ပင်လယ်နီ ပစ်ခတ်တိုက်ခိုက်များကြောင့် ဥရောပမှ ကားစက်ရုံအချို့ ထုတ်လုပ်မှု ယာယီရပ်ဆိုင်း


ပင်လယ်နီ ပစ်ခတ်တိုက်ခိုက်များကြောင့် ဥရောပမှ ကားစက်ရုံအချို့ ထုတ်လုပ်မှု ယာယီရပ်ဆိုင်း

https://t.me/Guid4U
JOIN THE CHANNEL 

 

ပင်လယ်နီတွင် ဟိုသီစစ်သွေးကြွများက ဖြတ်သန်းသွားလာသည့် ပင်လယ်ရေကြောင်း သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်းများကြောင့် သင်္ဘောများသည် ပင်လယ်နီကို ရှောင်ကွင်းကြရသည်။ ပင်လယ်နီမှတစ်ဆင့်သာ သွားရသည့် စူးအက်တူးမြောင်း ဖြတ်လမ်းကို အသုံးမပြုနိုင်တော့ဘဲ ခရီးတာရှည်လျားသည့် အာဖရိက တောင်ဘက်အစွန်မှ ကွေ့ပတ်သွားလာကြသည်။ သို့ဖြစ်ရာ ဥရောပသို့ ကွန်တိန်နာများ အရောက်နောက်ကျကုန်သည်။

 

 

 တက်စလာသည် ဂျာမနီနိုင်ငံ ဘာလင်မြို့မှ ကားစက်ရုံအတွက် ပစ္စည်းများ ပါသည့် ကွန်တိန်နာများ အရောက်နောက်ကျသဖြင့် ထုတ်လုပ်မှုကုိ မလွှဲမရှောင်သာ ယာယီရပ်ဆိုင်းရသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၁၁ ရက်အထိ ၂ပတ်ကြာ ရပ်နားထားမည် ဖြစ်သည်။

 

ဂျာမနီရှိ Tesla ၏ စက်ရုံသည် ဘက်ထရီ အပါအဝင် အာရှမှ တင်ပို့ပေးသည့် ပစ္စည်းများအပေါ်  မှီခိုထားသဖြင့် အာရှမှ ပေးပို့သည့် ကွန်တိန်နာများ အချိန်မီ ရောက်မလာသဖြင့် ထုတ်လုပ်မှု ရပ်နားရပါသည်။

 

ပင်လယ်နီတွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တရုတ်ပြည်မှ  ဥရောပသို့ လျှပ်စစ်ကားများ ပို့ဆောင်မှု ကြန့်ကြာသွားနိုင်ကြောင်း တရုတ်ကားထုတ်လုပ်သူများကလည်း ပြောကြားထားသည်။

 

ဟန်ဂေရီနိုင်ငံရှိ Suzuki Motor ၏ ကားစက်ရုံသည်လည်း ဂျပန်တွင် ထုတ်လုပ်သည့် အင်ဂျင်များပါသည့်  ကွန်တိန်နာများ အချိန်မီ ရောက်မလာသဖြင့် ထုတ်လုပ်မှု ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်အထိ ယာယီရပ်နားထားမည် ဖြစ်ကြောင်း၊  Vitara နှင့် S-CROSS မော်ဒယ်များ ထုတ်လုပ်မှု ရပ်ထားမည်ဟု စူဇူကီးက ကြေညာခဲ့ပါသည်။ 

 

Geely ပိုင်ဆိုင်သည့် Volvo Car ကလည်း ဥရောပတွင် ကားထုတ်လုပ်မှုများ ယာယီရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့ပါသည်။

ဂီယာဘောက်စ်များ ပေးပို့မှု နှောင့်နှေးသွားခြင်းကြောင့် ဘယ်လ်ဂျီယံနိုင်ငံရှိ စက်ရုံကို သုံးရက်ကြာ  ခေတ္တရပ်ထားမည်ဟု ကြေညာခဲ့ပါသည်။ 

 

 

ဥရောပမှ Stellantis, BMW, Volkswagen, Renault တို့က ပင်လယ်နီ တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ထုတ်လုပ်ရေး ထိခိုက်မှု မရှိဟု ကြေညာခဲ့ပါသည်။

 

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 157 times