ကားနဲ့ပတ်သတ်သူ အားလုံးအား ကိုယ်သိသလောက် လေးကို စနစ်တကျ (theory ကျကျ)သိစေချင်တဲ့ စေတနာပါ။ EGR အကြောင်းကတော့ လူသိနည်းမယ်ထင်ပါတယ်။ ဒါပေမယ့် ကားဟောင်းတွေ လှည့်ပတ်စီးနေတဲ့ နိုင်ငံဖြစ်လို့ EGR နဲ့ပတ်သတ်တဲ့ ပြသနာ အဖြစ်များပါတယ်။ အင်ဂျင် ချက်မီး လို့ခေါ်တဲ့ Check engine light ပေါ်ပါတယ်။ လူတိုင်းလန့်တတ်တဲ့ danger မီးဂျီ
ကားနဲ့ပတ်သက်သူ အားလုံးအား ကိုယ်သိသလောက် လေးကို စနစ်တကျ (theory ကျကျ)သိစေချင်တဲ့ စေတနာပါ။ EGR အကြောင်းကတော့ လူသိနည်းမယ်ထင်ပါတယ်။ ဒါပေမယ့် ကားဟောင်းတွေ လှည့်ပတ်စီးနေတဲ့ နိုင်ငံဖြစ်လို့ EGR နဲ့ပတ်သတ်တဲ့ ပြသနာ အဖြစ်များပါတယ်။ အင်ဂျင် ချက်မီး လို့ခေါ်တဲ့ Check engine light ပေါ်ပါတယ်။ လူတိုင်းလန့်တတ်တဲ့ danger မီးဂျီးပါ။
EGR စနစ်ရဲ့ လုပ်ဆောင်မှုကတော့ ရှင်းပါတယ်။ engine exhaust gas မီးခိုးရဲ့ ၅ % ကနေ ၁၅ % ကို အင်ဂျင် intake manifold လေအဝင်လိုင်းကို ပြန်ထည့်ပေးတဲ့ စနစ်ပါ။ အင်ဂျင် combustion chamber ထဲမှာ လောင်ကျွမ်း ပြီးသား မီးခိုးတွေကို ဘာလို့ပြန်ထည့်တာလဲ ? emission control လုပ်ချင်လို့ပါ။ emission ဆိုတဲ့ အင်ဂျင် အထွက်မီးခိုးတွေထဲက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ NOx လို့ရေးတဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်တွေ မထွက်ရအောင် လုပ်ပေးတာပါ။
အင်ဂျင်အဝင်လေလိုင်းထဲကို အထွက်မီးခိုးတွေ ပြန်ထည့်ခြင်းဖြင့် အဝင်လေကို လျော့ကျစေပါတယ်။ ပြန်ဝင်လာတဲ့ မီးခိုးတွေက နေရာအချို့ ဝင်ယူလိုက်လို့ပါ။ အဲ့တော့ အင်ဂျင်အဝင် လေထဲမှာ မီးခိုးရောပြီး အောက်ဆီဂျင် နည်းသွား ပါတယ်။ အောက်ဆီဂျင် နည်းသွားတဲ့အတွက် combustion chamber ထဲမှာ လောင်ကျွမ်းမှု လျော့နည်းစေပြီး အပူချိန်ကျစေပါတယ်။
အဲ့ဒိအတွက် အင်ဂျင် လောင်ကျွမ်းမှုအပူချိန်အမြင့်မှာမှ ထွက်ပေါ်လာနိုင်တဲ့ NOx တွေမထွက်နိုင်တော့ပါဘူး။ ဒါဟာ ယနေ့ခေတ် တ green ထဲ greenပြီး ခေတ်စားနေတဲ့ Green system ပါ။ EGR ကိုစသုံးတဲ့ အချိန်ကတော့ အင်ဂျင် အထွက်နဲ့ အဝင်ကို ပိုက်လိုင်းသွယ်ထားရုံပါပဲ။ orifice တော့ ခံတာ ပေါ့လေ။
