ထိုင်းကားအသစ်ဈေးကွက် လာမည့်နှစ် ဈေးတက်နိုင်ဟု ခန့်မှန်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries (FTI) သည် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် လာမည့်နှစ်တွင် မော်တော်ယာဥ်ထုတ်လုပ်သူများ၏ ဈေးနှုန်းများ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
FTI ၏ ဒုဥက္ကဋ္ဌနှင့် FTI ၏ Auto Industry Group ပြောရေးဆိုခွင့်ရှိသူ Surapong Paisit-Pattanapong က လုပ်သားခနှင့် လျှပ်စစ်မီတာခများ မြင့်တက်လာခြင်းကြောင့် မော်တော်ယာဥ်ထုတ်လုပ်သူများအနေဖြင့် ဈေးနှုန်းကို လိုက်လျောညီထွေ မြှင့်တင်ရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ကြောင်း ပြောကြားခဲ့ပါသည်။
လာမည့်နှစ်တွင် ထိုင်းနိုင်ငံတွင် ကားအစီးရေ ၁.၈၅ သန်းမှ ၁.၉၅ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု Auto Industry Group က ခန့်မှန်းထားသည်။
ဘက္ထရီသုံး လျှပ်စစ်ကားများbattery electric vehicles (BEVs) ရောင်းချမှုသည် BEV အစီးရေ ၁၀,၀၀၀ ခန့်မှ လာမည့်နှစ်တွင် အစီးရေ ၂၅,၀၀၀ မှ ၃၅,၀၀၀ ခန့်အထိ များနိုင်မည်ဟု Auto Industry Group မှ ယုံကြည်ကြောင်း Surapong မှ ပြောကြားခဲ့သည်။
ထိုင်းအစိုးရက BEV ကားတစ်စီး ဝယ်ယူတိုင်း ဘတ် ၁၅၀,၀၀၀ ထောက်ပံ့မှုနှင့် သွင်းကုန်ခွန်များကို ၈ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ချပေးသည့် အတွက် ကားထုတ်လုပ်သူအများအပြားက ထိုင်းနိုင်ငံကို ၎င်းတို့၏ BEV ထုတ်လုပ်မှုအခြေခံအဖြစ် ရွေးချယ်ကြသည်ဟု Surapong မှ ပြောကြားခဲ့သည်။
Source nationthailand
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U