အင်ဂျင်တစ်လုံးတွင်သုံးသော အင်ဂျင်ဝိုင်၏ အဓိက လုပ်ငန်းစဉ်
၁။ Lubrication
အင်ဂျင်အတွင်း ပွတ်တိုက်သောအစိတ်အပိုင်းများကြားတွင် ပွတ်တိုက်မှုကြောင့် ဆုံးရှုံးနိုင်သော အင်ဂျင်၏ power ဆုံးရှုံးမှုနည်းပါးစေရန် အတွက် ချောဆီအဖြစ်အသုံးပြုခြင်း
၂။ Cooling
အင်ဂျင်အတွင်းပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အပူများကို အင်ဂျင်ဝိုင် ဖြတ်သန်း စီးဆင်းရာ လမ်းတလျောက် conduction heat transfer နည်းဖြင့် အင်ဂျင် အစိတ်အပိုင်းများကို အေးစေခြင်း
၃။ Cleaning
အင်ဂျင်အတွင်း ပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာသော wear particles များကို အင်ဂျင်ဝိုင် ဖြတ်သန်း စီးဆင်းရာ လမ်းတလျောက် သန် ့စင် ဆေးကျောပေးခြင်း
၄။ Sealing
အင်ဂျင်ပေါက်ကွဲခန်း combustion chamber အတွင်း ပေါက်ကွဲမှုကောင်းစေရန်အတွက် combustion chamber ကိုလုံအောင် အင်ဂျင်ဝိုင်အလွွှာပါးဖြင့် seal လုပ်ပေးခြင်း
၅။ Protecting
အင်ဂျင်ဝိုင်ဖြတ်သန်းစီးဆင်းရာ လမ်းတလျောက် သတ္ထုမျက်နှာပြင်များပေါ်တွင် အင်ဂျင်ဝိုင်အလွွှာပါး ရှိနေစေခြင်းဖြင့် ပွတ်တိုက်မှုကို လျော့ကျစေသည့်အပြင် သတ္ထုမျက်နှာပြင်များကို သံချေးတက်ခြင်း နှင့် corrosion ဖြစ်ခြင်းမှလည်းကာကွယ်ပေးသည်။
အင်ဂျင်ဝိုင်တွင် Base oil ခေါ် base stock နှင့် additives ခေါ် ထပ်တိုးဒြပ်ပစ္စည်းများ ပါဝင်သည်။
Base stock တွင် mineral (petroleum base) နှင့် synthetic နှစ်မျိုးကို အများဆုံးသုံးလေ့ရှိသည်။
Base oil အနေဖြင့် အင်ဂျင်၏ လိုအပ်သော အခြေခံ lubrication requirement ကို ဖြည့်ဆည်းပေးနိုင်သော်လည်း additives များမပါ ပါက အချို ့သော operation conditions များတွင် base oil ၏ အရည်အသွေးများ လျင်မြန်စွာ လျော့ကျလေ့ရှိသည်။
အသုံးပြုသော base oil နှင့် additives များပေါ်တွင်မူတည်၍ အင်ဂျင်ဝိုင်၏ အရည်အသွေး ကွာခြားလေ့ ရှိသည်။
Base oil တွင် additives များထပ်မံပေါင်းထည့်ပေးခြင်းဖြင့် မူလအခြေခံဆီ၏ တချို့သောအရည်အသွေးများကို ပြုပြင်ပေးနိုင်ပြီး ပို၍ အားကောင်းလာစေသည်။
Mineral (Petorleum) base stock ကို petroleum crude oil မှ သန် ့စင်ချက်လုပ်ခြင်းဖြင့်ရရှိပြီး Crude oil ရရှိသောရင်းမြစ်နှင့် သန့်စင်ချက်လုပ်ခြင်းနည်းစဉ် ပေါ်မူတည်၍ base stock characteristics များကွာခြားနိုင်သည်။
Synthetic base stock ကိုမူ လိုချင်သော အရည်အသွေးအတိုင်း ရရှိစေရန် ဓါတုပစ္စည်းများကို လိိုအပ်သလို အကြိမ်ကြိမ် ဓါတုဓါတ်ပြုစေခြင်းဖြင့် ထုတ်လုပ်ရရှိစေသည်။
