Ferrari ရဲ့ကမ္ဘာ့အပါးဆုံးလက်ပတ်နာရီ RM UP-01


Ferrari ရဲ့ကမ္ဘာ့အပါးဆုံးလက်ပတ်နာရီ RM UP-01

ကန်ဒေါ်လာ သန်းတန်လက်ပတ်နာရီ ပြုလုပ်သူ Richard Mille (RM) နှင့် အီတလီအိမ်စီးပြိုင်ကား ထုတ်လုပ်ရေးလုပ်ငန်း Ferrari တို့ ယမန်နှစ်ကစ၍ လက်တွဲပြီး ထုတ်လုပ်ခဲ့သော ကမ္ဘာ့အပါးဆုံး လက်ပတ်နာရီ RM UP-01 ကို ဇူလိုင်လ ၅ ရက်တွင် မိတ်ဆက်ပြသခဲ့ကြသည်။

 RM UP-01 လက်ပတ်နာရီသည် အထူ 1.75mm မျှသာရှိသည်။ ယခင်အပါးဆုံးလက်ပတ်နာရီ စံချိန်ဟောင်း Bvlgari Octo Finissimo Ultra ထက် 0.05mm ပိုပါးသည်။

Richard Mille (RM) မှ နည်းပညာနှင့်ဒီဇိုင်းအဖွဲ့က  ပုံမှန်အားဖြင့် နမူနာ ၁၀ မျိုးထက် မပိုသော် ယခုနာရီအတွက်  နမူနာအမျိုး ၅၀ ကျော် ထုတ်လုပ်ခဲ့သည်။ ဘလိတ်ဓားကဲ့သို့ ပါးနေသော ဒီဇိုင်းနမူနာကို ရွေးချယ်ခဲ့ကြသည်။ နေ့စဉ်သုံး ခံနိုင်ရည်ရှိသည့် လက်ပတ်နာရီမျိုး ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အစိတ်အပိုင်း ၂၁၀ ခု ပါဝင်သည်။ အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းများအတွက် နာရီ ၆,၀၀၀ ကျော် ကြာမြင့်ခဲ့သည်။

လက်ဖြင့် သံပတ်လှည့်ပြီး သုံးရသော လက်ပတ်နာရီ အမျိုးအစားဖြစ်သည်။ အထူ 1.18mm ရှိသောသံပတ်ကို Audemars Piguet Le Locle က ထုတ်လုပ်ပေးသည်။ သံပတ် တစ်ကြိမ်တင်းပြီးလျှင် နာရီက ၄၅ နာရီ အလုပ်လုပ်သည်။

 

 

ပါးလွန်းသဖြင့် နာရီလက်တံ၊ မိနစ်လက်တံ၊ စက္ကန့်လက်တံတို့ကို တစ်ခုအပေါ် တစ်ခု ထပ်ဖို့မဖြစ်နိုင်သဖြင့် ဒိုင်ခွက်ငယ် တစ်ခုစီဖြင့် နေရာချပေးထားသည်။ သံပတ်တင်းရန် အတွက်လည်း ဒိုင်ခွက်ငယ်တစ်ခု ပါသည်။ ယင်းဒိုင်ခွက်ငယ်များကို အနားကွေးထားသည့် ထောင်မှန်စတုဂံပုံ မျက်နှာပြင်(59mm x 31mm) တွင်နေရာချပေးထားသည်။

 

 

 ပါးလွန်းသော်လည်း ခံနိုင်ရည်ရှိရန် နာရီအိမ်ကို Grade 5 တိုင်တေနီယံသတ္တုသား သုံးထားသည်။

 အလေးချိန် 2.87g ရှိပြီး ရေအနက် ၁၀ မီတာအထိ ရေလုံသည်။

 RM UP-01 ကို ခုရေ ၁၅၀ သာ ထုတ်လုပ်မည်ဖြစ်ပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁.၇၄ သန်းဝန်းကျင် ဖြစ်သည်။

 RM လက်ပတ်နာရီများတွင် ဈေးအကြီးဆုံးမှာ အမေရိကန် ရက်ပ်အဆိုတော် Jay-Z ပတ်သည့် နီလာ RM လက်ပတ်နာရီမျိုး၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်သည်။

 #MyanmarAutomobileGuide 


 Telegram Channel

https://t.me/Guid4U

 

MAG

Read 745 times