အင်ဂျင်ပါဝါ နှစ်ထောင်အောက် ပြည်တွင်းတပ်ဆင်ထုတ်လုပ် မော်တော်ယာဉ် အကောက်ခွန် ကင်းလွတ်ခွင့် ပေး


လူစီးမော်တော်ယာဉ်တွေကို ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်မှု SKD စနစ် ပိုမိုအားကောင်းလာစေဖို့ရည်ရွယ်ပြီး အင်ဂျင်ပါဝါ နှစ်ထောင်အောက် လူစီးကားတွေအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ အမိန့်ကြေညာချက် ထုတ်ပြန်ပါတယ်။

SKD စနစ်နဲ့ကားတွေကို အင်ဂျင်ပါဝါအလိုက် အကောက်ခွန်နှုန်းထားတွေသတ်မှတ်ထားတာမှာ

ယခင်က အင်ဂျင်ပါဝါနှစ်ထောင်အထိ ၁၀% ကောက်ခံခဲ့တာကို ယခု သုညရာခိုင်နှုန်း အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပြီး အခွန်ကင်းလွတ်ခွင့်ပြုလိုက်ပါတယ်။

အင်ဂျင်ပါဝါနှစ်ထောင်အထက်မော်တော်ယာဉ်တွေ အတွက် SKD စနစ်နဲ့ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ရင် ယခင်က ၂၀% အထိအကောက်ခွန်နှုန်းထားသတ်မှတ်ထားတာကို ယခု ၅% အဖြစ် ပြောင်းလဲသတ်မှတ်ပါတယ်။

ပြည်ပက တင်သွင်းလာမယ့်ကားတွေအတွက်လည်း အကောက်ခွန်နှုန်းထားသတ်မှတ်ချက်ကို လျှော့ချပေးလိုက်ပါတယ်။ 

ပြည်ပက တင်သွင်းလာတဲ့မော်တော်ယဉ်တွေမှာ အင်ဂျင်ပါဝါ နှစ်ထောင်အထိ ကားတွေကိုယခင်က အကောက်ခွန်နှုန်းထား ၃၀%ကောက်ခံရာက အခု ၂၀%အဖြစ် ပြောင်းလဲလိုက်ပြီး အင်ဂျင်ပါဝါနှစ်ထောင်နဲ့အထက်ကားတွေကို ယခင်က ၄၀%ကောက်ခံရာက အခုဆိုရင် ၃၀% ကောက်ခံသွားမယ်လို့ သိရပါတယ်။

၁၉၉၂ ခုနှစ် အကောက်ခွန်နှုန်းဥပဒေပုဒ်မ ၃၊ပုဒ်မခွဲ (ဃ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ပမှ တင်သွင်းသော လူစီးမော်တော်ယာဥ်များအတွက် အကောက်ခွန်နှုန်းထားများ ပြင်ဆင်ကောက်ခံခြင်းကို သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

Crd  

Read 11072 times