Exhaust sytem အကြောင်း အကျယ်တဝင့် သိပြီးပြီလား


အင်ဂျင်ထဲတွင် ဆီ ၊လေနှင့် မီး အချိုးကျ ရောစပ် ပေါက်ကွဲမှုကြောင့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ဟုခေါ်သည့် မီးခိုးများ ထွက်လာပါသည်။

ထို ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့သည် အပူချိန် အလွန်များပြီး ကားထဲမှ လေထုထဲကို စနစ်တကျ စွန့်ထုတ်ပစ်ရန် လိုအပ်ပါသည်။

ထို့နောက် အင်ဂျင်ထဲက ထွက်လာသော အိတ်ဇော ဓာတ်ငွေ့သည် TURBULENT FLOW ဟုခေါ်သော စီးဆင်းမှုလမ်းကြောင်းဖြင့် random wavelength များနှင့်ပြေးထွက်လာသောကြောင့် အသံလည်း တော်တော်ကျယ်ပါသည်။

ထိုအသံကိုသာ ငြိမ်သက်သွား အောင်မလုပ်နိုင်ဘူးဆိုလျှင် ကားကို မောင်းနှင်အသုံးပြုသည့်အခါ တော်တော် အဆင်မပြေဖြစ်ပါလိမ့်မည်ဖြစ်သဖြင့် အသံတုန်ခါနှုန်းကိုလည်း လျော့ချဖို့လိုပါသည်။

ထို့ကြောင့် ပြုလုပ်ရမည့်အချက်မှာ ကားထဲမှ စနစ်တကျစွန်ထုတ်ရန်နှင့် အသံငြိမ်သွားစေရန်ဖြစ်ပါသည်။

ပုံမှန် အိမ်စီးကားတစ်စီး၏ Exhaust System ထဲပါဝင်တဲ့ ပစ္စည်းများ

1. အင်ဂျင်တုံးနှင့် တိုက်ရိုက်ဆက်ထားသော Exhaust manifold (or) header ဟုခေါ်သည့် ပိုက်များဖြစ်ပြီး အလွန် အပူချိန်ပြင်းသဖြင့် Heatshield သံဖုံးနှင့် ကာထားသည့်အပြင် လက်ဝါးပုံလေးကို အမှားခြစ်ထားသည့် ပုံလေးပါတတ်သည်။

2. Exhaust manifold အဆုံးနားတွင် အိတ်ဇောဓာတ်ငွေ့ထဲမှာ အောက်စီဂျင်ရာခိုင်နှုန်း မည်မျှပါဝင်သည်ကို တိုင်းတာသည့် Oxygen Sensor

3. လေထုညစ်ညမ်းမှုကို ဖြစ်စေသော ဟိုက်ဒရိုကာဗွန်ဓာတ်တွေကို စစ်ချပေးသည့် ကျောက်ဇကာဟုခေါ်သော Catalytic converter

4. RPM အမြင့်များထိ လီဗာကို နင်းသည့်အခါမှာ အိတ်ဇောသံကျယ်လောင်မှု(sound vibration wavelength) များကို လျော့ချပေးသော Resonantor

5. နောက်ဆုံးအိုးမှာ Mufflerဟုခေါ်သော အသံအားလုံးကို ဝပ်ချသွားအောင် လုပ်ပေးသည့် ဘူး

6. ထို့နောက်မှ ထွက်နေသော Tail Pipe ဟုခေါ်သော ပိုက်အတိုလေး

စသည်တို့ဖြစ်ပါသည်။

 

Read 961 times