ဥရောပ အီးဗီဈေးကွက်နှင့် တရုတ်အီးဗီများအပေါ် သဘောထားအမြင်များ


ဥရောပ အီးဗီဈေးကွက်နှင့် တရုတ်အီးဗီများအပေါ် သဘောထားအမြင်များ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၀၂၃ ဇန်နဝါရီလလယ်ပိုင်းတွင် ကျင်းပခဲ့သော ရာပြည့် 100th Brussels Motor Show တွင် တရုတ်ထုတ်လုပ်သူများမှ အမြင့်တန်းစည်းစိမ် အီးဗီကားများကို ဥရောပ အီးဗီဈေးကွက်အတွက်  ပြသခဲ့ပါသည်။

ကိုဗစ်ကြောင့် နှစ်နှစ်ကြာ ဆိုင်းငံ့ထားပြီးနောက် Brussels Motor Show သည် ဇန်နဝါရီ ၁၄ ရက်တွင် ပြန်လည်ကျင်းပခဲ့သည်။ ဇန်နဝါရီလ ၂၂ ရက်အထိ ပြသခဲ့သည်။

တရုတ် ကား brand များ ဖြစ်ကြသော BYD, SERES, BAIC, MG တို့အပါအဝင် ကား brand ၅၅ ခု ပါဝင်ပြသခဲ့သည့် ပွဲကြီးပွဲကောင်း ဖြစ်သည်။ 
အပြည့်အဝလျှပ်စစ်ကားစစ်စစ် မော်ဒယ်များ၊ အင်ဂျင် ဘက်ထရီ နှစ်မျိုးစပ် ဟိုက်ဘရစ်များ၊ အစဉ်အလာရှိ ဓာတ်ဆီအင်ဂျင်ကားများနှင့် ဒီဇယ်အင်ဂျင်ကားများ၊ CNG (compressed natural gas) ဂက်စ်အင်ဂျင်ကားများ ပါဝင်ပြသခဲ့ပါသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်း လျှပ်စစ်ကား ထုတ်လုပ်သူ BYD က ATTO 3,  HAN, TANG တို့ကို ပြသသည်။
BYD သည် ဥရောပဈေးကွက်တွင်  နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံတို့တွင် နေရာယူထားပြီးပြီဖြစ်ပြီး ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ပေါ်တူဂီနှင့် ဗြိတိန် တို့ကို ယခုနှစ် ၂၀၂၃ တွင် တိုးချဲ့ဖြန့်ကျက်မည်။

 


ဥရောပ အီးဗီဈေးကွက်ထဲ တရုတ်အီးဗီများ ဝင်လာခြင်းကို လက်ခံကြိုဆိုသူများ ရှိပြီး မလိုလားသည့် သဘောထား ပြသသူများလည်း ရှိနေသည်။ မလိုလားရသည့် အဓိကအကြောင်းရင်း တစ်ခုမှာ ဥရောပမှ အစဉ်အလာကြီးမားသည့် ကားလုပ်ငန်းများ၏ ဈေးကွက်ဝေစု ထိခိုက်မည်ကို စိုးရိမ်ပူပန်ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ အီးဗီ ထုတ်ကုန်များသည် ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးခဲ့သည်။
၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည်စွမ်းအင်သစ်သုံးကားအသစ်" ၆၈၀,၀၀၀ နီးပါး တင်ပို့ခဲ့ပြီး ၂၀၂၁ ထက် ၁၂၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

ဓာတ်ဆီအင်ဂျင်ကားခေတ်တွင် တိုးမပေါက်ခဲ့သော တရုတ်ကားလုပ်ငန်းများသည် စွမ်းအင်သစ်ကားများတွင် ဈေးကွက်ဝေစုများ ရရှိလာကြသည့်အပြင် ဈေးကွက်ဝေစု ပိုများလာနေသည့်အတွက်ကြောင့် စိုးရိမ်ပူပန်ကြခြင်းဖြစ်သည်။
အခြားတစ်ဘက်၌ လက်ခံကြိုဆိုသူများလည်း ရှိနေသည်။ 

"ကျွန်တော်တို့က လွတ်လပ်သောစျေးကွက်ကို လိုလားတယ်။  တရုတ်မှ လာလာ၊  အမေရိကန်မှ လာလာ၊ လာပါစေ။ ယှဉ်ပြိုင်မှုကို ကြိုဆိုပါတယ်" ဟု BMW Group Belux မှ ကော်ပိုရိတ်ဆက်သွယ်ရေးအကြီးအကဲ Jeroen Lissens က ပြောကြားသည်။

ပြိုင်ဆိုင်မှုမရှိဘဲ မော်တော်ကားလုပ်ငန်းကဏ္ဍသည် ယနေ့ ရောက်ရှိနေသည့်နေရာသို့ ရောက်လာစေမည့် ဆန်းသစ်တီထွင်မှုများ ရှိမည်မဟုတ်ဟု သူက မှတ်ချက်ပြုသည်။

