Ferrari ရဲ့ လျှပ်စစ်အိမ်စီးပြိုင်ကား ခရီးစဉ်
Ferrari က ၎င်းရဲ့ ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၅ မှာ ထုတ်လုပ်ဖို့ အစီအစဉ်ရေးဆွဲထားပါတယ်။ လေထုထဲ ကာဘွန်ထုတ်လွှတ်မှု ထပ်မတိုးတဲ့ အဆင့်သို့ ၂၀၃၀ မှာ ရောက်ရှိဖို့ ရည်မှန်းထားပါတယ်။
ဘက်ထရီပါဝါသုံး လျှပ်စစ်စူပါကားဟာ Ferrari အနာဂတ် အီးဗီဖြစ်လိမ့်မယ်လို့ စီအီးအို Benedetto Vigna က ပြောကြားပါတယ်။
အီတလီမှ စည်းစိမ်အိမ်စီးပြိုင်ကား ထုတ်လုပ်ရေး လုပ်ငန်း Ferrari က ၂၀၂၆ မှာ အရောင်းဝင်ငွေ စုစုပေါင်းရဲ့ ၆၀% ဟာ ဟိုက်ဘရစ်နှင့် အပြည့်အဝ လျှပ်စစ်ကား မော်ဒယ်များထံမှ ရရှိတာ ဖြစ်ရမယ်လို့ အစီအစဉ် ရေးဆွဲထားပါတယ်။
၂၀၃၀မှာ ၈၀% အထိရောက်အောင် မြှင့်တင်မှာ ဖြစ်ပါတယ်။
Ferrari SF90 Stradale
Ferrari မှာ ဟိုက်ဘရစ်မော်ဒယ်များ ရှိနှင့်ထားပြီးသား ဖြစ်ပါတယ်။
Ferrari LaFerrari.
Ferrari LaFerrari Aperta.
Ferrari SF90 Stradale.
Ferrari SF90 Spider.
Ferrari 296 GTB
အပြည့်အဝ လျှပ်စစ်ကားများ ထုတ်လုပ်ဖို့မှာတော့ Ferrari က ၂၀၃၀ မှာ အပြည့်အဝ လျှပ်စစ်ကားများ ထုတ်လုပ်ကြမယ့် Bugatti, Bentley, Lamborghini, Rolls-Royce, Aston Martin, McLaren တို့ထက် နောက်ကျပြီးမှ အီးဗီလမ်းကြောင်းပေါ် တက်မောင်းမယ့်သဘော ရှိပါတယ်။
အီးဗီတွေ ထုတ်လုပ်တဲ့အခါမှာလည်း လက်ရှိ အင်ဂျင်ပါဝါ အိမ်စီးပြိုင်ကားတွေ နည်းတူ "အထူးတလည်သီးသန့် ဖြစ်ခြင်း" ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းပေးထားမယ်လို့ သက်တမ်း ၇၅ နှစ် ရှိပြီဖြစ်တဲ့ Ferrari က ဆိုပါတယ်။
“ Ferrari မှာ ကျွန်တော်တို့က ဈေးကွက်ဝယ်လိုအားထက် အမြဲတစ်စီးလျှော့ထုတ်ပါတယ်။ အဲဒီအချက် ဘယ်တော့မှ မပြောင်းလဲ့ဘူးဆိုတာ စိတ်ချထားကြပါ" လို့ Ferrari ရဲ့ စီအီးအို Benedetto Vigna က ပြောကြားပါတယ်။
Ferrari အနေဖြင့် အပြည့်အဝ လျှပ်စစ်ကား ထုတ်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံမှ ၂ ဘီလျံအထိ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
Ferrari ရဲ့ ပထမဆုံး SUV ဖြစ်ပြီး ဓာတ်ဆီအင်ဂျင် V12 ပါဝါ သုံးထားတဲ့ Purosangue ကို လာမယ့် စက်တင်ဘာလမှာ မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။ ကားအရောင်းကိုယ်စားလှယ်များထံ နောက်နှစ် နှစ်ဆန်းပိုင်းမှာ ပေးပိုဖို့ လျာထားပြီး အနိမ့်ဆုံးဈေး $300,000 လို့ လျာထားပါတယ်။
#MyanmarAutomobileGuide
Telegram Channel
https://t.me/Guid4U
Source: techcrunch