ပထမဆုံး အီးဗီမော်ဒယ် အမြောက်အမြား ထုတ်လုပ်မှု Evergrande  စတင်


ပထမဆုံး အီးဗီမော်ဒယ် အမြောက်အမြား ထုတ်လုပ်မှု Evergrande  စတင်


တရုတ်နိုင်ငံရှိ China Evergrande Group မှ ၎င်း၏ လျှပ်စစ်ကား ယူနစ်သည် Hengchi 5 SUV မော်ဒယ်ကို တရုတ်နိုင်ငံ မြောက်ပိုင်း တီယန်ကျင်းမြို့ရှိ စက်ရုံတွင် သောကြာနေ့ (စက်တင်ဘာ ၁၆ ရက်)မှာ အမြောက်အမြား စတင်ထုတ်လုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

 

 Evergrande New Energy Vehicle Group Ltd မှ ယမန်နှစ်က ထုတ်ဖော်ပြသခဲ့သည့် ပထမဆုံး လျှပ်စစ်ကားမော်ဒယ်ကို အောက်တိုဘာလတွင် မှာကြားသူများထံ စတင်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း Evergrande Group မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Evergrande သည် ၎င်း၏ဒုတိယ EV မော်ဒယ်ကို ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် အမြောက်အမြား စတင်ထုတ်လုပ်မည်ဖြစ်ပြီး လာမည့်နှစ်ဝက်နှောင်းပိုင်းတွင် တတိယ‌မြောက် မော်ဒယ် အမျိုးအစားကို စတင်မည်ဖြစ်ကြောင်း ကြေညာချက်တွင် အသိပေးထားသည်။

 အမြောက်အမြား ထုတ်လုပ်မှုကို ဇွန်လမှ တတိယသုံးလပတ်အထိ ရွှေ့ဆိုင်းပြီးနောက် ဇူလိုင်လတွင် ယွမ် ၁၇၉,၀၀၀ (အမေရိကန်ဒေါ်လာ ၂၅,၅၃၁.၃၁) ဈေးနှုန်း အစပြုသော Hengchi 5 SUV အတွက် ကတိကဝတ် မပါသည့်  ကြိုတင်မှာယူမှုများကို စတင်လက်ခံခဲ့သည်။


 
အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံကျော် ကြွေးမြီများအောက်တွင် ပိနေသော ကမ္ဘာ့ကြွေးမြီအများဆုံး အိမ်ရာ developer ဖြစ်သော Evergrande အဖို့ အီးဗီယူနစ်သည် ဝင်ငွေ ရပေါက်ရလမ်းအတွက် အလွန်အရေးပါသည်။


ထုိ့ပြင် ဥက္ကဋ္ဌ Hui Ka Yan က  လုပ်ငန်းစု၏ အဓိကစီးပွားရေးလုပ်ငန်းကို အိမ်ခြံမြေမှ မော်တော်ကားလုပ်ငန်းသို့ ၁၀ နှစ် အတွင်း ပြောင်းရွှေ့မည်ဟု ကတိပြုထားသည်။

 

ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်တွင် တစ်နှစ်လျှင် ကားအစီးရေ ၁ သန်းထုတ်လုပ်ရန် ရည်မှန်းထားကြောင်း ယခင်က ပြောကြားခဲ့ပါသည်။


Source CNA
#MyanmarAutomobileGuide

 Telegram Channel  https://t.me/Guid4U

Read 1808 times