အကျိုးဆက်ကတော့ စက်နှိုးရခက် မယ် idle (စလိုး) ကြမ်းမယ် အင်ဂျင်အဆွဲအရုံး ကျတာတွေ ွဖြစ်ပါတယ်။ 1973 ကမှစပြီး အထွက်မီးခိုးကိုလိုအပ်တဲ့ အချိန်ပဲ အဝင်လေလိုင်းထဲ ထည့်ဖို့ ဗားတွေ တပ်ဆင်လာပါတယ်။ အရင် သွယ်ထားတဲ့ပိုက် လိုင်းကြားမှာ ဗားခံလိုက်တာပါ။ အင်ဂျင် temperature sensor ကိုအခြေခံပြီး အင်ဂျင် operation temperature ရောက်မှ EGR valve ကိုဖွင့်ပေးပါတယ်။
ယခင်ကတော့အင်ဂျင်လေဟာနယ် vacuum line နဲ့ အပိတ်အဖွင့်လုပ်ပါတယ်။ Pneumatic EGR valve ပါ။ အခုကျွန်တော်တို့စီး နေကြတဲ့ demio. swift. vitz. fit စတာတွေမှာတော့ electric EGR ပေါ့။ EGR ဗားပေါ်မှာ ဝါယာကြိုး တပ်ထားတာတွေ့မှာပါ။ အင်ဂျင် ရဲ့ temperature sensor, MAF sensor နဲ့ rpm sensor တွေအကူအညီနဲ့ ECU ကနေအပိတ်အဖွင့် လုပ်ပါ တယ်။ အင်ဂျင် အဝင်လေသန့်ကိုမှ ပြိုင်ကားတွေမှာ အောက်စီဂျင်ပိုရအောင် N2O ဗူးတွေတပ်ပြီး ထပ်ဖြည့်တာ movie တွေမှာတွေ့ဖူးမှာပါ။
ခုဟာက အဝင်လေသန့်ကို လောင်ပြီးသားမီးခိုးတွေ ထပ်ထည့်တော့ အင်ဂျင် အဆွဲအရုံး (performance) ကျပြီပေါ့။ ဒါပေမယ့်ကောင်းတာလေးတွေကတော့ အင်ဂျင် လေအဝင်တွေမှာဖြစ်တတ်တဲ့ throttling losses လို့ခေါ်တဲ့ အင်ဂျင် ပစ်စတင်က လေကိုဆွဲယူ အပြီး လေလိုင်းထဲမှာ ကျသွားတဲ့ ဖိအားကို မီးခိုးတေ ွပြန်ထည့်ခြင်းက ဖိအားပြန်ပေးလိုက်လို့ losses နည်းသွားပါတယ်။
ပြန်ထည့်မီးခိုးကြောင့် အင်ဂျင်တွင်း လောင်ကျွမ်းမှုအပူချိန်ကျတဲ့အတွက် NOx မထွက်စေ တဲ့အပြင် အင်ဂျင် အပူချိန်ကျတဲ့အတွက် thermal energy လို့ခေါ်တဲ့ အင်ဂျင်အပူတွေ အများဂျီး မဆုံးရှုံးတော့ပါဘူး။ cooling system ပါသက်သာ စေပါတယ်။ EGR ရဲ့လုပ်ဆောင်မှုကိုသိရင်တော့ ပြသနာကို များများစားစားရှာစရာမလိုတော့ပါဘူး။
အင်ဂျင်အထွက်မီးခိုးကို ပိုက်လိုင်းသွယ်ပြီး ဗားနဲ့ အပိတ်အဖွင့်လုပ်မှတော့ ကပ်ပြီပေါ့ ဂျိုးတွေ။ ကားအသုံးများလာတာနဲ့အမျှ ကာဗွန်ဂျိုးတွေဟာ EGR ဗားရော ပိုက်လိုင်းမှာပါ ပိတ်လာတာနဲ့ rough idling စ ပါပြီ။ ဆီတွေစားပါပြီ။ အဆွဲအရုံးကျပါပြီ။ ပြီးတာနဲ့ ကိုရွှေ ချက်မီး လင်းပါပြီ။ OBDII စက်ထိုးပါက ထွက်လာတဲ့ code တွေနဲ့ပတ်သတ်ပြီး မရေးတော့ပါဘူး internet မှာ ပေါပါတယ်။ ကံကောင်းရင်တော့ EGR ဗားနဲ့ လိုင်းကိုဆေးရုံနဲ့ ရပါတယ်။ ဗားမကောင်းရင်တော့ ဗားပါလဲရပါမယ်။
Source: Lin Htet (Engineering Explained)
Read:ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ The All-New BMW X5 ကားမြန်မာနိုင်ငံတွင် စတင်မိတ်ဆက်