ဥရောပ ဈေးကွက်ထဲမှ အီးဗီပြိုင်ပွဲဝင်များ


ဥရောပ ဈေးကွက်ထဲမှ အီးဗီပြိုင်ပွဲဝင်များ

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

BYD က ဥရောပ မြောက်ပိုင်းမှာ မြေစမ်းခရမ်းပျိုး အီးဗီများ ရောင်းချနေခဲ့ရာမှ ယခုအခါ တစ်နှစ်လျှင် အီးဗီစီးရေ ၁.၂ သန်းရောင်းရတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်တဲ့ ဥရောပ ဈေးကွက်ထဲကို မော်ဒယ် ၃ မျိုးဖြင့် အရှိန်တင်ပြီး ဝင်ရောက်တဲ့အကြောင်း Myanmar Automobile Guide မှာ ဖော်ပြခဲ့ပါတယ်။

 


၂၀၂၂ ပထမနှစ်ဝက်မှာ BYD က အီးဗီ ၃၂၀,၀၀၀ ကို ကမ္ဘာတစ်လွှား ရောင်းချခဲ့ပါတယ်။ Tesla ပြီးရင် ဒုတိယအများဆုံး ဖြစ်ပါတယ်။ BYD က အီးဗီထုတ်လုပ်မှုမှာ ကုန်ကျစရိတ် အများဆုံးဖြစ်တဲ့ ဘက်ထရီကို ထုတ်လုပ်‌နေတဲ့သူလည်းဖြစ်လို့ ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်စွမ်း ရှိပါတယ်။ ဈေးနှုန်းအရ အားသာချက် ရှိပါတယ်။
.
တရုတ်ကားထုတ်လုပ်သူ Great Wall Motor က မော်ဒယ်လ် ဒါဇင်တစ်ဝက် ဝန်းကျင်ကို ပါရီ ကားပြပွဲ Paris Motor Show မှာ ပြသခဲ့ပါတယ်။၂၀၂၃  ခုနှစ်ဝန်းကျင်တွင် ဥရောပ၌ စတင်ရောင်းချပါမယ်။
 .
ဆွီဒင်မှ Volvo Car ကို ပိုင်ဆိုင်တဲ့  Zhejiang Geely Holding Group နှင့် ဗြိတိန် band ဖြစ်တဲ့ MG တို့က ဥရောပဈေးကွက်မှာ အီးဗီအရောင်းရဆုံး ထိပ်တန်း (၁၀) စာရင်းထဲ ပါဝင်ပါတယ်။
.
ဥရောပကားထုတ်လုပ်သူများကလည်း အီးဗီ ထုတ်လုပ်မှု အရှိန်မြှင့်တင်ကာ တုံ့ပြန်ကြပါတယ်။
.
ပြင်သစ်နိုင်ငံမှ Renault က အီးဗီ မော်ဒယ်သုံးမျိုးအား ကြေညာထားပါတယ်။
 .
Stellantis သည် ၎င်းရဲ့ ပထမဆုံး လျှပ်စစ်ဂျစ်ကားကို ပါရီကားပြပွဲတွင် ပွဲထုတ်ပြသခဲ့ပါတယ်။ လျှပ်စစ်ဂျစ်ကားကို ဉရောပဈေးကွက်မှာ ၂၀၂၃ ခုနှစ်တွင် စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ 
Jeep brand ရဲ့ စီအီးအို Christian Meunier က ၂၀၃၀ မတိုင်ခင်မှာ ဥရောပဈေးကွက်ထဲ ရောင်းချသမျှ မော်ဒယ်အသစ်တိုင်းသည် အီးဗီများသာ ဖြစ်လိမ့်မည် လို့ဆိုပါတယ်။
Stellantis ရဲ့  စီအီးအို  Carlos Tavares က ပါရီကားပြပွဲကို ပြင်သစ်သမ္မတ Emmanuel Macron နှင့်အတူ တက်ရောက်ခဲ့ပါတယ်။ Tavares က ပြင်သစ်မှာ အီးဗီမော်ဒယ် ၁၂ မျိုး ထုတ်လုပ်မယ်လို့ ပြောကြားပါတယ်။ လောလောဆယ်မှာ အီးဗီမော်ဒယ် ၆ မျိုး ထုတ်လုပ်နေတာကို ၂ ဆ တိုးမှာ ဖြစ်ပါတယ်။ Stellantis လက်အောက်မှ လျှပ်စစ်ကားစစ်စစ် Peugeot 308 က ပြင်သစ်မှာ အသစ်ထွက်တဲ့ အီးဗီမော်ဒယ် ဖြစ်ပါတယ်။
.
 Volkswagen က ၂၀၂၂ ပထမနှစ်ဝက်မှာ ဥရောပ အီးဗီဈေးကွက်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အီးဗီစီးရေ ၁၂၆,၃၀၀ ရောင်းချခဲ့ပါတယ်။
 Stellantis က အီးဗီစီးရေ ၁၁၂,၂၀၀ ရောင်းချပြီး ဒုတိယနေရာမှာ ရောက်ရှိခဲ့ပါတယ်။
.
 ဥရောပနှင့် တရုတ် မဟုတ်သော အီးဗီထုတ်လုပ်သူများကို ကြည့်လျှင် ---
အမေရိကန်မှ  Tesla က ဂျာမနီမှာ စက်ရုံ ထူထောင်ခဲ့ပြီး အီးဗီစီးရေ ၈၄,၉၀၀ ရောင်းချခဲ့ပြီး တတိယနေရာမှာ နေရာရပါတယ်။

တောင်ကိုရီးယားမှ Hyundai Motor Group က အီးဗီစီးရေ ၇၉,၁၀၀ ရောင်းချခဲ့ပြီး စတုတ္ထနေရာ ရရှိခဲ့ပါတယ်။

အမေရိကန်မှ General Motors က ဥရောပဈေးကွက်ထဲကို ပြန်ဝင်ဖို့ ပြင်ဆင်နေပြီး ၂၀၂၃ မှာ အီးဗီဖြင့် မောင်းဝင်မှာ ဖြစ်ပါတယ်။
.
ဂျပန်အီးဗီတွေ ပါရီကားပြပွဲ  Paris Motor Show  မှာ ပါဝင်ပြသခြင်း မပြုကြပါဘူး။ 
Nissan Motor ရဲ့ Leaf ကို ဥရောပ ဈေးကွက်မှာ အတိုင်းအတာတစ်ခုအထိ သိကြပေမဲ့ Honda Motor နှင့်  Mazda Motor တို့ရဲ့ အီးဗီများ မဆိုစလောက်သာ ရောင်းချရပါတယ်။
Toyota Motor က ဟိုက်ဘရစ် ရောင်းအားကောင်းတဲ့အပေါ် ဆက်လက်မောင်းနှင်နေဆဲ ဖြစ်ပါတယ်။
Source Asia nikkei

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read 274 times