လျှပ်စစ်ကား ဘက်ထရီ မီးလောင်မှု ဘေးကင်းစေရေး စီမံဆောင်ရွက်
လျှပ်စစ်ကားတွေမှာ သုံးစွဲတဲ့ လစ်သီယမ်အိုင်းယွန်း ဘက်ထရီ မီးလောင်ခြင်းနှင့် စပ်လျဉ်း၍ အရေးပေါ်အခြေအနေမှာ တုံ့ပြန်ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်စေဖို့ အကြံပြု လမ်းညွှန်ချက်များကို အမေရိကန်နိုင်ငံ အမျိုးသား ပို့ဆောင်ရေး ဘေးကင်းလုံခြုံရေး ဘုတ်အဖွဲ့ National Transportation Safety Board (NTSB) က ထုတ်ပြန်ထားပါတယ်။
အဆိုပါ အကြံပြုလမ်းညွှန်ချက်များကို လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း ၂၂ ခုထံ ပေးပို့ခဲ့ပါတယ်။
NTSB ရဲ့ အကြံပြုလမ်းညွှန်ချက်များကို လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း ၈ ခု ဖြစ်ကြတဲ့ Honda , Hyundai, Mitsubishi , Porsche, Proterra , Belgian manufacturer Van Hool, Volkswagen, Volvo တို့က လုပ်ဆောင်ရမယ့် အချက်များကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြပြီ ဖြစ်ပါတယ်။
Ford, General Motors, Tesla နှင့် Toyota တိုအပါအဝင် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း ၁၂ ခုတို့က လုပ်ငန်းစဉ် အဆင့်ဆင့်ကို လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။
MyanmarAutomobileGuide