ဓာတ်အားမလုံလောက်သဖြင့် အီးဗီများ တန်းစီနေကြရ


ဓာတ်အားမလုံလောက်သဖြင့် အီးဗီများ တန်းစီနေကြရ

 

ယခုအခါ တရုတ်နိုင်ငံတွင်ဘက်ထရီကား (BEV) ၈ သန်းခန့်  နှင့် ပလပ်ထိုး ဟိုက်ဘရစ်ကား (PHEV) ကားအစီးရေ ၂ သန်း  သုံးစွဲနေကြပါတယ်။  ဓာတ်ဆီ ဒီဇယ်ဆီ အင်ဂျင်ကားအသစ်တွေ ကနဦး မှတ်ပုံတင်ဖို့ ခွဲတမ်း သတ်မှတ်ထားပြီး နံပါတ်ရဖို့ မဲနှိုက်ရပါတယ်။ မဲပေါက်မှ ကနဦး မှတ်ပုံတင်ခွင့် ရပါတယ်။ မြို့ကြီးတွေ အတော်များများမှာ ခွဲတမ်းက ၅ နှစ်စာ ပြည့်နေပါပြီ။

 

အင်ဂျင်ကားအသစ် စီးဖို့ လေးငါးနှစ် စောင့်မယ့်အစား ကနဦး မှတ်ပုံတင်ဖို့ လွယ်ကူတဲ့ အီးဗီအသစ်ကို ဝယ်စီးကြပါတယ်။ ဒီတော့ အီးဗီတွေ များသည်ထက် ပိုများလာနေပါတယ်။တရုတ်ပြည် တောင်ပိုင်းမှာ အီးဗီစီးသူများ ည ၈ နာရီမှ မနက် ၅ နာရီအထိ အားသွင်းရုံနှင့် ဘက်ထရီလဲရုံများမှာ ညလုံးပေါက် တန်းစီပြီး အားသွင်းနေကြရပါတယ်။ 

 

 

တရုတ်ပြည် တောင်ပိုင်းမှာ ၁၉၆၁ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးသော အပူလှိုင်းကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာရာ မဟာဓာတ်အားလိုင်းများ မနိုင်မနင်း ဖြစ်နေတာကြောင့် ခွဲတမ်းစနစ်ဖြင့် ဓာတ်အား ဖြန်ဖြူးနေရပါတယ်။ အီးဗီ အားသွင်းရုံများနှင့် ဘက်ထရီလဲရုံများ ရပ်ဆိုင်း/ လျှော့ချထားရန် ညွှန်ကြားထားပါတယ်။  အီးဗီတွေကို ညသန်းခေါင်ကျော်မှ အားသွင်းခွင့် ပေးပါတယ်။ မနက် ၅ နာရီမှာ ရပ်ကြရပါတယ်။ 

မိုးထိတိုက်တာများရဲ့ အိမ်ရာတိုက်ခန်းမှာ နေထိုင်တဲ့ အီးဗီပိုင်ရှင်တွေအဖို့ အားသွင်းရုံတွေမှာသာ အားသွင်းကြရပါတယ်။  ဒီတော့ ညဘက် အားသွင်းရုံတွေမှာ အားသွင်းဖို့ တန်းအရှည်ကြီးစီကြရပါတယ်။ 

 

 

အပူလှိုင်းကြောင့် ရေခန်းခြောက်လိူ့ ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့ကျပါတယ်။ Sichuan ပြည်နယ်က ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းဖို့ ရေအားလျှပ်စစ်ကို ၈၀% အားကိုးထားပါတယ်။ 

 

 

ထုတ်လုပ်မှု လျော့ကျနေချိန်မှာ သုံးစွဲမှုက အသုံးကြမ်းနေပါတယ်။ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် အရေအတွက် သန်းချီတဲ့ အိမ်ရာတိုက်ခန်းတွေမှာ အရေအတွက် သန်းချီတဲ့ အဲကွန်းတွေ ဖွင့်ထားကြရလို့ မဟာဓာတ်အားလိုင်း မနိုင်မနင်းဖြစ်တာကြောင့် အာဏာပိုင်တေ‌ွက ဓာတ်အားကို ခွဲတမ်းစနစ်ဖြင့် ပေးတဲ့အတွက် အီးဗီတွေ အားသွင်းဖို့ အခက်ကြုံကြပါတယ်။

