မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်ပါရှိရမည်။
ယာဉ်မောင်းနှင်ရာတွင် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ၀တ်ဆင်ရပါမည်။
မိမိယာဉ်၏ နောက်မှလိုက်ပါလာသည့် ယာဉ်အား ကျော်တက်စေလိုလျှင် လက်ယာဘက်အချက်ပြမီးပြ၍ ကျော်တက်စေရမည်။
ကုန်တင်ယာဉ်ကြီးများ မြို့တွင်းရှိ လမ်းဘေးဝဲ/ယာတွင် ကုန်တင်/ချ(လုံးဝ) မပြုလုပ်ရ၊ သတ်မှတ်ထားသော ကုန်တင်ကားကြီးများတွင်သာ ကုန်တင်/ချ ပြုလုပ်ရပါမည်။
မည်သည့်ယာဉ်မျှ ယာဉ်နှစ်ထပ် မရပ်ရပါ။
ဖြူနီကျားရေးဆွဲထားသော နေရာများ၊ လမ်းဆုံလမ်းခွများ၊ လူကူးမျဉ်းကျားနေရများတွင် မည်သည့်ယာဉ်မျှမရပ်ရ။
၀ါနက်ကျား ရေးဆွဲထားသော နေရာများတွင် ယာဉ်အား အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်း မပြုရ။
ယာဉ်ရပ်နားရန် သတ်မှတ်ထားသော နေရာများတွင်သာ ယာဉ်ကို ရပ်နားရမည်။
ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းခြင်း၊ လျော့မောင်းခြင်းများ မပြုရ။
ဆိုင်ကယ်မောင်းနှင်ရာတွင် မောင်းနှင်သူနှင့် နောက်မှလိုက်ပါစီးနင်းသူတို့နှစ်ဦးစလုံး ဆိုင်ကယ်စီးဦးထုပ်ဆောင်းရမည်။
မေးသိုင်းကြိုးကို မြဲမြံစွာ တပ်ဆင်ရမည်။
ဆိုင်ကယ်စီးနင်းရာတွင် နှစ်ဦးထက်ပိုမစီးရ။
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား စက်သံဆူညံစေသည့် ပါ၀ါအိပ်ဇောများ တပ်ဆင်မောင်းနှင်ခြင်း(လုံးဝ) မပြုလုပ်ရ။
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ရင်ဘောင်တန်းမောင်းနှင်ခြင်း(လုံးဝ) မပြုလုပ်ရ။
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား လမ်းပြောင်းပြန် မောင်းနှင်ခြင်း (လုံးဝ) မပြုလုပ်ရ။(လက်ယာဘက်ယာဉ်ကြောမှ ကပ်၍ မောင်းနှင်ရပါမည်။)