Ferrari စီအီးအိုအသစ်က ပင်ကိုမောင်းနှင် Ferrari ဘယ်တော့မှ ရှိမှာမဟုတ်ဟု ပြောကြား


Ferrari စီအီးအိုအသစ်က ပင်ကိုမောင်းနှင် Ferrari ဘယ်တော့မှ ရှိမှာမဟုတ်ဟု ပြောကြား

"ကားမောင်းတဲ့အရသာ ရချင်လို့ ကားဝယ်တဲ့သူတွေ ဘယ်သူကမှ  ကားထဲက ကွန်ပျူတာအတွက် ပိုက်ဆံအကုန်ခံမှာ မဟုတ်ဘူး" လို့ Ferrari စီအီးအိုက ပြောကြားပါတယ်။ 

အနာဂတ်အတွက် အစီအစဉ်များကို Ferrari က  ၂၀၂၂ ဇွန်လ ၁၆ ရက်မှာ တင်ပြခဲ့ရာမှာ လျှပ်စစ်မော်တော်ယာဉ် အနာဂတ်ဆီသို့   Ferrari  မောင်းနှင်မယ့် လမ်းကြောင်းကို ချပြခဲ့ပါတယ်။

LaFerrari အိမ်စီးပြိုင်ကား မော်ဒယ်ကို ဆက်ခံမယ် မော်ဒယ်အကြောင်းကို မိတ်ဆက်တယ်။

 Ferrari  ရဲ့  ပထမဆုံး ထုတ်လုပ်တဲ့ SUV ဖြစ်တဲ့ Purosangue SUV က လမ်းကြမ်းမောင်းဖို့ မဟုတ်ကြောင်းကို တင်ပြခဲ့ပါတယ်။ 

စီအီးအို Benedetto Vigna က ပင်ကိုမောင်းနှင် self-driving Ferrari ဘယ်တော့မှ ရှိမှာ မဟုတ်ကြောင်းလည်း အခိုင်အမာ အတည်ပြု ပြောကြားခဲ့ပါတယ်။

Benedetto Vigna က Ferrari မှာ စီအီးအို တာဝန်ထမ်းဆောင်တာ တစ်လမပြည့်သေးတဲ့ စီအီးအို အသစ် ဖြစ်ပါတယ်။ 

သတင်းထောက်တွေက ပင်ကိုမောင်းနှင် ဉာဏ်ရည်တုစွမ်းရည် အဆင့်- ၅ ပါတဲ့ Ferrari ကို ဘယ်တော့လောက် မြင်ကြရမလဲလို့ မေးမြန်းခဲ့တာကို အထက်ဖော်ပြပါအတိုင်း အတည်ပြုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပင်ကိုမောင်းနှင်ဉာဏ်ရည်တုကို Ferrari ကားမော်ဒယ်တွေမှာ ထည့်ပေးဖို့ကိစ္စကို Bloomberg မှာ သတင်း ဖော်ပြခဲ့ပါတယ်။

အီတလီ အ‌ခြေစိုက် Ferrari ကုမ္ပဏီက ဉာဏ်ရည်တု  AI (artificial intelligence)ကျွမ်းကျင်သူတစ်စုကို ဧည့်ခံတွေ့ဆုံခဲ့ပါတယ်။

ဉာဏ်ရည်တုကျွမ်းကျင်သူများက Ferrari ကားမော်ဒယ်တွေမှာ ပင်ကိုမောင်းနှင်စွမ်းရည် ထည့်ပေးဖို့အတွက် သူတို့ကို အလုပ်ကမ်းလှမ်းဖို့ ပြောကြားပါတယ်။ 

စီအီးအို Benedetto Vigna က သူတို့ကို ကုမ္ပဏီရဲ့  ကားစမ်းကွင်း Fiorano ပြိုင်ကွင်းမှာ ကားအစမ်း လိုက်စီးခိုင်းပါတယ်။

Ferrari မှ ကားစမ်းသပ်ရင် မောင်းနှင်တဲ့ ယာဉ်မောင်းက ကားမောင်းပေးပါတယ်။

သူတို့ ကားစမ်းကွင်းထဲ ကားစီးလို့ ပြီးတဲ့အခါ သူတို့ ပေးအပ်မယ့် ဉာဏ်ရည်တုက Ferrari အိမ်စီးပြိုင်ကားအတွက် ဘာမှ အသုံးမကျဘူးဆိုတာ ဝန်ခံကြကြောင်း စီအီးအို Vigna က သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

ကုမ္ပဏီက ဉာဏ်ရည်တုဖြင့် ယာဉ်မောင်းထောက်ကူစနစ် ဖွံ့ဖြိုးရေးကို ဆက်လက်လုပ်ဆောင်နေကြောင်း စီအီးအိုက ပြောကြားပါတယ်။ ဒါပေမဲ့ လူက ဝင်မပါဘဲ ကားက ပင်ကိုစွမ်းရည်ဖြင့် မောင်းနှင်ပေးတဲ့  level-5 ပင်ကိုမောင်းနှင် စနစ်ကိုတော့ ဘယ်တော့မှ မလုပ်ဘူးလို့ ပြောကြားပါတယ်။ 

"ကားမောင်းတဲ့အရသာ ရချင်လို့ ကားဝယ်တဲ့သူတွေ ဘယ်သူကမှ  ကားထဲက ကွန်ပျူတာအတွက် ပိုက်ဆံအကုန်ခံမှာ မဟုတ်ဘူး" လို့ Ferrari စီအီးအိုက ပြောကြားပါတယ်။ 

"လူကို တန်ဖိုးထားခြင်း၊ လူက အချက်အချာ ဆိုတာကသာလျှင်  အခြေခံ ဖြစ်ပါတယ်" လို့ သူက ပြောကြားပါတယ်။

 #MyanmarAutomobileGuide

Read 1517 times