မမှန်မကန် ဥပဒေ လက်တစ်လုံးခြား လုပ်ကိုင်နေသူများ အုပ်စုဖွဲ့လုပ်ကိုင်နေသူများ ဖော်ထုတ်အရေးယူမည်


မော်တော်ကား ရောင်းဝယ်ခြင်းနှင့် ပတ်သက်ပြီးအမှုအခင်း ကိစ္စများနှင့်ပတ်သက်၍ လီဆယ်တိုင်ကြားခြင်း ၊ ငွေကြေးညစ်ကာ အုပ်စုဖွဲ့ မိမိပိုင်ဆိုင်ခြင်း စရံပေးဝယ်ယူထားခြင်း အဌားပေးထားရာကတဆင့် ရောင်းချခံရခြင်း နှစ်ပေါင်းများစွာကြာမှ

ဆင့်ကဲအဆင့်ဆင့် ပြောင်းလဲ လာချိန် ကျမှ ပိုင်ရှင်ဆိုသူ ပေါ်ပေါက်လာကာတရားဆွဲဆိုခြင်း စသည်ဖြင့် နည်းပေါင်းမျိုးစုံပြဿနာပေါ်ပေါက်ကာ တရားစွဲဆိုမှုများကြောင့်အမှန်တကယ် ချွေးနည်းစာဖြင့် ဝယ်ယူခဲ့သူ ကားလောကသားများနှင့် ကားစီးပြည်သူများ အမှုရင်ဆိုင်ရသလို ကားများသက်သေခံ အဖြစ်သိမ်းဆည်းခံရမှု များကြောင့် အမှုမပြီးမချင်း လက်ဝယ်ကားမစီးနိုင်ဘဲ ရဲစခန်းတရားရုံးများတွင် ပျက်စီးမှုများခံစားကြရပါသည် ။

ငွေကြေးညစ် တောင်းဆိုသူများသည် ငါတို့လည်းဘယ်လောက်ဆုံးရှုံးသည် အမှုဖွင့်လှစ် တိုင်ကြားမှု ကြောင့် မင်းတို့ကားသိမ်းဆည်းခံရမှု စခန်းတရားရုံးများတွင် နှစ်ရှည်ကာလကြာပျက်စီးမည်

သို့ပါသောကြောင့် ဘယ်လောက်ဘယ်မျှ ပေးပါက အမှုရုတ်သိမ်းပေးမည်ဟု အကြောင်းပြ လုပ်ကိုင်နေမှုများကို များစွာတွေ့ရှိရပါသည် ။

အမှန်တစ်ကယ် အကြောင်းမျိုးစုံဖြင့် ခံရသူများ တိုင်ကြားခြင်းလည်း ရှိပါသည် ။ ၎င်းအဖြစ်အပျက်များအား သက်ဆိုင်ရာဝန်ကြီးမှ တဆင့်တိုင်းအစိုးရထံ တင်ပြကာပြန်လည် သုံးသပ်မှုများကြောင့် မကြာမှီအချိန်ကာလအတွင်း ကားစီးပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရန် ဥပဒေ မူဝါဒချမှတ်ပေးပါတော့မည် ။

ပြန်လည်သုံးသပ်ကာ ဥပဒေမူဝါဒ ချမှတ်ပေးသောတိုင်းအစိုးရ ဝန်းကြီးချုပ် သက်ဆိုင်ရာဝန်ကြီးများအား ကားလောကသားများနှင့် ကားစီးပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည် ။

မမှန်မကန် နည်းမျိုးစုံဖြင့် လုပ်ကိုင်နေသူများ အုပ်စုဖွဲ့ လိမ်လည်နေသူများကိုလဲ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးထံတင်ပြခဲ့ပြီး ထိရောက်စွာဖော်ထုတ် အရေးယူခြင်းများ ဆောင်ရွက် ပါတော့မည် ။

ကားလောကသားများနှင့် ကားစီးပြည်သူများပြဿနာအမှုအခင်း ကင်းဝေးပြီး အေးချမ်းနိုင်ကြပါစေ ။

ဦးဇော်ဇော်ဦး

သတင်းနှင့်ပြန်ကြားရေး

မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်)

Read 1171 times