ထိုင်းအီးဗီ မူဝါဒအသစ် ပထမ ၂ နှစ် အီးဗီ ၂၇၅,၀၀၀ တင်သွင်းမည် ခန့်မှန်း


ထိုင်းအီးဗီ မူဝါဒအသစ် ပထမ ၂ နှစ် အီးဗီ ၂၇၅,၀၀၀ တင်သွင်းမည် ခန့်မှန်း

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံ လျှပ်စစ်ကား တင်သွင်းမှုသည် နှစ်နှစ်အတွင်း အစီးရေ ၁၇၅၀၀၀ ရှိလာမည်ဟု အခွန်ဦးစီးဌာနမှ ခန့်မှန်းထားကြောင်း ၎င်းဌာနမှ  ညွှန်ကြားရေးမှူးချုပ် Ekniti Nitithanprapas က ပြောကြားသည်။

 

EV3.5 (2024-27) ဟု အမည်ပေးထားသည့် အီးဗီများကို ပံ့ပိုးပေးမည့် လေးနှစ် အစီအစဉ်အရ အီးဗီတင်သွင်းသူများသည် ၂၀၂၄-၂၅ ခုနှစ်မှာ တင်သွင်းသည့် အီးဗီစီးရေကို အနည်းဆုံးအစီးရေ အနေဖြင့် ထိုင်းနိုင်ငံတွင် စက်ရုံထူထောင်ပြီး ထုတ်လုပ်‌ပေးရမည်ဖြစ်သည်။

 

၂၀၂၇ ခုနှစ်တွင် ပြည်တွင်း၌ အကြမ်းဖျင်းအားဖြင့်  အီးဗီအစီးရေ ၃၅၀,၀၀၀ မှ ၅၂၅,၀၀၀ အထိ ထုတ်လုပ်မည်ဟု ခန့်မှန်းထားသည်။

 

၎င်း EV3.5 အစီအစဉ်အတွက် ထောက်ပံ့ကြေးများသည် စုစုပေါင်း ဘတ် ၁၄ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားသည်။ 

EV3.5 သည် ထိုင်းနိုင်ငံ အီးဗီ စက်မှုလုပ်ငန်းသို့ ကူးပြောင်းနေချိန်တွင် အီးဗီ ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု ၎င်းက ပြောကြားသည်။

 

EV3.5 တွင်ပါဝင်သူများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှုအခြေစိုက်စခန်းတစ်ခုကို ၂၀၂၆ ခုနှစ် နောက်ဆုံးထားပြီး ထူထောင်ရမည် ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှုကို စတင်ရမည်။ ထောက်ပံ့မှု အစီအစဉ်အရ တင်သွင်းထားသည့် အီးဗီအစီးရေ၏ ၂ ဆ ကို ထုတ်လုပ်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ၁:၂ (တစ္်စီး တင်သွင်းထားလျှင် နှစ်စီး)ထုတ်လုပ်ရမည်။ ၂၀၂၇ ခုနှစ်တွင် ၁:၃ (တစ်စီး တင်သွင်းထားလျှင် သုံးစီး) ထုတ်လုပ်ရမည် ဖြစ်သည်။

 

EV3.5 အရ ထောက်ပံ့မှုကို ရယူလိုသော အီးဗီ ထုတ်လုပ်သူများသည် အခွန်ဌာနတွင်  စာရင်းပေးသွင်းပြီး မှတ်ပုံတင်ရန် လိုအပ်ပါသည်။

 

လေ‌ာလောဆယ်တွင် ထိုင်းနိုင်ငံတွင် စက်ရုံထူထောင်ပြီး အီးဗီ ထုတ်လုပ်မည့် တရုတ်အီးဗီ ထုတ်လုပ်ရေး လုပ်ငန်း ၃ ခု ရှိသည်။ ယင်းတို့မှာ

•  Changan Auto Sales (Thailand)

•  SAIC Motor-CP

•  Great Wall Motor Manufacturing (Thailand)

တို့ ဖြစ်ပါသည်။ 

 

EV3.5 မူဝါဒအရ ပါဝင်သူများသည် အခွန်ဌာနထံမှ ပံ့ပိုးကူညီမှုကို ရရှိသည်။

ဘတ် ၂ သန်းအထိ စျေးနှုန်းရှိသော အီးဗီဖြစ်ပြီး 

ဘက်ထရီ အရွယ်အစား ၁၀ မှ ၅၀ ကီလိုဝပ်နာရီ (kWh) အထိ ရှိသည်ထက် ၅၀ ကီလိုဝပ်နာရီ (kWh)အထက် ရှိပါကထောက်ပံ့ကြေး ၂ ဆ ရပါသည်။

 

ဘက်ထရီ အရွယ်အစား ၁၀ မှ ၅၀ ကီလိုဝပ်နာရီ (kWh) အထိရှိသည် ဆိုပါက

• ၂၀၂၄ ခုနှစ်တွင် ဝယ်ယူပါက တစ်စီးလျှင် ဘတ် ၅ သောင်း

• ၂၀၂၅ ခုနှစ်တွင် ဝယ်ယူပါက တစ်စီးလျှင် ဘတ် ၃ သောင်းခွဲ 

• ၂၀၂၆-၂၇  ခုနှစ်တွင် ဝယ်ယူပါက တစ်စီးလျှင် ဘတ် ၂ သောင်းခွဲ 

ထောက်ပံ့ကြေး ရရှိမည်။

 

အကယ်၍ ဘက်ထရီ အရွယ်အစား ၅၀ ကီလိုဝပ်နာရီ (kWh)အထက် ဆိုပါက 

• ၂၀၂၄ ခုနှစ်တွင် ဝယ်ယူပါက တစ်စီးလျှင် ဘတ် ၁ သိန်း

• ၂၀၂၅ ခုနှစ်တွင် ဝယ်ယူပါက တစ်စီးလျှင် ဘတ် ၇ သောင်းခွဲ 

• ၂၀၂၆-၂၇ ခုနှစ်တွင် ဝယ်ယူပါက တစ်စီးလျှင် ဘတ် ၅ သောင်း 

ထောက်ပံ့ကြေး ရရှိမည်။

 

• ပစ်ကပ် အီးဗီ ဈေးနှုန်း ဘတ် ၂ သန်းအထိ၊ ဘက်ထရီ 50 kWh နှင့် အထက်သည် တစ်စီးလျှင် ဘတ် ၁ သိန်း ထောက်ပံ့ကြေး ရရှိမည်။

 

• လျှပ်စစ်မော်တော်ဆိုင်ကယ် ဈေးနှုန်း ဘတ် ၁ သိန်းခွဲအောက် ဘက်ထရီ 3 kWh နှင့်အထက်သည် တစ်စီးလျှင် ဘတ် ၁ သောင်း  ထောက်ပံ့ကြေး ရရှိမည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 322 times