Synthetic base stock တွင် Viscosity Index (VI) ပါဝင်မှုသည် mineral base stock တွင်ပါဝင်သော Viscosity Index (VI) ပါဝင်မှုထက် မြင့်မားသောကြောင့် မြင့်မားသောအပူချိန်တွင် အင်ဂျင်ဝိုင် အရမ်းကျဲသွားခြင်း နှင့် နိမ့်သောအပူချိန်တွင် အရမ်းပျစ်သွားခြင်း မှ ကာကွယ်ပေးသည်။
ထိိုဝိသေသလက္ခဏာကြောင့် စက်နှိုးရခက်သော အေးလွန်းသောရာသီဥတုတွင် အသုံးပြုသော အင်ဂျင်များတွင် Synthetic oil ကိုအသုံးများခြင်းဖြစ်သည်။
Synthetic oil ၏အဓိက အားနည်းချက်မှာ စျေးအလွန်ကြီးခြင်းဖြစ်သည်။ Petroleum-based engine oil ထက် လေးဆ မှ ငါးဆ အထိ စျေးကြီးသည်။
အသုံးများသော Additives များမှာ detergents, oxidation inhibitors, dispersant, alkalinity agents, anti wear agents, pour-point depressants, and viscosity index (VI) improver တို့ ဖြစ်သည်။
Detergents သည် oxidation products များ နှင့် ဓါတုဓါတ်ပြုစေခြင်းဖြင့် insoluble compounds များ ဖြစ်ပေါ်စေခြင်း နှင့် အနည်အနှစ်များကျခြင်း တို့ကို ရပ်တန့်စေပြီး အင်ဂျင်ကို သန့်ရှင်းစေသည်။
Oxidation inhibitors များသည် viscosity တက်လာခြင်း၊ organic acids များတိုးပွားလာခြင်း နှင့် carbonaceous matter များဖြစ်ပေါ်လာစေခြင်း မှ ကာကွယ်ပေးသည်။
Dispersant များသည် contaminants များကို မပေါင်းစည်းစေခြင်း နှင့် suspension ဖြစ်နေစေခြင်းဖြင့် sludge ဟုခေါ်သော ဆီအနည်အနှစ်များ မဖြစ်လာစေရန် ကာကွယ်ပေးသည်။
Alkalinity agents သည် အက်စစ်များကိုခြေဖျက်ရာတွင် အထောက်အကူပြုသည်။
Anti-wear agents များသည် သတ္ထုမျက်နှာပြင်များပေါ်တွင် ပါးလွှာသောဆီအလွှာများဖြစ်ပေါ်စေခြင်းဖြင့် ပွတ်တိုက်မှုကို လျော့ကျစေသည့်အပြင် သတ္ထုမျက်နှာပြင်များကို corrosion ဖြစ်ခြင်းမှလည်း ကာကွယ်ပေးသည်။
Pour-point depressants များသည် အင်ဂျင်ဝိုင်ကို low temperature တွင် ဖယောင်းခဲပုံစံ အစိုင်အခဲ wax crystal များ ဖြစ်ပေါ်စေခြင်းမှ ကာကွယ်ပေးခြင်းဖြင့် နိမ့်သောအပူချိ်န်မှာပင် အရည်အခြေအနေ အဖြစ်ဆက်လက် တည်ရှိနိုင်ရန် အထောက်အကူပြုသည်။
Viscosity index (VI) improver သည် မြင့်မားသောအပူချိန်တွင် အင်ဂျင်ဝိုင် အရမ်းကျဲသွားခြင်း နှင့် နိမ့်သောအပူချိန်တွင် အရမ်းပျစ်သွားခြင်း မှ ကာကွယ်ပေးသည်။ တနည်းအားဖြင့် VI improver များသည် အပူချိန်အပြောင်းအလဲတွင် ဖြစ်ပေါ်သော viscosity ပြောင်းလဲနှုန်းကို လျှော့ချပေးသည်။