ထိုင်းအစိုးရ အီးဗီထောက်ပံ့ကြေး မူဝါဒ ပြောင်းလဲ


ထိုင်းအစိုးရ အီးဗီထောက်ပံ့ကြေး မူဝါဒ ပြောင်းလဲ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းအစိုးရသည် ပြည်တွင်းဖြစ် အီးဗီတစ်စီး ဝယ်ယူသည့်အခါ အစိုးရမှ ထောက်ပံ့ကြေး ဘတ် ၁၀၀,၀၀၀ (ကန်ဒေါ်လာ ၂၇၆၀) အထိ ပေးအပ်မည့် လျှပ်စစ်ကား  ဝယ်ယူခြင်းအပေါ် ထောက်ပံ့မှုအစီအစဉ်ကို ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ကျင့်သုံးမည် ဖြစ်သည်။ 

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ အီးဗီထုတ်လုပ်မှုဗဟိုချက်အဖြစ် ရပ်တည်ရန် ကြိုးပမ်းလျက်ရှိရာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် အီးဗ‌ီမူဝါဒ ရေးဆွဲထားသည်။

လက်ရှိ ကျင့်သုံးနေသော မူဝါဒအရ အီးဗီ တစီး ဝယ်ယူလျှင် အစိုးရက ထောက်ပံ့ကြေး ဘတ် ၇၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ ပေးအပ်သည်။ ၎င်းမူဝါဒသည် ဒီဇင်ဘာလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးပါသည်။

မူဝါဒအသစ် "EV3.5" ကို ၀န်ကြီးချုပ် ဆရက်သာ သာဝီစင်  ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ အစည်းအဝေးတွင် နိုဝင်ဘာလ ၁ ရက်မှာ သဘောတူညီခဲ့သည်။ ၎င်းမူဝါဒအရ အီးဗီ တစီး ဝယ်ယူလျှင် အစိုးရက ထောက်ပံ့ကြေး ဘတ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ပေးအပ်မည်။ 
ထောက်ပံ့ကြေး လျှော့ချ လိုက်သည်မှာ အီးဗီ ဝယ်ယူသူ ပိုများလာနေသောကြောင့် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အီးဗီတစီး ယသည် ပုံမှန်အားဖြင့် ဘတ် ၁.၂ သန်းမှ ၁.၇ သန်းအထိ ကုန်ကျသည်။


ထိုင်းနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ဒေသတွင်း EV ထုတ်လုပ်မှုဗဟိုချက်ဖြစ်လာရန် ရည်မှန်းထားသည်။ 
၂၀၃၀ ပြည့်နှစ်တွင် ကားအသစ်ရောင်းချရာတွင်  အီးဗီများ အနည်းဆုံး ၃၀% ပါဝင်ရန် ရည်မှန်းထားသည်။ 
Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 282 times