ရေကြီးရေလျှံသော လမ်းများပေါ်တွင် ကား ရပ်ထားစဉ် ကားထဲ ရေဝင်လေ့ရှိပါသည်။
ထိုသို့ရေဝင်လျှင် ကားအတွင်းခန်း၊ ဒက်ရှ်ဘုတ်နှင့် ထိုင်ခုံများတွင် ပျက်စီးမှုများ ရှိတက်ပါသည်။
ထိုသို့ဖြစ်လာလျှင် စာဖတ်သူပရိတ်သတ်များ ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်။
အကယ်၍ သင့်ကားထဲရေဝင်လျှင်သင်ဘယ်လို လုပ်မလဲ။
အရာဝတ္တုတွေရေဆိုလျှင် လှန်းခြင်း (သို့မဟုတ်) မှောက်ထားခြင်းဖြင့် စိုနေသော အရာဝတ္တုများကို ခြောက်အောင်ပြုလုပ်တက်ကျပါသည်။
သို့သော် ကားအတွင်းခန်းရေဝင်လျှင် ဖြေရှင်းရခြင်းမှာ ကားမောင်းသူများအတွက် အလုပ်ရှုပ်စေသော ပြဿနာတစ်ရပ်ဖြစ်ပါသည်။
ဦးစွာပထမ ကားအတွင်းရေဝင်လျှင် ကား၏ဘရိတ်ကို စစ်ဆေးခြင်းပြုလုပ်ရပါမည်။
ကားသော့အုံးအတွင်း ရေဝင်၊ မဝင် စစ်ဆေးခြင်း ၊ ကားသော့အုံး ကိုသော့ထည့်၍ စစ်ဆေးခြင်းများ ပြုလုပ်ရပါမည်။
ကား Air-con များကို စစ်ဆေးခြင်းပြုလုပ်ရမည်။
ကားအတွင်းပိုင်းထဲတွင် ရေဝင်ပြီးဆိုလျှင် ကားကော်ဇောတစ်စစီးကို သေးငယ်သော ရေစုပ်စက်များနှင့် ရေကို စုပ်ယူထုတ်ပစ်ရပါလိမ့်မည်။
ရေစုပ်စက်ကို တစ်ပြိုင်နက်ထဲ အချိန်ကြာမြင့်စွာ အသုံးပြုခြင်းမပြုလုပ်ရပေ။
ရေစုပ်စက်၏အပူငွေ့သည် စိုစွပ်နေသောကားကော်ဇောအတွင်းစိမ့်နိုင်ပြီး အနံ့သက်များ ထွက်နိုင်ပေသည်။
ထိုအနံ့သက်များသည် တစ်ဦးတယောက် ကားထဲသို့ဝင်ခဲ့လျှင် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ထို့ပြင် ကားအတွင်းဆေးလိပ်သောက်ခြင်းကိုလည်းရှောင်ရှာရမည် ဖြစ်သည်။
ထို့ပြင်ရေစုပ်ယူနိုင်သော အဝတ်စ တွေ ကို အသုံးပြုပြီး ရေစုပ်ယူခြင်းနည်းလမ်းဖြင့် ကားအတွင်း ရေဝင်ခြင်း ပြဿနာကို ဖြေရှင်းနိုင်ပါသည်။
မိမိတို့အိမ်အတွင်းရှိ ရေစုပ်ယူနိုင်သော အဝတ်အပိုင်းစများကို ဖိတိုက်ခြင်းဖြင့် စုပ်ယူနိုင်ပါသည်။
ရောဘာရေတိုက်ဝတ်ဖြင့် လည်းရေကိုစုပ်ယူနိုင်ပါသည်။
ထိုပြင် ကားအတွင်းအပူငွေ့ပေး ခြင်းဖြင့်လည်းအသုံးပြုနိုင်ပါသည်။
ရေစုပ်ယူခြင်းမပြုဘဲ အပူငွေ့တိုက်လျှင် ဘာမှထူးမည်မဟုတ်ပါ။
ရေစုပ်ခြင်းပြုလုပ်ပြီးလျှင် အနည်းငယ်မျှသာ ကျန်ရှိသော ရေခိုရေငွေ့ အပူငွေ့တိုက်ပေးခြင်းဖြင့် ရေကိုခြောက်အောင်ပြုလုပ်ရမည်ဖြစ်သည်။
ကားအတွင်းရေဝင် သော ရေများကို သန်ုစင်ပြိးသော အခါ ကားအတွင်း အမွှေးကြိုက်များ တပ်ဆင်ပေးခြင်းသည် ကားအတွင်းအတွင်းရှိ အနံ့သက်များကို ကာကွယ်ပေးသည်။
ကားအတွင်းလွယ်လင့်တကူ ဖြုတ်တပ်၍ ရသော အပိုင်းများကို နေပူ လှန်းခြင်းဖြင့် အသုံးပြုနိုင်ပါသည်။
ရေဝင်ခြင်းပြဿနာ လူတိုင်အတွက် စိတ်ပျက်ဆုံးသောအရာဖြစ်သောကြောင့် ရေဝင်ခြင်း ပြဿကို ကြိုတင်ကာကွယ်ခြင်းသည် ကားမောင်းသူများအတွက် စိတ်ရှုပ်ထွေးမှုတစ်ခုကို ရှောင်လွှားနိုင်ပေသည်။