အင်ဂျင်ဝိုင် service category
API (American Petroleum Institute) မှ အင်ဂျင်ဝိုင်၏ service class သို့မဟုတ် service category ကို S နှင့် C ဟူ၍ နှစ်မျိုးထပ်မံခွဲခြားသည်။
S ကို Service Category ဟုခေါ်သော Spark Ignition engines (ဓါတ်ဆီအင်ဂျင်များ) အတွက်သုံးပြီး၊ C ကို Commercial Category ဟုခေါ်သော Compression Ignition engines (ဒီဇယ်အင်ဂျင်များ) အတွက်သုံးသည်။
Gasoline engines များအတွက် service category များမှာ SA, SB, SC, SD, SE, SF, SG, SH, SJ, SL, SM, SN တို ့ဖြစ်ပြီး SJ, SL, SM, SN လေးမျိုးသာ လက်ရှိထုတ်လုပ်နေပြီး အခြား category များမှာထုတ်လုပ်မှုရပ်တန် ့သွားပြီဖြစ်သည်။
အကြမ်းဖျင်းအားဖြင့် နောက်ဆုံးထုတ် service category (ဥပမာအားဖြင့် SN) သည် အရင် ထုတ်လုပ်ထားသော category (ဥပမာအားဖြင့် SM, SL, SJ) များ၏ Performance properties များထက်ကျော်လွန်လေ့ရှိသည်။
Diesel engines များအတွက် category များမှာ CA, CB, CC, CD, CD-II (for two-stroke engines), CE, CF, CF-2 (for two-stroke engines), CF-4 (for four-stroke engines), CG-4, CH-4, CI-4, CJ-4တိုဖြစ်ပြီး CF နှင့် နောက်ပိုင်း category များသာ လက်ရှိထုတ်လုပ်နေပြီး အခြား category များမှာ ထုတ်လုပ်မှုရပ်တန့်သွားပြီဖြစ်သည်။
ဝယ်ယူသော အင်ဂျင်ဝိုင်ပုံး သို့မဟုတ် ပီပါအဖုံးပေါ်တွင်API Certification Mark or "Starburst" နှင့် API Service Symbol or API Donut တို ့ပါရှိပါက ၎င်းအင်ဂျင်ဝိုင်သည် API, International Vehicle and Engine Manufacturers နှင့် Lubricant Industry တို ့မှ သတ်မှတ်ထားသော performance requirements များကိုပြည့်မှီကြောင်း အထောက်အထားဖြစ်သည်။
API Donut တွင် အပိုင်းသုံးပိုင်းပါရှိသည်။ API Donut ၏အပေါ်ဘက်အခြမ်းတွင် အင်ဂျင်ဝိုင်၏ performance level ကိုဖေါ်ပြပြီး၊ အလယ်တည့်တည့်တွင် အင်ဂျင်ဝိုင်၏ viscosity ကိုဖေါ်ပြ၍ အောက်ဘက်အခြမ်းတွင် ENERGY CONSERVING သို့မဟုတ် RESOURCE CONSERVING ကိုဖေါ်ပြသည်။
ဒီဇယ်အင်ဂျင်အတွက် ထုတ်လုပ်ထားသော အင်ဂျင်ဝိုင်သည် ဓါတ်ဆီအင်ဂျင်အတွက်လည်း သုံးနိုင်ပါက API Donut ၏အပေါ်ဘက်အခြမ်း တွင် Multiple Performance Level အဖြစ် C category ကိုရှေ ့မှာထား၍ဖေါ်ပြပြီး S category ကိုနောက်မှာထား၍ဖေါ်ပြသည်။
ထိုသို ့သော အင်ဂျင်ဝိုင်အမျိုးအစားမှာ C category ဖြစ်သော ဒီဇယ်အင်ဂျင်အတွက်ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်၍ S category ဖြစ်သော ဓါတ်ဆီအင်ဂျင်တွင်လည်းအသုံးပြုနိုင်သော်လည်း ဓါတ်ဆီအင်ဂျင်အတွက် လိုအပ်သော performance requirements များအလုံးစုံ အပြည့်အဝ ရရှိနိုင်ရန် မသေချာပေ။