လျှပ်စစ်ကားများဆီသို့ ကူးပြောင်းနှုန်း အမြန်ဆုံး နိုင်ငံများ


လျှပ်စစ်ကားများဆီသို့ ကူးပြောင်းနှုန်း အမြန်ဆုံး နိုင်ငံများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

လျှပ်စစ်ကား စစ်စစ်များ ရောင်းဈေး ဈေးချရောင်းလာကြခြင်း၊ နည်းပညာ တိုးတက်ကောင်းမွန်လာခြင်း၊ အစိုးရတို့က အားပေးထောက်ကူခြင်းတို့ကြောင့် အီးဗီ ရောင်းအား မြင့်တက်လာသည်။ 

နိုင်ငံတကာ စွမ်းအင်အေဂျင်စီမှ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း ရောင်းချခဲ့သည့် အိမ်စီးကားများ၏ ၁၀ ရာခိုင်နှုန်းသည် ဘက်ထရီသုံး လျပ်စစ်ကားများ ဖြစ်သည်။

အဓိက ကားဈေးကွက်များကို ကြည့်လျှင် တရုတ်ဈေးကွက်သည် လျှပ်စစ်ကားများဆီသို့ ကူးပြောင်းနှုန်း အမြန်ဆုံးဖြစ်သည်။ ရောင်းချသည့် အိမ်စီးကားများတွင် ၂၂% သည် ဘက်ထရီသုံး လျပ်စစ်ကားများ ဖြစ်သည်။ 
အီးယူ‌ေဈးကွက်သည် ၁၂% ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
မြောက်အမေရိကဈေးကွက်သည်  ၆% ဖြင့် တတိယနေရာတွင် ရှိနေသည်။
အမေရိကန်တွင် ဘက်ထရီသုံး လျှပ်စစ်ကားထက် အင်ဂျင်ဘက်ထရီ နှစ်မျိုးစပ် ဟိုက်ဘရစ်ကို လူကြိုက်ပိုများနေသဖြင့် လျှပ်စစ်ကားများဆီသို့ ကူးပြောင်းနှုန်း နှေးနေဦးမည် ဖြစ်သည်။

နိုင်ငံအလိုက် ကြည့်မည်ဆိုလျှင် လျှပ်စစ်ကားများဆီသို့ ကူးပြောင်းနှုန်း အမြန်ဆုံးနိုင်ငံများတွင် နော်ဝေးသည် ထိပ်ဆုံးမှာ နေရာယူထားသည်။ ၂၀၂၂ ခုနှစ်တွင် အိမ်စီးကား ရောင်းအား၏  ၈၀% သည် လျှပ်စစ်ကားစစ်စစ်များ ဖြစ်သည်။

လျှပ်စစ်ကားများဆီသို့ ကူးပြောင်းနှုန်း အမြန်ဆုံးနိုင်ငံများ ထိပ်တန်း(၅) စာရင်းတွင် ကျန်သည့် ‌၄ နိုင်ငံတို့မှာ
• အိုက်စလန် (၄၁%)၊ 
• ဆွီဒင် (၃၂%)၊ 
• နယ်သာလန် (၂၄%)နှင့် 
• တရုတ် (၂၂%)
တို့ ဖြစ်ပါသည်။

အီးဗီ သုံးစွဲမှု ကမ္ဘာ့ ရည်မှန်းချက်မှာ ၂၀၃၀ ခုနှစ်တွင် အီးဗီ သုံးစွဲမှု ရာခိုင်နှုန်း ၇၅% မှ ၉၅% အထိ ဖြစ်ပါသည်။

 Source cleantechnica
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1114 times