အင်ဂျင်ဝိုင်ယိုစိမ့်ပါက ပြုလုပ်သင့်သည့်အချက်များ


အင်ဂျင်ဝိုင်ယိုစိမ့်ခြင်းသည် ကားမောင်းသူများအတွက် စိတ်ရှုပ်စေသည်သာမက အန္တရာယ်လည်းရှိသောကြောင့် သတိထားစေချင်ပါသည်။

ထို့သို့ အင်ဂျင်ဝိုင်ယိုစိမ့်နေချိန်တွင် အောက်ပါ နည်းလမ်းများကို သိရှိထားပါက ကားမောင်းသူများ စိတ်ရှုပ်သက်သာစေမည်ဖြစ်ပါသည်။

ဆီယိုနိုင်တဲ့နေရာအားလုံးကို စစ်ဆေးပါ။ ထိုအရာများကို ကုစားရန် ကျွမ်းကျင်သော ဝပ်ရှော့ပ်စက်ဆရာတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးပါ။

အင်ဂျင်ကျလို့ အင်ဂျင်ဝိုင် စားတာများသည်ဆိုလျှင် အင်ဂျင် ချပြီး စစ်ဆေးဖို့လိုပါသည်။ အင်ဂျင် ဖွင့်ပြီး အကြီးစားပြုပြင်ရန် အသေးစိတ် တိုင်းတာစစ်ဆေးရပါသည်။

အင်ဂျင် Head နဲ့ ဂတ်စ်ကတ်စစ်ပါ။ ဗားများ၏ အခြေအနေကို စစ်ဆေးပါ။ အင်ဂျင် Head များသာ သီး သန့်ပြင်ပါသည်။ ဗားများ ပြန်ပြီးအထိုင်ချရပါသည်။ ဗားဆီးလ်၊ ဗားဂိုက် အသစ်ပြန်ရိုက်ရပါသည်။

အင်ဂျင်အကြီးစားပြင်ဆင်ခြင်းသည် ငွေအကုန်အကျများသောကြောင့် သေချာသော စစ်ဆေးမှုများ လုပ်ရပါသည်။

ပစ္စတင်များရိန်းများ၏ အခြေအနေကို စစ်ပါ။ ဆလင်ဒါအတွင်းပိုင်းစားပြီး ဘဲဥပုံလိုက်နေပြီလား၊ စလစ်ကို ဘိုးရင်းထိုးရန် လိုသလား၊ ကွန်နုတ်တိန်း ဘယ်ရင်နှင့် မိန်းဘယ်ရင်များ ကောင်း သလား အသေးစိတ်တိုင်းတာစစ်ဆေး ရပါသည်။

ဘယ်ရင်များအခြေအနေ ကောင်းရင် ငွေကုန်သက်သာအောင် ပစ္စတင်ရိန်းလောက်သာ အသစ်လဲပါသည်။ အင်ဂျင် Head ကိုတော့ Head ပြင်ဆိုင်မှာဘဲ အပ်ကြတာများ ပါတယ်။

အင်ဂျင်အကြီးစားပြင်ဆင်တာက အားလုံးနီးပါးပစ္စည်းအသစ်များ လဲလှယ်ရသည့်အတွက် ငွေကုန်ကြေးကျ များနိုင်ပါသည်။

ပြန်ထည့်သည့်ပစ္စည်းများက ဂျပန်အော်ရီဂျင်နယ်ပစ္စည်းဆိုလျှင် တစ်ချို့က အင်ဂျင်မကိုင်တော့ဘဲ ဂျပန်ကျ အင်ဂျင်ထဲက ကောင်းသောတစ်လုံးကို အလုံးလိုက်လဲ ကြသည်။

အင်ဂျင်အဟောင်းကိုပြန် ပြင်ပြီးသုံးတာထက် ပိုပြီးစိတ်ချရပါသည်။

အင်ဂျင်ဝိုင်စားနေပြီဆိုလျှင် အင်ဂျင်ကျတာကြောင့်လား၊ ဆီယိုနေသလား၊ ဂတ်စ်ကတ်မကောင်းခြင်းလား၊ ပစ္စတင်ရိန်းစားပြီး ချောင်ခြင်းလား၊ ဗားများကြောင့်ဖြစ်သည်လား၊ မိန်းဝိုင်းဆီးလ်များမလုံလို့လား၊ စသည့် ဖြစ်နိုင်ခြေရှိသည်များကိုစစ်ဆေးပြီး အကြောင်းရင်း အပြစ်ရှာကြည့်ပါ။

အင်ဂျင်ဝိုင်ပြောင်းသုံးကြည့်ပါ။ အစက 10W-30 အင်ဂျင် ဝိုင်သုံးနေလျှင် 20W-40 အင်ဂျင်ဝိုင်ကို ပြောင်းသုံးကြည့်ပါ။

