သွင်းကုန်လိုင်စင် များအား အွန်လိုင်းစနစ်ဖြင့်ခွင့်ပြုတော့မည်


မော်တော်ယဉ်အရောင်းပြခန်း (Showroom) သွင်းကုန်လိုင်စင်များအား အွန်လိုင်းစနစ်ဖြင့်ခွင့်ပြုတော့မည်

COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် (၁-၄-၂၀၂၀) ရက်နေ့မှစတင်၍ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်များအား အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ထုတ်ပေးဆောင်ရွက်လျက်ရှိရာ (၁-၄-၂၀၂၀) မှ (၂၄-၉-၂၀၂၀) ရက်နေ့ထိ ပို့ကုန်သွင်းကုန် လိုင်စင်စောင်ရေ (၂၃၆၀၀ ) တန်ဖိုးအမေရိကန် ဒေါ်လာ (၇.၆)ဘီယံကျော်ဖိုးအား အွန်လိုင်းစနစ်ဖြင့်ထုတ်ပေးဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။

 

ဆက်လက်၍ မော်တော်ယဉ်အရောင်းပြခန်း (Showroom)များအတွက် သွင်းကုန်လိုင်စင်လျောက်ထားမှုအား (၁-၁၀-၂၀၂၀) ရက်နေ့မှစတင်ပြီး Fully Online စနစ်ဖြင့်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ (Showroom) များတွင်လျောက်ထားနိုင်သည့် HS Code line (၇၀၀) ကျော်အားထပ်မံခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါသည်

 

ထုတ်ပေးရာတွင် လိုအပ်သည့် ကြီး/ကော်ခွင်ပြုချက်အပါအဝင်လိုအပ်သည် လုပ်ငန်းအစီအစဉ်အား ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန

Read 753 times