အာမခံကာလကို ၁၅ နှစ်ထိမြှင့်တင်ပေးလိုက်သည့် Ferrari


Ferrari သည်ကုမ္ပဏီ၏ထုတ်ကုန်စူပါကားများအတွက်အာမခံကာလကို ၁၅ နှစ်အထိတိုးမြှင့်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

ယင်းဝန်ဆောင်မှုသည်လက်ရှိ Ferrari ပိုင်ဆိုင်ထားသူများ၊ အနာဂတ်ကာလတွင်ကားသစ်ဝယ်ယူမည့်သူများ အတွက်ပါအကျုံးဝင်မည်ဖြစ်ကြောင်းအီတလီကားကုမ္ပဏီမှပြောကြားသည်။

၁၅ နှစ်အာမခံသက်တမ်းအတွင်းတွင်ကား၏အဓိကစက်အစိတ်အပိုင်းအားလုံးကိုပြင်ဆင်ပေးရန်ထည့်သွင်းစီစဉ် ထားကြောင်းသိရသည်။

အာမခံသက်တမ်းကို Ferrari က ၆ နှစ်မှ ၁၂ နှစ်ထိတိုးမြှင့်ခဲ့ဖူးပြီး ယခု ၁၅ နှစ်အထိအချိန်တိုးပေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

ယခုကဲ့သို့အာမခံသက်တမ်း ၁၅ နှစ်သတ်မှတ်ခြင်းကကုမ္ပဏီအပေါ်ဖောက်သည်များ၏ယုံကြည်မှု၊ သစ္စာရှိမှုများကိုတိုးပွားလာစေမည်ဖြစ်ကြောင်း Ferrari ကပြောကြားသည်။

Ferrari သည် New Power 15 ဟုနာမည်ပေးထားသည့်အာမခံအစီအစဉ်သစ်ကိုကြေညာခဲ့ရာတွင်ကား၏အင်ဂျင်ပိုင်း၊ ဂီယာပိုင်း၊ Suspension၊ စတီယာရင်နှင့်အခြားအရေးပါသည့်ယူနစ်များအတွက်ပါခြုံငုံစဉ်းစားထားကြောင်းတွေ့ရသည်။

ထို့ပြင် New Power 15 သည်ပြောင်းလွယ်ပြင်လွယ်ရွေးချယ်ခွင့်များဖန်တီးပေးထားပြီး ကားပိုင်ရှင်တိုင်းစိတ်ကျေနပ်စေမည့် ဝန်ဆောင်မှုများပါဝင်မည်ဖြစ်ကြောင်းလည်း Ferrari ကပြောသည်။

ယခုအစီအစဉ်ကြောင့်ကား၏လုံခြုံရေးနှင့်စွမ်းဆောင်ရည်ပိုင်းကိုမြှင့်တင်ချင်သော်လည်းပြုပြင်ထိန်းသိမ်းစရိတ် မြင့်မားနိုင်သည်ကိုတွေးပူရသည့်အခြေအနေမျိုးရှိတော့မည်မဟုတ်ကြောင်းလည်းကုမ္ပဏီကကြေညာ သွားပါသည်။

Read 1015 times