အင်ဂျင်ဝိုင် Viscosity စေးပျစ်မှုအကြောင်း တစ်စေ့တစ်စောင်း


 Viscosity စေးပျစ်မှုအကြောင်း တစ်စေ့တစ်စောင်း

အင်ဂျင်ဝိုင်ကို ရွေးချယ်ရာတွင် အင်ဂျင်ထုတ်လုပ်သူများမှ သတ်မှတ်ထားသော engine performance requirements များ၊ အင်ဂျင်၏အသုံးပြုမည့် application များနှင့် ရရှိနိုင်သော အသုံးပြုမည့် ဆီ (ဒီဇယ်၊ ဓါတ်ဆီ) ၏အရည်အသွေး စသည်တို့ပေါ်တွင် မူတည်၍ ရွေးချယ်လေ့ရှိသည်။

Viscosity သည် အင်ဂျင်ဝိုင်၏ အရေးအကြီးဆုံး အရည်အသွေးတစ်ခုဖြစ်သည်။ မည်သည့်အပူချိန်တွင်မဆို ရွေ ့လျားနေသော အစိတ်အပိုင်း များကြားတွင် လုံလောက်သော အင်ဂျင်ဝိုင်ဖြတ်သန်းစီးဆင်းမှုရှိနေရန် မှန်ကန်သောစေးပျစ်မှုရှိ်ရန် အရေးကြီးသည်။

အင်ဂျင်ဝိုင်အရမ်းကျဲပါက လုံလောက်သော sealing effect မရရှိနိုင်သကဲ့သို့ အင်ဂျင်ဝိုင်အရမ်းပျစ်ပါကလည်း အေးသောအပူချိန်တွင် အင်ဂျင်ဝိုင်စီးဆင်းမှုနှေးကွေးစေပြီး လုံလောက်သော lubrication ကိုမရနိုင်ပေ။ Viscosity ၏ သဘောသဘာဝမှာ အပူချိန်မြင့်လာပါက ကျဲသွားပြီး၊ အပူချိန်ကျလာပါက စေးပျစ် သွားလေ့ရှိသည်။

အင်ဂျင်တစ်လုံး၏ မောင်းနှင်ရာတွင် ဖြစ်နိုင်ခြေရှိသော အနိမ့်ဆုံးအပူချိန် နှင့် အမြင့်ဆုံးအပူချိန် နှစ်မျိုးလုံးအတွက် ခံနိုင်သော viscosity ကိုရွေးချယ်ရန် လိုအပ်သည်။

SAE (Society of Automotive Engineers) အဖွဲ့အစည်းမှ SAE J300 oil classification system အရ viscosity အပေါ်မူတည်၍ အင်ဂျင်ဝိုင်၏ အတန်းအစားများကို ခွဲခြားထားသည်။
ဥပမာ SAE 10W, SAE 30, SAE 15W40

Single non-winter grade oil များသတ်မှတ်ရာတွင် Kinematic viscosity ကို အပူချိန် 100 deg C (212 deg F)တွင် တိုင်းတာ၍ သတ်မှတ်ပြီး Single non-winter grade oil များမှာ SAE 20, SAE 30, SAE 40, SAE 50 နှင့် SAE 60 တို့ဖြစ်သည်။

Single winter grade oil များသတ်မှတ်ရာတွင် Dynamic viscosity ကို အပူချိန် -18 deg C (0 deg F) တွင်တိုင်းတာပြီး winter oil အဖြစ် သတ်မှတ်၍ W ကိုထည့်သုံးပြီး Winter oil များမှာ SAE 0W, SAE 5W, SAE 10W, SAE 15W, SAE 20W, နှင့် SAE 25W တို့ဖြစ်သည်။

Multi-grade oil များကိုမူ အထက်ပါ Single non-winter grade oil နှင့်Single winter grade oil များသတ်မှတ်ရာတွင်သုံးသော အပူချိန်နှင့် နည်းစနစ်အတိုင်း တိုင်းတာပြီး viscosity နှစ်မျိုးကြားတွင် W ကိုထည့်သွင်းအသုံးပြုသည်။

ဥပမာအားဖြင့် SAE 15W-40 ဆိုသည်မှာ SAE15 မှာ Single winter grade oil များသတ်မှတ်ရာတွင်သုံးသော အပူချိန်နှင့် နည်းစနစ်အတိုင်း တိုင်းတာရာမှရရှိသော grade ဖြစ်ပြီး 40မှာမူ Single non-winter grade oil များသတ်မှတ်ရာတွင်သုံးသော အပူချိန်နှင့် နည်းစနစ်အတိုင်း တိုင်းတာရာမှရရှိသော grade ဖြစ်သည်။

 

 

Read 1430 times