တရုတ် အီးဗီကို ယှဉ်နိုင်ရန် ဥရောပ ကားလုပ်ငန်းများ ကုန်ကျစရိတ် လျှော့ချရန် ကြိုးပမ်းမည်


တရုတ် အီးဗီကို ယှဉ်နိုင်ရန် ဥရောပ ကားလုပ်ငန်းများ ကုန်ကျစရိတ် လျှော့ချရန် ကြိုးပမ်းမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


၂၀၂၂ ခုနှစ်တွင် တရုတ်ကားထုတ်လုပ်သူများသည် ဥရောပ အီးဗီ စျေးကွက်တွင် ၂၀၂၁ ခုနှစ်ထက် ၂ ဆ နီးပါး ပိုမိုရရှိခဲ့ရာ ဈေးကွက်ဝေစု ၉% ရရှိခဲ့သည်။ ယခုနှစ် ၂၀၂၃ ခုနှစ်တွင်လည်း ဈေးကွက်ဝေစု ထပ်များလာမည်ဟု ခန့်မှန်းထားကြသည်။

သုတေသီ Jato Dynamics ၏ အဆိုအရ အမေရိကန်မှ Tesla နှင့် တရုတ်မှ SAIC ၏ MG တို့သည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ဥရောပတွင် အကြီးမားဆုံး စျေးကွက်ဝေစု ရရှိသူများဖြစ်သည်။

ဈေးသက်သာသည့် တရုတ်အီးဗီများက ဥရောပတွင် ဈေးကွက်ဝေစု ကျူးကျော်သိမ်းပိုက်ခြင်း အပေါ် ဥရောပ ကားလုပ်ငန်းများ စိုးရိမ်ပူပန်နေကြသည်။ 
တရုတ် အီးဗီကို ယှဉ်နိုင်ရန် ဥရောပ ကားလုပ်ငန်းများသည် အီးဗီ ကုန်ကျစရိတ် လျှော့ချရန် ကြိုးပမ်းနေကြသည်။

ပြင်သစ်နိုင်ငံမှ Renault က ၎င်း၏လျှပ်စစ်မော်ဒယ်များအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ကို ၄၀% လျှော့ချရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

 ဘဏ္ဍာရေးမှူးချုပ် Thierry Pieton က ဈေးနှုန်းပြိုင်ဆိုင်မှုကို ကာကွယ်ရန်အတွက် Renault အဖို့ အကောင်းဆုံး နည်းလမ်းမှာ  ဖွံ့ဖြိုးရေးမှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရည်မှန်းထားသော ၄၀% လျှော့ချရေးသည် ၂၀၂၇ ခုနှစ်မှာ စတင်မည် ဖြစ်သည်။
ကုန်ကြမ်းစရိတ်များ ကျဆင်းမှုကြောင့် ယခုနှစ် ဒုတိယနှစ်ဝက်မှစ၍ ထုတ်လုပ်မှုစရိတ်များ သိသိသာသာ သက်သာလာမည်ဖြစ်ကြောင်း အမှုဆောင်ချုပ် Luca de Meo က ပြောကြာသည်။

အဓိကအားဖြင့် ဘက်ထရီ ကုန်ကျစရိတ်များကြောင့် ဓာတ်ဆီကားများထက် ဈေးမြင့်နေသော လျှပ်စစ်ကားများကို စျေးနှုန်းသက်သာစေရေးသည် ကမ္ဘာတစ်ဝှမ်းရှိ ကားထုတ်လုပ်သူများအတွက် ဦးစားပေးတစ်ခု ဖြစ်လာသည်။

ကားထုတ်လုပ်ရေးကုမ္ပဏီများ ပေါင်းစည်းထားသည့်  Stellantis ၏ CEO ဖြစ်သူ Carlos Tavares က တရုတ်ထုတ်လုပ်သူများနှင့် ပြိုင်ဆိုင်မှုသည် အလွန်ရက်စက်လိမ့်မည်ဟု သတိပေးခဲ့သည်။

"သူတို့ရဲ့ ကုန်ကျစရိတိ ယှဉ်ပြိုင်နိုင်မှုက ကျွန်တော်တို့ထက် ၂၅% သာတယ်။ ငါတို့ တိုက်မှ ရမယ်" ဟု သူက ပြောသည်။

"ကျွန်တော်တို့ရဲ့ လူလတ်တန်းစားများအတွက် တတ်နိုင်သောစျေးနှုန်းများဖြင့် ရောင်းချတဲ့အခါ အမြတ်အစွန်း ဆက်လက်ရရှိနေစေဖို့အတွက် ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပေးဖို့ လိုအပ်ပါတယ်" ဟု သူက ပြောသည်။

 Tavares က ဥရောပ ကားထုတ်လုပ်သူများသည် ပြိုင်ဘက် တရုတ်တို့နည်းတူ အလားတူ လက်နက်များဖြင့် တိုက်ပွဲဝင်ကြရမည်ဟု ပြောကြားသည်။
ယာဉ်အစိတ်အပိုင်းများ ယာဉ်ပစ္စည်းများကို ကုန်ကျစရိတ် သက်သာသည့် နိုင်ငံများထံမှ ရယူကြရမည်။ 
ဘက်ထရီအတွက် စွမ်းအင်၊ ကုန်ကျစရိတ်နှင့် အလေးချိန် သုံးမျိုးပေါင်း အကောင်းဆုံး ပေးနိုင်သည့်သူများနှင့် စီးပွားဘက်ပြုထားရမည်။
"ဒီနည်းလမ်းဖြင့် Citroën C3 ကို ယူရို ၂၅,၀၀၀ ဝန်းကျင်ဖြင့် ရောင်းနိုင်အောင် လုပ်ကြရမယ်။ ဈေးနိမ့်ပေမဲ့ အမြတ်အစွန်း ရနေမယ်" ဟု ၎င်းက ပြောကြားသည်။

တချိန်တခါက ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သည့် တရုတ်ကားဈေးကွက်ကို ကြီးစိုးထားခဲ့ကြသည့် အနောက်တိုင်း ကားလုပ်ငန်းများသည် ယခုအခါ ဈေးကွက်ဝေစုများ ဆုံးရှုံးနေကြသည်။ တရုတ်ကားထုတ်လုပ်သူများက ဈေးကွက်ဝေစုများ ရယူနေကြသည်။

Mercedes-Benz က ၎င်း၏ဗျူဟာကို ဆက်လက်ကိုင်စွဲထားမည်။  တရုတ်နိုင်ငံတွင် ရောင်းဈေးနှုန်းများ လျှော့ချပြီး ရောင်းအားမြှင့်တင်ခြင်းဖြင့် စျေးကွက်ဝေစု ပိုရအောင် ဈေးချရောင်းနေကြသည့် စျေးနှုန်းစစ်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

Volkswagen သည် တရုတ်လုပ်ဖော်ကိုင်ဖက်များနှင့်အတူ မော်ဒယ်အသစ်များ တည်ဆောက်ရန် နှင့် တရုတ်ပြည်တွင်  ပလက်ဖောင်းများကို ပူးတွဲဖန်တီးရန် လုပ်ဆောင်နေသည်။

Mercedes စီအီးအို Ola Kaellenius က ပရီမီယံကားထုတ်လုပ်သူ Mercedes ကလည်း တရုတ်ပြည်တွင်းမှ ကားဝယ်စီးသူများ အကြိုက်တွေ့စေမည့် မော်ဒယ်များ ထုတ်လုပ်ရန်  တရုတ်နိုင်ငံရှိ မိတ်ဖက်များနှင့် လက်တွဲလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

 Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 5453 times