EV ကားများရောင်းချမှုနှင့် ပတ်သက်၍ အရေးယူမည်


EV ကားများရောင်းချမှုနှင့် ပတ်သက်၍ အရေးယူမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL



အသိပေးကြေညာချက်


၁။ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် လျှပ်စစ်သုံးယာဉ်များအား လူမှုကွန်ယက်များတွင်လည်းကောင်း၊ Show Room များတွင်လည်းကောင်း Pre Order ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။


၂။ ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ်များ ပြန်လည်ရောင်းချရာ၌

  • CIF တန်ဖိုးအပေါ် အမြတ် (၂ဝ) ရာခိုင်းနှုန်းထက်ပိုမိုရောင်းချခြင်း မပြုရန်၊
  • လူမှုကွန်ယက်တွင် ကြော်ငြာရောင်းချခြင်း မပြုရန်၊
  • မော်တော်ယာဉ် ရောက်ရှိခြင်းမရှိဘဲ Pre Order ဖြင့် ကြိုတင်ရောင်းချခြင်းမပြုရန်

အသိပေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။


 ၃။ သို့ဖြစ်ပါ၍ အထက်အပိုဒ် (၂) ပါ တားမြစ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စီမံခန့်ခွဲမှု နည်းလမ်းအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာဥပဒေအရ အရေးယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။


လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီ


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 140 times