ်

ဆီတိုင်ကီအပေါက် ညွှန်ပြတဲ့ သင်္ကေတက  သေးငယ်သော သင်္ကေတတစ်ခုမျှသာဖြစ်ပါတယ်။ ကားရဲ့ ယာခြမ်းမှာ ဆီတိုင်ကီအပေါက် ရှိတာလား၊ ဝဲခြမ်းမှာ တိုင်ကီအပေါက် ရှိတာလားဆိုတာ ပြောပြပေးပါတယ်။

 

အဲဒီသင်္ကေတကလေး ဒိုင်ခွက်ထဲ ရောက်လာရတဲ့ နောက်ခံဇာတ်လမ်းကို Ford ရဲ့ စီအီးအို Jim Farley က ပြောပြခဲ့ဖူးပါတယ်။ သူက Twitter လူမှုကွန်ရက်မှာ စာရွက်စာတမ်းပုံတစ်ခုဖြင့် တင်ပြခဲ့ပါတယ်။
စာရဲ့ ရက်စွဲက ၁၉၈၆ ဧပြီလ ၁၇ ရက် ဖြစ်ပါတယ်။ James N. Moylan က တင်ပြထားတဲ့စာ ဖြစ်ပါတယ်။

Moylan က Ford ရဲ့ ပလတ်စတစ်၊ မှုတ်ဆေးနှင့် ဗီနိုင်းဌာနခွဲမှ အင်ဂျင်နီယာ ဖြစ်ပါတယ်။
သူက ဆီတိုင်ကီအပေါက် ညွှန်ပြတဲ့ သင်္ကေတ စိတ်ကူးကို တင်ပြခဲ့ပါတယ်။ ယခုအခါမှာ အရိုးရှင်းဆုံး ဒီဇိုင်းကို သုံးစွဲကြပြီး တြ ိဂံသေးသေးလေးဖြင့် ထိုးညွှန်ပြပါတယ်။ 


Moylan တင်ပြခဲ့တဲ့ ဒီဇိုင်းမှာ ကားပုံကောက်ကြောင်း ရေးဆွဲထားပြီး တိုင်ကီအဖုံး ပွင့်ကျနေပုံကို ဆီပန့်ပုံ ဘေးမှာ ကပ်လျက် နေရာချပေးထားပါတယ်။ 

အဲဒီသင်္ကေတကိုကြည့်ပြီး ဆီတိုင်ကီအပေါက်က ကားရဲ ဝဲခြမ်းမှာလား၊ ယာခြမ်းမှာလားဆိုတာ ယာဉ်မောင်းက သိနိုင်စေပါတယ်။

ကားစင်းလုံးငှား ဝန်ဆောင်မှု လုပ်ငန်းထံမှ နာရီပိုင်း ငှားပြီး မောင်းရတဲ့အခါ၊ ကုမ္ပဏီမှ စီစဉ်ပေးတဲ့ကားကို မောင်းရတဲ့အခါ စက်သုံးဆီဆိုင် ဆီဝင်ဖြည့်တဲ့အခါ ဆီတိုင်ကီအပေါက် ရှိတဲ့ဘက်ကို ဆီပန့် ရှိတဲ့ဘက်ထားပြီး နေရာဝင်ယူနိုင်ဖို့ ရည်ရွယ်ပါတယ်။ မောင်းနေကျကား မဟုတ်တဲ့အတွက် ဆီတိုင်ကီအပေါက် ရှိတဲ့ဘက်ကို မသိတဲ့အခါ သင်္ကေတကို ကြည့်ပြီး ဆီတိုင်ကီအပေါက် ရှိတဲ့ဘက်ကို ချက်ချင်းသိနိုင်စေပါတယ်။

အခုလို သင်္ကေတကို ဒိုင်ခွက်မှာ ဖော်ပြပေးရတာအတွက် ကုန်ကျစရိတ်မှာ မပြောပလောက်ကြောင်း၊ ကားမောင်းသူ စက်သုံးဆီဆိုင်ရောက်တိုင်း အသုံးတည့်မှာ ဖြစ်ကြောင်းသူက ရေးသားတင်ပြထားပါတယ်။
 
Moylan က အကျိုးသင့်အကြောင်းသင့် တင်ပြတာကို ကုမ္ပဏီက သဘောတူပါတယ်။ ၁၉၈၉ Ford Escort မှာ ၎င်းသင်္ကေတကို စတင်ဖော်ပြပေးခဲ့ပါတယ်။ 

#MyanmarAutomobileGuide 
Telegram Channel
https://t.me/Guid4U

 

 

MAG

Read 8183 times