Ferrari ပြိုင်ကား ဒေါ်လာ ၁၅ သန်းနီးပါးဖြင့် လေလံအောင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Formula One (F-1) ပြိုင်ကား ကားပြိုင်ပွဲမှာ အောင်ပွဲခံခဲ့တဲ့ Ferrari ပြိုင်ကားတစ်စီးကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ လေလံပစ်ခဲ့ရာ အမေရိကန်ဒေါ်လာ ၁၅ သန်းနီးပါးဖြင့် လေလံအောင်ပါတယ်။
နာမည်ကြီး ဂျာမန်လူမျိုး ပြိုင်ကားမောင်းသူ မိုက်ကယ် ရှီမာခါ Michael Schumacher မောင်းနှင်ခဲ့တဲ့ ပြိုင်ကားဖြစ်ပြီး 2003 World Championship မှာ အနိုင်ရခဲ့တဲ့ပြိုင်ကား ဖြစ်ပါတယ်။
ဂျနီဗာမြို့မှ Sotheby's လေလံလုပ်ငန်းမှာ အဆိုပါပြိုင်ကား မော်ဒယ် F2003-GA ချာစီနံပါတ် 229 ကို လေလံတင်ခဲ့ပြီး ဆွစ်ဖရန့် ၁၃ သန်း ($13.2 million) ဖြင့် လေလံအောင်ခဲ့ပါတယ်။ စရိတ်စကများ၊ အခွန်များ ပေါင်းထည့်ပြီးချိန်မှာ ဆွစ်ဖရန့် ၁၄.၆ သန်း ($14.9 million) ကျသင့်ပါတယ်။
.
ရှီမာခါ မောင်းခဲ့ဖူးတဲ့ အခြား Ferrari ပြိုင်ကားတစ်စီး F2001 မော်ဒယ်ကို ၂၀၁၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Sotheby's လေလံဌာနမှာ လေလံပစ်ခဲ့ရာ ကန်ဒေါ်လာ ၇.၅ သန်းဖြင့် လေလံအောင်ခဲ့ပါတယ်။
.
လေလံပြိုင်ကြတာ မိနစ် ၄၀ ကျော် ကြာတဲ့အထိ ပွဲမပြတ်သေးချိန်မှာ ဥရောပမှ ဖုန်းဆက်ပြီး လေလံပြိုင်သူတစ်ဦးက ဆွစ်ဖရန့် ၁၃ သန်း ပေးပြီး လေလံအောင်သွားတာ ဖြစ်ပါတယ်။ Sotheby's က ဆွစ်ဖရန့် ၉.၅ သန်းအထိ ရနိုင်မယ်လို့ ခန့်မှန်းထားတာထက် အများကြီး ကျော်လွန်သွားပါတယ်။
.
အဆိုပါ Ferrari ပြိုင်ကားရဲ့ ရာဇဝင်တွင်ခဲ့တာတွေမှာ ရှီမာခါက ၎င်းပြိုင်ကားဖြင့် ၂၀၀၃ ပြိုင်ကား ကားပြိုင်ပွဲ ရာသီမှာ Grands Prix ပြိုင်ကား ကားပြိုင်ပွဲများ ၅ ကြိမ် အနိုင်ရခဲ့ပါတယ်။ ၎င်းပြိုင်ကားဖြင့် သူက ၉ ကြိမ် ပြိုင်ပွဲဝင်ဖူးပါတယ်။
အနိုင်ရကြိမ်ရေ အများဆုံး Ferrari ပြိုင်ကားများထဲမှ တစ်စီး ဖြစ်ပါတယ်။
၎င်းပြိုင်ကားမော်ဒယ် F2003-GA ကို Rory Byrne နှင့် Ross Brawn တို့က ဒီဇိုင်းထုတ်ခဲ့ရာမှာ ရှေ့ဘီးနှင့် နောက်ဘီး ကြားအကွာအဝေး wheelbase ကို ပိုရှည်ပေးပြီး လေခွင်းအား ကောင်းစေပါတယ်။
၂၀၀၃ ပြိုင်ကား ကားပြိုင်ပွဲရာသီရဲ့ ဆဌမမြောက်ပွဲဖြစ်တဲ့ Spanish Grand Prix မှာ စတင်ဝင်ပြိုင်ခဲ့ပါတယ်။
F2003-GA ၆ စီး တည်ဆောက်ခဲ့ရာမှာ ယခုလေလံတင်တဲ့ ချာစီ 229 တစ်စီးတည်းသာ အောင်ပွဲခံခဲ့ပါတယ်။
စပိန်၊ ဩစတီးယား၊ ကနေဒါ၊ အီတလီ၊ အမေရိကန် Grands Prix တွေမှာ ချာစီ 229 Ferrari ပြိုင်ကား အနိုင်ရခဲ့ပါတယ်။ မောင်းနှင်သူက ရှီမာခါ ဖြစ်ပါတယ်။ ရှီမာခါဟာ
Formula One (F-1) ပြိုင်ကား ကားပြိုင်ပွဲမှာ ၆ ကြိမ်တိုင်တိုင် အနိုင်ရဖူးသူ အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U