EU က ICE Car ရောင်းခွင့်ပိတ်မည့် စီမံကိန်းကို 2040 ပြန်ရွှေ့မည်ဟု ပြောကြား


 

European Union (EU) က 2035 ခုနှစ်မှစပြီး Internal Combustion Engine (ICE) မော်တော်ယာဉ်အသစ်များကို ရောင်းခွင့်ပိတ်မည့်စီမံကိန်းကို 2040 ထိ နောက်ပြန်ရွှေ့ရန် သဘောတူခဲ့တယ်ဟု British Newspaper The Times သတင်းအရ သိရပါသည်။ ကားထုတ်လုပ်သူများ၊ သမဂ္ဂများနှင့် သုံးဆွဲသူလိုအပ်ချက်များကြောင့် အထူးဖိအားရှိလာတာက ဤစီမံကိန်း ပြန်လည်ပြင်ဆင်ရခြင်းအကြောင်းအရာဖြစ် သတင်းမှာ ဖော်ပြထားသည်။

မူလအခြေအနေအစီအစဉ်အရ EU ဟာ 2035 မှစပြီး Zero-Emission Vehicle များသာ ရောင်းခွင့်ပြုမည်ဟု ကြေညာထားပေမဲ့ သက်ဆိုင်ရာ research၊ အလုပ်အကိုင်ဆုံးရှုံးမှု စိုးရိမ်မှုများ၊ ကားလုပ်ငန်းကြီးများ၏ တောင်းဆိုမှုတွေကြောင့် EU က မူဝါဒကို ပြန်လည်သုံးသပ်ပြီး 5 နှစ်နောက်ရွှေ့ထားသည်ဟု ဆိုပါတယ်။ 

Industry သတင်းအရ အကြောင်းအချက်တစ်ခုမှာလည်း ကားထုတ်လုပ်သူများ၏ Model Cycle နှင့် သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ကိုက်ညီစေရန် မူဝါဒ ရွေ့ပြောင်းထားခြင်းဖြစ်သည်။ အသစ်ထွက်လာနေသည့် Petrol, Hybrid မော်ဒယ်များကို အလျင်အမြန်ရပ်တန့်စေရန်မဖြစ်နိုင်သဖြင့် အချိန်ပိုင်းထပ်ပေးရန် လိုအပ်လာကြောင်း Industry များကဆိုကြသည်။ EU ၏ မူဝါဒပြောင်းလဲမှုအသေးစိတ်ကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တရားဝင်ကြေညာမည်ဟု ခန့်မှန်းထားကြသည်။

Read 366 times