ကားစွမ်းဆောင်ရည်မြင့်တက်စေရန် အခြေခံကျသော အင်ဂျင်ကျူးနင်းပြုလုပ်ပုံ နည်းလမ်း ၁၅ သွယ်


အင်ဂျင်တစ်လုံး၏ လုပ်ဆောင်မှု (Performance) နှင့် စွမ်းဆောင်ရည် (Efficiency) မြင့်တက်လာစေရန် သက်ဆိုင်ရာ အစိတ်အပိုင်းများ ကိုစစ်ဆေးခြင်း၊ စမ်းသပ်ခြင်း၊ အပြစ်ရောဂါရှာခြင်း၊ အစားထိုးလဲလှယ်ပေးခြင်း စသော လုပ်ငန်းစဉ်ကို အင်ဂျင်ကျူးနင်း လုပ်သည်ဟု စက် ဆရာများ၊ ကားသမားများ ပြောလေ့ ရှိသည်။

နိုင်ငံအဝှမ်း နေရာအနှံ့အပြားတွင် ကားဟောင်းများစွာ ကျန်ရှိနေသေး၍ ထိုကားများထဲမှ ဒစ်စတြီဗျူတာ စနစ်သုံးကားများအတွက် အင်ဂျင်ကျူးနင်း ဆောင်ရွက်ပုံကို ဖော်ပြပါမည်။

(၁) Spark ပလပ်နှင့် ပလပ် ကြိုးဝါယာများ

ဓာတ်ဆီအင်ဂျင် တစ်လုံးတွင် အကောင်းဆုံး မီးလောင်ပေါက်ကွဲအား ရရှိရန်အတွက် ပလပ်နှင့် ပလပ်ကြိုး များကောင်းမှဖြစ်မည်။ ဈေးပေါပြီး အရည်အသွေးနိမ့်သော ပလပ်များ သည် တစ်နှစ်ပင် အသုံးမခံပါ။

ပလပ်ငုတ်များ၊ မီးစားခြင်း၊ ချိုး (ဂျိုး) ကပ်ခြင်း၊ ပလပ်မီးပွား ပုံစံမမှန်ခြင်း၊ မီးခုန်ကူးမူ (Spark) ပုံမှန်မဖြစ်ခြင်း၊ ပလပ်ကြိုး မကောင်းခြင်း၊ ပြတ်ခြင်းစသော ချို့ယွင်းချက်များ ရှိ မရှိ ဖြုတ်၍စစ်ဆေးပါ။

အချို့ပလပ်များသည် ချေးဆေး ပြီး ပြန်လည်ပြုပြင်ပြီး သုံးစွဲနိုင်သည်။

သုံးမရအောင် ညံ့နေသော ပလပ်များ ကို အသစ်အစားထိုး လဲပေးရပါမည်။

အရည်အသွေးကောင်းသော ပလက်တီနမ်ပလပ်နှင့် ပလပ်ကြိုးကောင်း ကောင်းကို ရွေးချယ်သုံးစွဲပါ။

နည်းပညာ မြင့်မားသော ပလပ်များသည် မိုင် (၆၀၀၀၀) မှ မိုင် (၁၀၀၀၀၀) အထိအသုံးခံပါသည်။

အီလက်ထရွန်နစ် မီးပေးစနစ်သုံး ကားများတွင် ခရီး မိုင် (၃၀၀၀၀) ခန့် သွားပြီးပါက ပလပ်များ အသစ် လဲပေးသင့်သည်။

(၂) ကွန်ဒင်ဆာ၊ ပွိုင့်နှင့် ဒီစတြီဗျူတာ အဖုံးများ

မီးပေးစနစ်တွင် ပွိုင့်နှင့် ကွန် ဒင်ဆာများ မကောင်းပါက Ignition Coil မှ မီးထွက် မကောင်းပါ။ မကောင်းသော ပွိုင့်နှင့် ကွန်ဒင်ဆာ များကို စစ်ဆေးစမ်းသပ်၍ လဲလှယ် သင့်ပါက အသစ်လဲရပါမည်။

ရိုတာ နှင့် ဒစ်စတြီဗျူတာ ကြေးငုတ်များ မီး စားနေပါက အသစ်လဲ သင့်သည်။ Cap ဖုံး ကွဲအတ်နေပါက မိုးတွင်း စိုထိုင်းဆ များသောရာသီတွင် ဒုက္ခပေး တတ်သည်။

(၃) ဆီစစ်ဘူးများ

လောင်စာဆီပို့စနစ်တွင် ဆီစစ် ဘူးပိတ်နေပါက ဆီမှန်မှန်မရောက် နိုင်ပါ။ မျက်မြင်စစ်ဆေးပြီး မကောင်း ပါက အသစ်လဲပေးရမည်။

(၄) လေစစ်များ

Air Cleaner တွင် စက္ကူလေစစ် (သို့မဟုတ်) ဆီစိမ်လေစစ်သုံးသည်။ လေစစ်တွင် ဖုန်နှင့်အမှိုက်များ ပိတ် နေခြင်းသည် အင်ဂျင်လေ အဝင်နည်း စေသည်။

လေစစ် Filter ကို ဖုန်ခါ လေမှုတ်သန့်စင် ပေးပါ။ မကောင်းပါ က လေစစ်အသစ်တစ်ခု လဲပေးပါ။

