အမျိုးသမီးများ ကားမောင်းမည်ဆိုပါက သတိထားသည့်အချက်များ


ယာဉ်မောင်းသူတိုင်း ဂရုတစိုက် မောင်းနှင်ကြရန် လိုအပ်သော်လည်း အမျိုးသမီးယာဉ်မောင်းများမှာ  ပြန်ပေးဆွဲခြင်း၊ ခြိမ်းခြောက်လုယက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းမျိုးများအတွက် နိုးနိုးကြားကြားနဲ့ အမြဲသတိရှိနေရန် အရေးကြီးပါသည်။

တစ်ကိုယ်တည်းကားမောင်းသွားသည့်အခါ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် အကြံပြု ချက်တချို့ကို ဖော်ပြပေးလိုက်ပါသည်။

အကျွမ်းတဝင်မရှိသော မရင်းနှီးသော အရပ်ဒေသကို ညဘက်သွားခြင်း မျိုးရှောင်ရပါမည်။

လမ်းပျောက်ခြင်းကမှ အခွင့်အရေးသမားများအတွက် သားကောင်ဖြစ်သွားနိုင်သောကြောင့် ဖြစ်ပါသည်။

မိုဘိုင်းဖုန်းများကို အမြဲတမ်း အားပြည့်အောင် ဖြည့်ထားခြင်းဖြစ်စေ (သို့မဟုတ်) ကားထဲတွင် ဖုန်းအားသွင်းကြိုးဆောင်ထားခြင်းဖြစ်စေ ပြုလုပ်ထားသင့်ပြီး ခရီးဝေးသွားခဲ့မယ်ဆိုပါက  တစ်စုံတစ်ယောက်ကို အဖော်ခေါ်သင့်ပါသည်။

အနောက်နိုင်ငံများမှာဆိုလျှင် ယောကျ်ားပုံစံလေထိုးရုပ်ကြီးကို ကားရှေ့ခန်းမှာ ဆောင်ထားလေ့ရှိပါသည်။

အရေးပေါ် ကိရိယာတန်ဆာပလာများ၊ အဆာပြေစားစရာနှင့် ရေကို ကားထဲတွင် အမြဲအသင့်ရှိနေသင့်ပါသည်။

ကားပျက်၍ အကူအညီတောင်းထားပါ တစ်စုံတစ်ယောက်က အကူအညီပေးရန်လာလျှင်လည်း မှန်ကို စကားပြောနိုင်ရုံလောက်သာ ချပြီးပြောသင့်ပါသည်။

မိမိကားပေါ်ကို အန္တရာယ်ခေါ် တင်လာခြင်းမျိုး လုပ်မိနိုင်သည့်အတွက်ကြောင့် မသိသောသူများကို ကားကြံုခေါ်ခြင်းမျိုး လုံးဝမလုပ်သင့်ပါ။

အရေးပေါ်ကြံုလာသည့်အခါ တစ်ယောက်တည်းဖြေရှင်းနိုင်ရန်အတွက် ကားချို့ယွင်းမှု ဖြစ်တတ်သည့် အကြောင်းရင်းလေးတွေကို တတ်နိုင်သလောက် လေ့လာထားရပါမည်။

အမျိုးသမီးယာဉ်မောင်းဖြစ်နေသည့်အတွက် တစ်စုံတစ်ယောက်သော ယာဉ်မောင်း၏ စိတ်ဝင်စားခြင်း ခံရတတ်လေ့ရှိပြီး မိမိကား ဘေးကနေ လှည့်ကြည့်မိအောင် လုပ်ခြင်းမျိုး ကြံုလာပါက အလေး မထားဘဲ လမ်းကြောင်းပြောင်း မောင်းရင်းနဲ့ ရှောင်ရပါမည်။

သီချင်း နားထောင်သည့်အခါမှာလည်း ဘေးပတ်ဝန်းကျင်က အသံဗလံတွေကို သတိထားမိနိုင်ရန်အတွက် အကျယ်ကြီးဖွင့်ခြင်းမျိုးမလုပ်ဘဲ ကြားနိုင်ရုံလောက်သာ ဖွင့်ပြီး ယာဉ်ကြောကျပ်နေစဉ် ဘေးပတ်ဝန်းကျင်ကို အာရုံမရှိဘဲ ဖေ့စ်ဘွတ်ခ်၊

တွစ်တာသုံးပြီး သတိလက်လွတ်နေမိလျှင်လည်း အန္တရာယ်က ကားတံခါးဖွင့်ပြီး ဝင်လာနိုင်သောကြောင့် ကားကိုမောင်းနှင်ပါက ဖုန်းများကို ပိတ်ထားပြီး မောင်းနှင်ပါက အန္တရာယ်ကင်းနိုင်ကြောင်းသိရပါသည်။

ယာဉ်မောင်းထိုင်ခုံကိုရောက်ပြီ ဆိုသည်နှင့် ကားတံခါးများအကုန်လုံးကို တစ်ခါတည်း ပိတ်ပစ်လိုက်ရန် ညအမြဲသတိရှိပါမည်။

ကားပြတင်းကို အမြဲလိုလို ဖွင့်မောင်းခြင်းမျိုးလည်း ရှောင်သင့်သည့်အပြင် ဈေးသည်ပုံစံ၊ တောင်းရမ်းစားသူ ပုံစံကဲ့သို့ ကားနားကပ်လာနိုင်သည့် အန္တရာယ်များကို မပေါ့ဆသင့်ကြောင်း သိရပါသည်။

ရှော့ပင်းမောလ်များ၊ ရုံးများ၏ ကားပါကင် နေရာများက အမြဲတမ်း အန္တရာယ်ကင်းသည်ဟု မဆိုနိုင်သောကြောင့် ကားသော့ကို မိမိနှင့် တစ်ပါတည်း ယူလာ၊ မလာကို သေချာစစ်ဆေးရန် လိုအပ်ပါသည်။

ချွန်ထက်သောအရာသောစူးချွန်ကဲ့သို့အရာများကို ကားဘီးနားတွင် ထားပြီး ဒုက္ခပေးနိုင်ခြင်းမျိုးများရှိသည့်အ တွက် ထိုအန္တရာယ်မျိုးအတွက်လည်း သတိရှိရပါမည်။

အမျိုးသမီးယာဉ်မောင်းအများစုသည် ဆံပင်ရှည်ရှည်အသာချ၍ အိုက်တင်အပြည့်နှင့် ကားမောင်းလေ့ရှိရာမှာ ဆံပင်ကြောင့် ဘေးပတ်ဝန်းကျင်မြင်ကွင်းကို ကွယ်နိုင်သည့်အတွက် ဆံပင်စည်းပြီး ကားမောင်းခြင်းမျိုးလည်း လုပ်ရန်လိုအပ်ပါသည်။

အရေးကြီးဆုံးတစ်ချက်က အယောင်ဆောင်မှုမျာကိုလည်း မျက်စိရှင်ရှင်သတိပြုမိရန် လိုအပ်ပါသည်။

ရဲဝန်ထမ်းကဲ့သို့ အယောင်ဆောင်ပြီး ကားရပ်ခိုင်းခြင်းမျိုးများရှိလာလျှင်လည်း လူများများရှိမည့် အနီးဆုံးနေရာအထိ မောင်းသွားပြီးမှ ရပ်ခြင်းမျိုး လုပ်သင့်သလို ကားမှန်အနည်းငယ်သာဖွင့်ပြီး ထိုသူက ဘယ်သူဘယ်ဝါဆိုသည်ကို

အမြင်နဲ့စစ်ဆေးကြည့်သည့်ပါသည်။

 

Read 1208 times