 

တရုတ်ပြည်တောင်ပိုင်း ပြည်နယ် ၃ ခု ဖြစ်တဲ့ Sichuan၊ Hunan၊ Zhejiang နှင့် Jiangxi တို့မှ ဓာတ်အားကို ခွဲတမ်းဖြင့် ဖြန့်ဖြူးပါတယ်။ ဓာတ်အားသုံးစွဲမှုများတဲ့ စက်ရုံတွေ ပိတ်ခိုင်းလို့ ပိတ်ထားရပါတယ်။ ရုံးတွေမှာ လေအေးစက် ပိတ်ထားရလို့ အပူဒဏ်မခံနိုင်လို့ အိမ်မှ အလုပ်လုပ်ကြပါတယ်။ မဖွင့်မဖြစ်တဲ့ လက်လီအရောင်းဆိုင်တွေမှာ မရှိမဖြစ် ဝန်ထမ်းဦးရေဖြင့်သာ လုပ်ကိုင်ကြပါတယ်။

 

 

Nio နှင့် Geely တို့ရဲ့ ဘက်ထရီအလုံးလိုက် လဲလှယ်တပ်ဆင်ပေးတဲ့ အီးဗီ EV ဘက်ထရီလဲလှယ်ရေးရုံများကို ရပ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။ DC  အမြန်အားသွင်းရုံတွေမှာ အများစုကို ရပ်ခိုင်း ထားပါတယ်။ အားသွင်းခွင့် ရတဲ့ရုံတွေက်ုလည်း ၂၄ နာရီပတ်လည် လုပ်ကိုင်ခွင့်မပေးဘဲ သတ်မှတ်ချိန် နာရီပိုင်းကိုသာ အားသွင်းခွင့် ပေးပါတယ်။ Chengdu မှာ Tesla Supercharger ၃၁ ခု ရှိတဲ့အနက် ၂ ခုကိုသာ အချိန်ပိုင်းဖြင့် အားသွင်းရန် ခွင့်ပြုထားပါတယ်။ 

 

 

တက္ကဆီ ယာဉ်မောင်းတစ်ဦးက အားသွင်းရုံမှာ ည ၈ နာရီဝန်းကျင် တန်းစစီပါတယ်။ မနက် ၄ နာရီသာသာမှာ သူ့အလှည့် ရောက်ပါတယ်။ သူ့အီးဗီက ပုံမှန်အားဖြင့် အားအပြည့်သွင်းထားရင် ၄၀၀ ကီလိုမီတာ သွားနိုင်ပါတယ်။ ယခုအခါ အပူပြင်းတာကြောင့် အဲကွန်းကို အသားကုန် တောက်လျှောက် ဖွင့်ထားရလို့ သွားနိုင်တဲ့ ကီလိုမီတာ ၄၀၀ ကို မရနိုင်တော့ကြောင်း သူက ပြောပြပါတယ်။ "ဘက်ထရီ အားကုန်တာ တအားမြန်တယ်" လို့ သူက သည်းပါတယ်။


အီဗီကို စိတ်ကုန်သွားပြီလားလို့ သူ့ကို မေးတော့ သူက အီးဗီကို နှစ်သက်တုန်းပဲ၊ ဒါပေမဲ့ပါဝါခွဲတမ်းနဲ့  အားသွင်းဖို့ တန်းအရှည်ကြီးစီရတာကိုတော့ သူ မကြိုက်ဘူးလို့ ဖြေပါတယ်။


Source wapcar

#MyanmarAutomobileGuide 

 Telegram Channel  https://t.me/Guid4U

Read 18139 times