EV ကားပိုင်ရှင်တွေကိုယ့်ကားကိုသန့်ရှင်းရေးမလုပ်ခင်သိထားသင့်တဲ့အချက် (၅)ချက်


 

 

 

EV ပိုင်ရှင်တွေဟာ သန့်ရှင်းရေးလုပ်တဲ့အခါ ကိုယ့် ကားထိခိုက်မှာကိုဆိုးရိမ်‌ နေပြီဆိုရင် သတိထားဖို့ဒီအချက်(၅)ချက်ကိုသိထားဖို့လိုအပ်ပါတယ်။
 

  • ၁) Charging Port အနီးတစ်ဝိုက်ရေခြောက်‌အောင်ထားပါ
    Charging Port က EV ရဲ့ အရေးကြီးဆုံးနေရာဖြစ်တာမို့ကား‌ ရေဆေးပြီးချိန်ရေဆိုသွားပြီး‌‌ နောက်ရေမခြောက်တာမျိုးမဖြစ်စေအောင်သေသေချာချာဂရုစိုက်ပြီး main area တွေကိုမထိခိုက်စေဖို့သတိနဲ့‌ကားကို‌ ရေ‌‌ဆေးသင့်ပါတယ်။

 

  • ၂) Chemical ပြင်းတဲ့ product တွေသုံးခြင်း
    Aggressive detergent တွေ၊ ACID type Cleaner တွေသုံးမိရင် Sensor Cover, Rubber Seal, Paint Coat တွေ ပျက်စီးနိုင်ပါတယ်။ EV တစ်ခုအတွက်ဒီလိုအပြင်းစား productတွေအသုံးပြုစရာမလိုပဲ  ခက်ပျော့‌ပျော့ဖြစ်ပြီး pH level neutral ဖြစ်တဲ့ EV friendly Shampoo တွေပဲသုံးဖို့အကြံပြုချင်ပါတယ်။

 

  • ၃)Water pressure အပြင်းစားနဲ့ဆေးခြင်း
    ရေနဲ့ကိုယ့်ကားကိုဆေးတာတောင် Water pressure အပြင်းစားတွေနဲ့ကားကိုဆေးမိရင် Sensor၊ Door Seal၊ Charging Socket ပိုင်းတွေထဲကို ရေဝင်စေနိုင်ပြီး Damage အဖြစ်လွယ်တာမို့ ဖြစ်နိုင်ရင် ‌water pressure ကို Medium-Pressure လောက်နဲ့ဘဲဆေးဖို့လိုအပ်ပါတယ်။

 

  • ၄) Car ကိုမအပ်ဆက်တဲ့နည်း‌နဲ့‌‌ ဆေးခြင်း
    တစ်ချို့ကားရေဆေးဆိုင် တွေမှာဆိုရင် စက်တွေနဲ့လျှော်တတ်သလို Brush အမာစားကြီးတွေနဲ့လည်းကားကိုလျှော်တတ်ကြပါတယ်

  •  ဒါတွေက EV ရဲ့ Paint, Camera, Radar Sensor တွေကို ပျက်ဆီးစေနိုင်ပါတာ‌ ကြောင့် ဖြစ်နိုင်ရင် တော့Contactless Wash ကိုရွေးချယ်နိုင်ရင်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

 

  • ၅) Battery ပတ်ဝန်းကျင်ကို ရေဆေးပြီးနောက် မစစ်‌ဆေးပဲထားခြင်း
     EV Battery Pack က ရေကာကွယ်ထားပြီးသားဆိုပေမယ့် Connector Zone ပတ်လည်မှာ ရေ‌တွေကျန်နေနိုင်ပါတယ်။ ဒါကြောင့်‌ ရေဆေးပြီးတိုင်း Battery Part ဝန်းကျင် ကိုစမ်းသပ်စစ်ဆေးဖို့လိုပါတယ်။ 

ကိုယ့်ရဲ့ EV ကား performance နဲ့ lifespan ကိုမထိခိုက်စေဖို့ ကားရေဆေးတဲ့အချိန်မှာတောင် ဒီအချက်လေးတွေကိုလိုက်နာနိုင်အောင်ကြိုးစားဖို့လိုအပ်ပါလိမ့်မယ်

Read 303 times