ထိုင်းတွင် ဒီဇယ်ထရပ်ကား ၄ သိန်း လျှပ်စစ်ထရပ်ဖြင့် အစားထိုးရန် ဆုံးဖြတ်မည်


ဒီဇယ်ထရပ်ကား ၄ သိန်း လျှပ်စစ်ထရပ်ဖြင့် အစားထိုးရန် ဆုံးဖြတ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ထိုင်းနိုင်ငံ၏ ကုန်တင်ယာဉ်လုပ်ငန်းကဏ္ဍသည် အီးဗီ စမ်းသပ်မှုများ ဆောင်ရွက်ပြီးစီးပြီးသောအခါ နောက်နှစ် ၂၀၂၃ ဧပြီလတွင် ကုန်တင်ယာဉ်လုပ်ငန်းကဏ္ဍမှ ဒီဇယ်ထရပ်ကား ၄၀၀,၀၀၀ ကို လျှပ်စစ်ကားများဖြင့် အစားထိုး ပြောင်းလဲရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း ထိုင်းကုန်းလမ်းပို့ဆောင်ရေးအသင်း Land Transport Association of Thailand မှ သိရသည်။
အသင်းဥက္ကဋ္ဌ Apichart Prairungruang က အစိုးရမှ အီးဗီများအတွက် ပံ့ပိုးကူညီမှု အစီအမံများ ထုတ်ပြန်ပြီးနောက် ဒီဇယ်အစား လျှပ်စစ်ထရပ်ကားများ ပြောင်းလဲရန် အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘက်ထရီ ပေါက်ကွဲမှု ဖြစ်နိုင်သည့် စိုးရိမ်စရာများကို ဖြေရှင်းရန်အတွက် အသင်းအနေဖြင့် အီးဗီ ထရပ်ကားများကို ဘေးအန္တရာယ် ကင်းရှင်းစေရန် စမ်းသပ်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
ကီလိုမီတာ ၃၀၀ မှ ၅၀၀ အထိ ခရီးဝေး ခရီးစဉ်များအတွက် အီးဗီအသစ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
.
ဆောင်ရွက်မည့် စမ်းသပ်မှုများတွင် ပြုပြင်ထိန်းသိမ်းမှု၊ ရောင်းချအပြီး နောက်ဆက်တွဲ လိုအပ်မည့် ဝန်ဆောင်မှုများနှင့် အီးဗိထရပ်ကားများ အဝေးပြေး ခရီးဝေးလမ်းများပေါ်တွင် သွားလာနိုင်ရန် လုံလောက်သော အားသွင်းစခန်းများ ရှိမရှိတို့ကို အဓိကထားလုပ်ဆောင်မည်ဖြစ်သည်။
.
အီးဗီ ထရပ်ကားကို အားအပြည့်သွင်းရန် တစ်နာရီနှင့် မိနစ် ၃၀ ထက် ပိုမကြာသင့်ဟု Apichart က ပြောကြားသည်။
အီးဗီ ထရပ်ကားများ၏ ဘက်ထရီသက်တမ်းသည် ခြောက်နှစ်သာ ရှိနေသည့်အတွက်ကြောင့် ဒီဇယ်ကားများ၏  သက်တမ်း ၇~၁၀နှစ်နှင့် နှိုင်းယှဉ်ပါက တိုတောင်းနေမည်ကို Apichart က စိုးရိမ်မိ‌ေကြာင်း ပြောကြားပါသည်။
.
နောက်ထပ် စဉ်းစားစရာမှာ ဈေးနှုန်းဖြစ်ပါသည်။
လျှပ်စစ်ထရပ်ကားများတွင် ဘက်ထရီများ သုံးစွဲရသဖြင့် ဒီဇယ်ထရပ်ထက် ဈေးပိုကြီးနေသည်။ လျှပ်စစ်ထရပ်ကားတစ်စီး ဘတ် ၅~၆ သန်း ဝန်းကျင် ရောင်းဈေးရှိနေမည်ဖြစ်ပြီး ဒီဇယ်ထရပ်ကားများ ရောင်းဈေးမှာ ဘတ် ၂.၈ သန်းမျှသာ ဖြစ်ပါသည်။ သို့ရာတွင် ရေရှည်တွင် လျှပ်စစ်ထရပ်ကား ကုန်ကျစရိတ်သည် ဒီဇယ်ထရပ်ကားထက် သက်သာမည်ဟု ၎င်းက ပြောကြားပါသည်။
.
ဧပြီလတွင် ပြီးဆုံးမည့် စမ်းသပ်မှုများအပြီးတွင် အသင်းအနေဖြင့် အီးဗီ ထရပ်ကားများ ပြောင်းလဲသုံးစွဲရန်ကိစ္စရပ်ကုိ ဆုံးဖြတ်မည်ဖြစ်ကြောင်း Apichart မှ ပြောကြားခဲ့သည်။
.
 ထရပ်ကားအစီးရေ ၄ သိန်း ဝန်းကျင်ခန့် လည်ပတ်နေသော လုပ်ငန်းများကို အကျုံးဝင်သည့် အသင်းအနေဖြင့် သယ်ယူပို့ဆောင်စရိတ် သက်သာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးသည့် နည်းလမ်းအဖြစ် အီးဗီထရပ် များကို စိတ်ဝင်စားကြောင်း ၎င်းက ဆိုသည်။
Source nationthailand 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 283 times