ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ လျှပ်စစ်ကားများနှင့် ဆက်စပ်ပစ္စည်းများပြပွဲ မေ ၁၂ ရက်တွင် ကျင်းပမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
လျှပ်စစ်သုံးကားများနှင့် ဆက်စပ် ပစ္စည်းများ ပြပွဲကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်၌ မေ ၁၂ ရက် ခင်းကျင်း ပြသမည်။
ကားကုမ္ပဏီများမှ တင်သွင်းထားသည့် လျှပ်စစ်သုံးကားများအပြင် အမြန်အားသွင်းစနစ် အားသွင်းရုံ နှင့် ဆက်စပ်ပစ္စည်း အမျိုးအစားများ စုံလင်စွာပြသမည်။
လျှပ်စစ်သုံးကားများ တင်သွင်းဖြန့်ဖြူးပြီး အားသွင်းရုံများ တည်ဆောက်သည့်
Chin Dwin Shan (CDS)၊
Essential Motors (EM)၊
Myanmar Brilliance Auto coya (MBA)
Asia Pacific Automaker Corporation (APAC)
NPK Motors
Super Seven Star (SSS)
တို့က လျှပ်စစ်ကားများ၊ အမြန်အားသွင်းစနစ် အားသွင်းရုံများ ဆက်စပ်ပစ္စည်း အမျိုးအစား အမျိုးမျိုးတို့ကို ပြသမည် ဖြစ်သည်။