အတူမျှဝေစီးသည့်အစီအစဉ် မအောင်မြင်သဖြင့် လျှပ်စစ်ကားများ အရည်ကြို ပေးပို့


အမေရိကန် ပြည်ထောင်စု Indiana ပြည်နယ်၊ အင်ဒီယာနာပိုလစ်စ်မြို့တော်သည်၂၀၁၅ ခုနှစ်တွင် BlueIndy ဟု ခေါ်သည့် လျှပ်စစ်မော်တော်ယာဉ် အတူမျှဝေစီးသည့် အစီအစဉ်ကို စတင်ခဲ့သည်၊ 

သို့သော် ယခုအခါ ကိုဗစ်ကပ်ဘေးဆိုက်ပြီး စီးပွားရေးနှေးကွေးသောကြောင့် လုပ်ငန်းတစ်ခုလုံးကို ပိတ်ထားလိုက်ပြီဖြစ်သည်။

မြို့နေလူ ဦး ရေ ၈၇၅,၀၀၀ ကျော်ရှိရာ၌ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း လူပေါင်း ၃၀၀၀ ခန့်သာ အစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။

စီမံကိန်းသည် စုစုပေါင်းဒေါ်လာသန်း ၅၀ ကုန်ကျသည်။ Indianapolis Power & Light Company မှ အားသွင်းစက်များအတွက် မြေအောက်ဝါယာကြိုးတပ်ဆင်ပေးခြင်း ဆောင်ရွက်ရန် ဒေါ်လာ ၃.၇ သန်း လှူဒါန်းခဲ့သည်။ စုစုပေါင်းလျှပ်စစ်ကား ၂၈၀ စီးရေ သုံးစွဲသည်။ အားသွင်းစက် ၉၀ ကျော် တပ်ဆင်ထားသည်။ ၎င်းသည် ရည်မှန်းချက်ကြီးမားသော အစီအစဉ်တစ်ခုဖြစ်သော်လည်း မျှော်လင့်ထားသလို အောင်မြင်မှု မရရှိခဲ့ချေ။ ကိုဗစ်ကပ်ဘေးကြောင့် ပိုဆိုးသွားခဲ့ပြီး အစီအစဉ်ကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။ လျှပ်စစ်ကားများကို ဝယ်မည့်သူ မရှိသဖြင့် အရည်ကြို ပေးပို့ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်။

carbuzz.com

အတူမွ်ေဝစီးသည့္အစီအစဥ္ မေအာင္ျမင္သျဖင့္ လွ်ပ္စစ္ကားမ်ား အရည္ႀကိဳ ေပးပို႔

အေမရိကန္ ျပည္ေထာင္စု Indiana ျပည္နယ္၊ အင္ဒီယာနာပိုလစ္စ္ၿမိဳ႕ေတာ္သည္ ၂၀၁၅ ခုႏွစ္တြင္ BlueIndy ဟု ေခၚသည့္ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ အတူမွ်ေဝစီးသည့္ အစီအစဥ္ကို စတင္ခဲ့သည္၊

သို႔ေသာ္ ယခုအခါ ကိုဗစ္ကပ္ေဘးဆိုက္ၿပီး စီးပြားေရးေႏွးေကြးေသာေၾကာင့္ လုပ္ငန္းတစ္ခုလုံးကို ပိတ္ထားလိုက္ၿပီျဖစ္သည္။

ၿမိဳ႕ေနလူ ဦး ေရ ၈၇၅,၀၀၀ ေက်ာ္ရွိရာ၌ ၿပီးခဲ့သည့္ ငါးႏွစ္တာကာလအတြင္း လူေပါင္း ၃၀၀၀ ခန႔္သာ အစီအစဥ္တြင္ ပါဝင္ခဲ့ၾကသည္။

စီမံကိန္းသည္ စုစုေပါင္းေဒၚလာသန္း ၅၀ ကုန္က်သည္။ Indianapolis Power & Light Company မွ အားသြင္းစက္မ်ားအတြက္ ေျမေအာက္ဝါယာႀကိဳးတပ္ဆင္ေပးျခင္း ေဆာင္႐ြက္ရန္ ေဒၚလာ ၃.၇ သန္း လႉဒါန္းခဲ့သည္။ စုစုေပါင္းလွ်ပ္စစ္ကား ၂၈၀ စီးေရ သုံးစြဲသည္။ အားသြင္းစက္ ၉၀ ေက်ာ္ တပ္ဆင္ထားသည္။ ၎သည္ ရည္မွန္းခ်က္ႀကီးမားေသာ အစီအစဥ္တစ္ခုျဖစ္ေသာ္လည္း ေမွ်ာ္လင့္ထားသလို ေအာင္ျမင္မႈ မရရွိခဲ့ေခ်။ ကိုဗစ္ကပ္ေဘးေၾကာင့္ ပိုဆိုးသြားခဲ့ၿပီး အစီအစဥ္ကို ပိတ္သိမ္းရန္ ဆုံးျဖတ္ခဲ့ၾကသည္။ လွ်ပ္စစ္ကားမ်ားကို ဝယ္မည့္သူ မရွိသျဖင့္ အရည္ႀကိဳ ေပးပို႔ရန္ စီစဥ္ေဆာင္႐ြက္ခဲ့ၾကသည္။

carbuzz.com

 

Read 34461 times