အရင်က Range အားနည်းကြောင်း စိုးရိမ်ဖို့ကောင်းပေမယ့် ယနေ့ EV မော်ဒယ်အသစ်တွေမှာ
ကားမောင်းမှုရဲ့ ၉၉% ဟာ မိုင်(၁၀၀ )အောက်ပဲအများဆုံးရှိတတ်ကြခြင်း
၂၀၀+ မိုင်သွားနိုင်တဲ့ မော်ဒယ် ၃၀ ကျော်ရှိခြင်း
၃၀၀+ မိုင်သွားနိုင်တဲ့ မော်ဒယ်တွေတောင် ရှိလာပြီး
Rapid Charger စနစ်တွေကလည်း Europe ထဲမှာ UK က အများဆုံးဖြစ်နေပြီ။
Range နဲ့ပတ်သက်တဲ့ စိုးရိမ်မှုဟာ အရင်ကလို မဟုတ်တော့ပါဘူး။
ဝယ်ချိန်မှာ တော့ပေးရတဲ့စျေးမြင့်ပေမယ့် TCO (Total Cost of Ownership) အရ EV မှာ
လျှပ်စစ်သုံးစရိတ် ၁ မိုင်ကို ၈p( euro pennies) ခန့်ပဲရှိခြင်း
Battery ထုတ်လုပ်စရိတ် လျော့နည်းလာပြီး ၂၀၂၅ နောက်ပိုင်းမှာ မဆိုသလောက်ဈေးလေးတစ်ခုကိုရောက်လာနိုင်ကြောင်းမျှော်လင့်ထားကြပြီး
Tesla တို့လို Brand တွေကတော့ မော်ဒယ်တချို့ကို ၂၀% ခန့်တောင် စျေးလျှော့ကြတဲ့ “dynamic pricing” ကို အသုံးပြုနေပြီ။
ဒီအချက်ကတော့ လုံးဝမှားပါတယ်။
EV Battery Warranty များ ၈–၁၀ နှစ်ရှိကြပြီး တော့ Lifespan (ကြာရှည်ခံနှုန်း) အနေနဲ့လည်းတော်တော်များများ ၁၅ နှစ်ထိ ခံတာမို့လို့ ၅ နှစ်တစ်ခါ battery ပြောင်းစရာလုံးဝမလိုပါဘူး။
EV ကားတွေရဲ့ charging speed ကရေသောက်သလောက်တော့မမြန် မေမယ့်
Charging process ကညလူအိပ်ချိန်မှာအများစုလုပ်တတ်ကြတာဖြစ်လို့ အလျှင်လိုနေစရာဘာအကြောင်းမှမရှိ
100kW Rapid Charger နဲ့ ၂၀ မိနစ်အားသွင်းရုံနဲ့ မိုင်( ၁၂၀ )အထိသွားနိုင်
Charging Speed ကလည်း ရှေ့က EVs တွေနဲ့ယှဉ်ရင် မယုံနိုင်အောင် ၅ ဆထိ မြန်လာပြီလည်းဖြစ် နေပါပြီ
UK မှာ
1990–ယနေ့ထိ CO₂ Emission ကို 70% လျော့ချနိုင်ခဲ့ခြင်း
2030 တွင် Energy တွေရဲ့ 95% ကို Low carbon sources တွေကနေရရှိမယ်လို့ခန့်မှန်းထား
2035 မှာ Electricity Supply တွေအားလုံးက Low-Carbon sources တွေကနေပဲလာမယ်လို့ခန့်မှန်းထားကြပါတယ်
ဒါ့ကြောင့်EV သုံးခြင်းက ပတ်ဝန်းကျင်နဲ့ ပိုသင့်တင့်လာမယ့် အလားအလာရှိကြောင်းကို ဖော်ပြနေတာလည်းဖြစ်ပါတယ်။
Industry data အရ
EV တွေမှာ Moving Parts ပါဝင်မှုအရေအတွက် ကတော်တော်နည်းသွားပါပြီ
moving parts တွေပိုမိုနည်းပါးလာတာကြောင့် Maintenance လုပ်ဖို့လည်းအရမ်းမလိုတော့
Regenerative Braking system ပါဝင်တာကြောင့် Brake Pad Lifespan ပိုမိုကြာရှည်စွာအသုံးပြုနိုင်
တဲ့အချက်တွေကြောင့် Overall EV ကား breakdown rate လည်းထင်တာထက်ကိုနည်းတယ်လို့ အတည်ပြုထားပါတယ်။