ကူးစက်ပျံ့နှံ့မှုကြောင့် မော်တော်ကားအရောင်းအ၀ယ်ကျဆင်းမှုသည် ပိတ်ဆို့ကန့်သတ်မှုများကိုရုပ်သိမ်းသည့် ကာလတိုမှ အပတစ်နှစ်လုံး ကျဆင်းခဲ့သည်။
Covid-19 ပြန့်ပွားမှုကိုတားဆီးရန် နိုင်ငံများက ကန့်သတ်ချက်များကို ပြန်လည်ပြဌာန်းခဲ့ပြီး ကာလတိုသက်တမ်း ၀ယ်လိုအား ပြန်ကောင်းလာခြင်း အဆုံးသတ်သွားသဖြင့် ဥရောပကားဈေးကွက်တွင် ကားများသည် ပြီးခဲ့သည့် လက ရောင်းအား ကျဆင်းခဲ့သည်။
အောက်တိုဘာလတွင် ကားသစ်များ မှတ်ပုံတင်ခြင်း ၇.၁% ကျဆင်းသွားသည်ဟု ဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း က ပြောကြားခဲ့သည်။ စက်တင်ဘာလတွင်အမြတ်အနည်းငယ်ရရှိသည့် အပြင်ရောင်းအားကျဆင်းခဲ့ပြီးတစ်နှစ်အတွင်း ၂၇ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
ပြင်သစ်နှင့် ဗြိတိန်တို့သည် ပြီးခဲ့သည့်လနှောင်းပိုင်းနှင့် နိုဝင်ဘာလအစောပိုင်းတွင် ကားအရောင်းပြခန်းများပိတ်ရခြင်းကြောင့် ရောင်းအားများ ကျဆင်းးရန် အကျိုးသက်ရောက်းခဲ့သည်။ ဂျာမနီသည် ယင်း၏မော်တော်ကားထုတ်လုပ်သူများနှင့် ရုန်းကန်နေရသော ကုန်ပစ္စည်းပေးသွင်းသူများအားထောက်ပံ့ငွေယူရို ၅ ဘီလျံ (ဒေါ်လာ ၅.၉ ဘီလီယံ) ကို ကတိပြုခဲ့သည်။
Bloomberg မေးမြန်းစုံစမ်းမှုး၏ခန့်မှန်းချက် အရ မှတ်ပုံတင်ခြင်းလုပ်ငန်း ၆ ရာခိုင်နှုန်းခန့်ကျဆင်းခြင်းထက် အနည်းငယ်ပိုဆိုးကြောင်း သိရသည်။ ယခုသုံးလပတ်တွင်အရောင်း ၅ ရာခိုင်နှုန်းခန့်ကျသွားပြီးအနည်းဆုံး ၂၅ ရာခိုင်နှုန်းကျလိမ့်မည်ဟု လေ့လာသုံးသပ်သူ မိုက်ကယ်ဒင်းက ရေးသားခဲ့သည်။
Peugeot ထုတ်လုပ်သူ PSA Group သည် ပြင်သစ်စက်ရုံများစွာတွင် ထုတ်လုပ်မှုကို လျှော့ချပြီးနိုင်ငံ၏ လော့ဒေါင်းကြောင့် အရောင်းကိုယ်စားလှယ်များ အလုပ်ပိတ်ခဲ့ရပြီး လုပ်ငန်းပြုတ်ကုန်ကြသည်။
La Plateforme မော်တော်ကားအရောင်းပြခန်းများ လျင်မြန်စွာပြန်လည်မဖွင့်နိုင်ပါက စက်မှုဇုန်သည် ယခုနွေ ဦး ရာသီထက် ပိုမိုဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ယခုလအစောပိုင်းက သတိပေးခဲ့သည်။
အောက်တိုဘာလတွင် ၂၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စပိန်နိုင်ငံသည် အဓိကစျေးကွက်များအတွင်း အကြီးမားဆုံးကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သည်။ BMW AG ၏ရောင်းအားမှာ ၁၂% ကျဆင်းသွားပြီး Volkswagen AG နှင့် Daimler AG အတွက် ၇% ထက် ပို၍ ကျဆင်းသွားသည်။
Fiat Chrysler Automobiles NV နှင့် Renault SA မှ အကျိုးအမြတ် အနည်းငယ်သာ ရရှိကြသည်။
By Aung Win (Myanmar Automobile Guide)
Ref:Aauto Hindustan Times