China | (Shenzhen) မြို့အခြေစိုက် BYD Auto Industry Co., Ltd. ဟာ ၂၀၂၅ ခုနှစ်ထဲမှာ အီးယူး (Europe)အတွင်း EV ဈေးကွက်အတွက် စံချိန်တင်ရောင်းအားတစ်ခုတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
BYD ရဲ့ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း ဥရောပဈေးကွက်ထဲရှိ ဂျာမနီ၊ ပြင်သစ်၊ နော်ဝေ၊ နယ်သာလန် စတဲ့နိုင်ငံများတွင် ရောင်းအားတိုးတက်မှု (၇၀) ရာခိုင်နှုန်းကျော် တွေ့ရှိရခဲ့ပြီး အထူးသဖြင့် Atto 3, Seal, Dolphin စတဲ့ မော်ဒယ်တွေဟာ ဈေးနှုန်းသက်သာပြီး ယုံကြည်ရနိုင်တဲ့ EV များအဖြစ် ဥရောပနိုင်ငံသားများထဲမှာ နာမည်ကြီးလာနေတယ်လို့ သိရပါတယ်။
စီးပွားရေးသုံးသပ်သူများကတော့ BYD ရဲ့ အကြီးမားဆုံးအားသာချက်ဟာ battery နဲ့ semiconductor ကို ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့ vertical integration စနစ် ဖြစ်တာကြောင့် တခြားကုမ္ပဏီတွေလို ကုန်ကြမ်းဈေးမြင့်ခြင်းရဲ့ သက်ရောက်မှုက BYD အတွက်ပေါ့ပါးတဲ့ကိစ္စလေးတစ်ခုအဖြစ် ထိန်းနိုင်တာဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါနဲ့အတူ Tesla ကတော့ ဥရောပအချို့ဈေးကွက်တွေမှာ ထုတ်လုပ်မှုနဲ့ပေးပို့မှုနည်းလမ်းများ တားဆီးခံရခြင်းကြောင့် ရောင်းအားကျဆင်းလာတာလည်း တွေ့ရပါတယ်။
BYD ရဲ့ ဥရောပအောင်မြင်မှုဟာ Global အဆင့်မှာလည်း ဆက်လက်တိုးတက်နေပြီး ကမ္ဘာအနှံ့အပြားမှာ စုစုပေါင်း EV ရောင်းအား (၆) သန်းကျော်ရောက်ပြီဖြစ်ပါတယ်။ ထို့အပြင် Hungary နဲ့ Thailand မှာ ထုတ်လုပ်မှုစက်ရုံအသစ်တွေဖွင့်လှစ်ထားတာကြောင့် ၂၀၂၆ အတွင်းမှာ Tesla ရဲ့ ဈေးကွက်ခေါင်းဆောင်နေရာကို စိန်ခေါ်နိုင်မယ့်အခြေအနေတစ်ခုဖြစ်လာနိုင်တယ်လို့ စက်မှုသုံးသပ်ပညာရှင်များက ခန့်မှန်းထားကြပါတယ်။
Article Reference: