TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ Nakhon Pathom မြို့ရှိ ဂိုဒေါင်တစ်ခုတွင် အတုအယောင်တံဆိပ်ကပ်ထားသော ဆိုင်ကယ်နှင့် ကား အပိုပစ္စည်း အစိတ်အပိုင်းများ ခုရေ ၂ သိန်းခန့် သိမ်းဆည်းရမိခဲ့သည်။ ပိုင်ရှင် တရုတ်စီးပွားရေးလုပ်ငန်းရှင်သည် တိမ်းရှောင်နေဆဲ ဖြစ်သည်ဟု Bangkokpost တွင် သတင်းဖော်ပြသည်။
၎င်းယာဉ်အပိုပစ္စည်းများ၏ တန်ဖိုးစုစုပေါင်းသည် ဘတ်ငွေ ၁၀ သန်းခန့် တန်ဖိုးရှိမည်ဟု ခန့်မှန်းထားပါသည်။
အဆိုပါဂိုဒေါင်တွင် ယာဉ်အပိုပစ္စည်းအတုများ သိုလှောင်ထားပြီး ဆိုင်များ၊ ကားပြင်ရုံများသို့ ပေးပို့ပြီး ရောင်းချကြောင်း သတင်းရရှိသဖြင့် နာ်မြေခံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ယင်းဂိုဒေါင်ကို ေဖော်ဝါရီလ ၂၈ ရက်တွင် ဝင်ရောက် ရှာဖွေခဲ့ကြခြင်း ဖြစ်ပါသည်။ အွန်လိုင်းတွင်လည်း ပစ္စည်းအစစ်ဈေးထက် ချိုသာသော ဈေးနှုန်းများဖြင့် ရောင်းချကြောင်း သိရှိရသည်။
ဂိုဒေါင် တာဝန်ခံ အသက် ၂၄ နှစ်ရှိ Sunthorn က ၎င်းကို တရုတ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက အလြပ်ခန့်ထားကြောင်း ပြောကြားပါသည်။
စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း၊ အဆိုပါ တရုတ်စီးပွားရေး လုပ်ငန်းရှင်ကို စုံစမ်းရှာဖွေနေကြောင်း pattayanews သတင်းတွင် ဖော်ပြထားပါသည်။
Source Bangkokpost, pattayanews
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U