ဆီယိုနေသော ကာဗာများတွင် ဂတ်စ်ကတ်လဲပေးပါ။

မိန်းဝိုင်းဆီများမကောင်းရင် ဝိုင်းဆီလဲပေးပါ။

မိမိကား အင်ဂျင်နှင့်လိုက်ဖက်သော အင်ဂျင်ဝိုင်ကို ရွေးချယ်သုံးစွဲဖို့လိုပါသည်။

အင်ဂျင် ဝိုင်လဲတိုင်း၊ အင်ဂျင်စစ်ဘူး Filter ကို လဲပေးပါ။

နေ့စဉ်စက်မနှိုးမီ အင်ဂျင်ဝိုင်ကို တိုင်းပါ၊ စစ်ပါ။

အင်ဂျင်ဝိုင်လျော့သွားခြင်းကို သတိထားပါ။

ပုံမှန်ထက် အင်ဂျင်ဝိုင်လျော့ခြင်းများနေလျှင် ဘာကြောင့်လဲဆိုသည်ကို အပြစ်ရှာရန်လိုပါသည်။

ခရီးမိုင် ၁၂၀ဝ လောက်မောင်းပြီးတိုင်း အင်ဂျင်ဝိုင်လျော့ကျသွားခြင်း၊ ဆီတစ်ကွာတထက်ပိုများနေပြီဆိုလျှင် ကားအင်ဂျင်ဝိုင်စားနေပြီ လို့ ပြောရပါမည်။

ကျွမ်းကျင်သော ကားဝပ်ရှော့ပ်မှာ စစ်ဆေးမှုများလုပ်ပြီး ချွတ်ယွင်းချက်ကိုပြုပြင်ပါ။ ဝပ်ရှော့ပ်ဆရာနှင့် တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ် ‌တောင်းပါ။

ကားတစ်စီးကို ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း၊ စစ်ဆေးဂရုစိုက်ပေးခြင်းသည် အင်ဂျင်သက်တမ်းကိုရှည်စေပါသည်။

အင်ဂျင်တစ်လုံးမှာ အင်ဂျင်ဝိုင်က အဓိကကျသောကြောင့် အင်ဂျင်ဝိုင်ပုံမှန် လဲလှယ်ပေးခြင်း၊ အင်ဂျင်ဝိုင်အမြဲတိုင်းတာစစ်ဆေးခြင်း၊ ဆီစစ်ဘူးပုံမှန်လဲ လှယ်ပေးခြင်း၊ အရည်အသွေးကောင်း တဲ့အင်ဂျင်ဝိုင်ကို ရွေးချယ်သုံးစွဲခြင်း စသည့်အချက်များသည် ကားတစ်စီးအတွက် အဓိကကျသော ထိန်းသိမ်းခြင်းဖြစ်ပါသည်။

ကားမောင်းနေစဉ်မှာလည်း အင်ဂျင်ဝိုင်သတိပေးမီးနီးကို ဂရုစိုက်ရန်လိုပြီး ကားမောင်းနေစဉ်တွင် အင်ဂျင်ဝိုင်မီးလင်းလာလျှင် ချက်ချင်းစက် ရပ်ပြီး စစ်ဆေးပါ။

အင်ဂျင်ဝိုင်မီးလင်းလာခြင်းသည် ချောဆီပို့စနစ် ပုံမှန်ဆီ ဖိအားမရှိတော့သည့် သဘောဖြစ်ပါသည်။

ဆီလမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့နေလျှင်လည်း အင်ဂျင်ဝိုင်က အင်ဂျင်Head အပေါ်အထိ ဆီမရောက်နိုင် တော့ဘဲ အင်ဂျင်ဆီငတ်ရင် ဘယ် ရင်တွေပျက်စီးသွားနိုင်ပါသည်။

အင်ဂျင်ဝိုင်မီးလင်းခြင်းကို ပေါ့ဆ၍ မရပေ။ အင်ဂျင်ဝိုင်ပန့် (Oil Pump) မကောင်းလျှင်လည်း ဆီဖိအားကျလာတတ်ပါသည်။

Oil Cooler သုံးသော ကားများတွင် Oil Cooler အတွင်း ဆီချေးများ ပိတ်ပြီး အပေါ်ကို ချောဆီမတက်နိုင်သော ပြဿနာမျိုးလည်း ဖြစ်တတ်ပါသည်။

Oil Cooler ကိုဖြုတ်ဆေးဖို့လိုပြီး ဆီစစ်ဘူးလဲခြင်း၊ နောက်ကျရင်လည်း ဆီစစ်ဘူးထဲတွင် ဆီချေးများပိတ်ဆို့ပြီး ချောဆီပို့စနစ်မှာ ဆီဖိအားကျဆင်း တတ်ပါသည်။

အင်ဂျင်ဝိုင်နှင့် ချောဆီပို့စနစ်သည် အင်ဂျင်စက်တစ်လုံးအတွက် အသက် သွေးကြောဖြစ်ခြင်းကြောင့် အင်ဂျင် ဝိုင်အစားများသည့်ပြဿနာ၊ အင်ဂျင်ဝိုင် မတတ်သည့်ပြဿနာများနှင့် အင်ဂျင်ဝိုင် ယိုစိမ့်သည့်ပြဿနာများကို စစ်ဆေး ဖော်ထုတ်ပြီး ပြုပြင်ပေးခြင်းဖြင့် ကားအင်ဂျင် အမြဲကောင်းနေပြီး စွမ်း ဆောင်ရည်ကောင်းသော အင်ဂျင်တစ်လုံး ဖြစ်နေပါလိမ့်မည်။

 

Read 2086 times