ဂျာမန် အမြင့်တန်း ကားထုတ်လုပ်သူ BMW က ပြပွဲတွင် စွမ်းအင်သစ်ကားများ ပြသထားသည်။ တရုတ်ပြည် အရှေ့မြောက်ပိုင်း ရှန်ယန်းတွင် ထုတ်လုပ်နေသည့် အပြည့်အဝလျှပ်စစ်ကား iX3 မော်ဒယ်ကိုလည်း ပြပွဲမှာ ပြသထားသည်။
"တရုတ်က ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ကားဈေးကွက်။ တရုတ်ပြည်မှာ ပြည်ပလုပ်ငန်းက အစုရှယ်ယာ ၇၅% အထိ ပိုင်ဆိုင်တဲ့ ဖက်စပ်လုပ်ငန်းဆိုလို့ ကျွန်တော်တို့ပဲ ရှိတယမ။ အဲဒီမှာ ကျွန်တော်တို့ အီး‌ဗီတွေ ထုတ်လုပ်နေတယ်" ဟု Lissens က ပြောကြားသည်။

 

 

Brussels Motor Show တွင် Volkswagen က အနာဂတ် လျှပ်စစ်ယာဉ်ကို ပြသသည်။Volkswagen ပြခန်းကို ဘရပ်စ်စဲမြို့မှ ကားဖြန့်ဖြူးရေးကုမ္ပဏီ D'Ieteren က စီစဉ်ပြသသည်။

D'Ieteren ၏ ဆက်သွယ်ရေးဒါရိုက်တာ Jean-Marc Ponteville က ဥရောပရှိ မော်တော်ကားစျေးကွက်သည် ပြိုင်ဆိုင်မှု မြင့်မားသည့်အတွက်  ကား သုံးစွဲသူများကို သိသိသာသာ အကျိုးကျေးဇူးခံစားရစေသည်ဟု ပြောကြားသည်။
"ပြိုင်ဆိုင်မှု ရှိတာကောင်းတယ်၊ ဈေးကွက်ကို ရှေ့ကို တိုးတက်စေတယ်" ဟု သူက ပြောကြားသည်။ ကားထုတ်လုပ်သူများ ရပ်တန့်နေ၍ မရသဖြင့် နည်းပညာများ ရှေ့သို့တိုးတက်အောင် ဆန်းသစ်တီထွင်မှုများ လုပ်ဆောင်ကြရသည်။ အီးဗီအတွက်လည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံကြရသည်ဟု သူက ပြောကြားသည်။

"မော်တော်ယာဉ် ထုတ်လုပ်မှုက ပင်ကိုအားဖြင့် နိုင်ငံစုံ ဖြစ်နေပါတယ်။ ကားတစ်စီး တပ်ဆင်ဖို့ ပစ္စည်းတွေကို နိုင်ငံအချို့ထံမှ ရယူပြီး ထုတ်လုပ်ကြတယ်။ ကားတစ်စီးလုံး တစ်ခုမကျန် တစ်နိုင်ငံတည်းမှာသာ ထုတ်လုပ်ထားတာ အင်မတန် ရှားပါတယ်" ဟု သူက ပြောကြားသည်။

တရုတ်ပြည်တွင်းမှ ကားလုပ်ငန်းများသည်လည်း ပြည်ပမှ ဒီဇိုင်းနာများ၊ နည်းပညာများ၊ အင်ဂျင်နီယာများ သုံးစွဲကြသည်။ ပြည်ပမှ brand ကို ဝယ်ယူပြီး တရုတ်ပြည်တွင်းမှာ ကား ထုတ်လုပ်ခြင်းလည်း ရှိသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်းမြို့လအခြေစိုက် အီးဗီထုတ်လုပ်သူ SERES က ပြပွဲတွင် SERES 5 e-SUVမော်ဒယ် ၃ မျိုး ပြသသည်။ 

SERES ထူထောင်သူနှင့် SERES Global စီအီးအို  John Zhang က  SUV ကားသစ်များကို တီထွင်ဖန်တီးခြင်းနှင့် စမ်းသပ်ခြင်း ၅ နှစ်တာကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို သူ အလေးအနက် တန်ဖိုးထားကြောင်း ပြောကြားသည်။

 

"ကားတွေ ဥရောပကို ရောက်လာတဲ့အခါ တရုတ်ပြည်မှ လာတာကြောင့် သဘောထား တစ်မျိုး ဖြစ်စရာ မလိုပါဘူး။ SERES က တရုတ် brand ဖြစ်တာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်ပမှ နည်းပညာတွေ အများကြီး သုံးစွဲပါတယ်။ ကျွန်တော်တို့ရဲ့ ကားတွေမှာ Bosch ကင်မရာတွေ တပ်ဆင်ထားတယ်။ Bosch ချစ်ပ်တွေလည်း သုံးထားတယ်။ တာယာတွေက Pirelli ပါ။ အဲဒါတွေက ဥရောပမှာ ထုတ်လုပ်တာတွေပါ" ဟု Zhang က ပြောကြားသည်။

BYD Europe မှ အကြီးတန်းပြည်သူ့ဆက်ဆံရေး Mike Belinfante က “ကျွန်တော်တို့အားလုံး ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ တစ်ကိုယ်တော် 
သွားတဲ့သူတွေကတော့ ရှုံးမှာပဲလေ။ နည်းပညာတွေနဲ့ အတွေ့အကြုံတွေကို မျှဝေဖို့က ကျွန်တော်တို့ရဲ့ ဘုံအကျိုးဖြစ်ထွန်းမှုပါပဲ” ဟု ပြောကြားသည်။
Source Xinhua 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2354 times