(၅) ချောဆီအင်ဂျင်ဝိုင်နှင့် ဆီစစ်

အင်ဂျင်ဝိုင်သည် အင်ဂျင်တစ် လုံး၏ အသက် ဖြစ်သည်။ ဆီစစ်သည် အင်ဂျင်ဝိုင်ချောဆီ စနစ်တွင် သန့်ရှင်း သော အင်ဂျင်ဝိုင်များသာ လည်ပတ် စေရန် သန့်စင်ပေးသည်။

အချိန်မှန် မှန် လဲလှယ်ပေးခြင်းသည် အင်ဂျင် တစ်လုံး၏ စွမ်းဆောင်မှုကို မြင့်တက် စေသည်သာမက အင်ဂျင်၏ သက် တမ်းကိုပို၍ရှည်စေသည်။

(၆) ဘက်ထရီနှင့် ဒိုင်နမို

ဘက်ထရီနှင့် ဒိုင်နမိုပုံမှန် အလုပ်လုပ်နေလျှင် Starting System နှင့် Lighting System များအတွက် အားကောင်းသော လျှပ်စစ်စွမ်းအား ထောက်ပံ့မှုကို ရရှိမည်။

ဘက်ထရီကောင်း / မကောင်း စစ်ဆေး စမ်းသပ်ပါ။ အက်ဆစ် Level တိုင်း ပါ။ အက်ဆစ်ပြင်းအား တိုင်းပါ။ ဘက်ထရီခေါင်းများ၊ ဘက်ထရီကေ ဘယ်လ်ကြိုးများ အဆက်အသွယ် ကောင်းပါစေ။ Charging System ကောင်း / မကောင်းစစ်ဆေးပါ။

(၇) စက်နှိုးမော်တာ

စက်နှိုး မော်တာစနစ်ကောင်းလျှင် သော့တစ်ချက်လှည့်လိုက်သည် နှင့် (ဒေါက်-ဝူး) နိုးရမည်။

မော်တာ ရုန်းအားကောင်းမှ စက်နှိုးရလွယ်ကူမည်။ မော်တာတစ်လုံးသည် ကြာ ကြာသုံးစွဲလျှင် ကာဗွန်နှင့် ကြေးစိတ် ခေါင်းများ ပွန်းစားပြီး စွမ်းဆောင် ရည်ကျဆင်းလာ တတ်သည်။ Starter Motor ကို ဆားဗစ်စင်လုပ်ပေးပါ။

(၈) ပန်ကာကြိုးများ

ပန်ကာကြိုးများ (Belts) ချောင်နေသလား။ စားနေသလား စစ် ဆေးပါ။ လိုအပ်သော ပန်ကာကြိုး တင်းအားရှိနေစေရန် ချိန်ညှိပေးပါ။ ပန်ကာကြိုးမကောင်းလျှင် ရေတိုင်ကီအအေးခံ စနစ်အတွက် လုံလောက်သော လေမရနိုင်ပါ။ ဒိုင်နမိုလည်း အပြည့်အဝမလည်နိုင်ပါ။

(၉) အအေးခံစနစ်

Engine Cooling System သည် အင်ဂျင်စွမ်းဆောင်ရည် အမြင့်ဆုံး ရရှိရေးအတွက် အရေးကြီးသော အချက်ဖြစ်သည်။ အအေးခံစနစ် မကောင်းပါက အင်ဂျင် Overheat ဖြစ်ပြီး ရေတိုင်ကီ ရေဆူမည်။

ရေတိုင် ကီနှင့် ရေလျှံဘူးတွင် အအေးခံရည် (Antifreezer) ပုံမှန် ရှိ / မရှိ စစ်ဆေး ပါ။ ရေတိုင်ကီတွင် ဖုန်မှုန့်နှင့် အမှိုက်များကို သန့်ရှင်းပေးပါ။ ဝါတား ပိုက်များစစ်ဆေးပါ။

(၁၀) အင်ဂျင်ကွန်ပရက်ရှင်းနှင့် Vaccum (လေဟာနယ်) ကိုစစ်ဆေးခြင်း

အချို့ကားအင်ဂျင်များ သက် တမ်းကြာလာပါက ကွန်ပရက်ရှင်းနှင့် Vaccum ကျဆင်းလာ တတ်သည်။ အင်ဂျင်ကျမှသာလျှင် စစ်ဆေးရန် လိုအပ်သည်။

(၁၁) ဘရိတ်ဆီနှင့် ပါဝါဆီများ

ဘရိတ်စနစ်၊ ကလပ်စနစ်တွင် ဆီယိုစိမ့်မှုရှိ / မရှိ စစ်ဆေးပါ။ လိုအပ် သော ဘရိတ်ဆီများ ထပ်မံဖြည့်တင်း ပေးပါ။ ပါဝါစတီယာရင်သုံးကားများ တွင် ပါဝါဆီယို / မယို စစ်ဆေးပြီး လိုအပ်ပါက ပါဝါဆီ ထပ်ဖြည့်ပေးပါ။

 ရှေ့လေကာမှန်ဆေးရည် (Washer Fluid) လျော့နေပါက ထပ်ဖြည့်ပေး ပါ။

(၁၂) Fuel Pump

လောင်စာဆီပို့စနစ်တွင် Fuel Pump ၏ ဆီပို့အားကို Tester ဖြင့် စစ်ဆေးပါ။ ဆီတိုင်ကီအဖုံးကို စစ် ဆေးပါ။ ဆီလိုင်း အဆက်များ ဆီယို စိမ့်မှုရှိ မရှိစစ်ဆေးပါ။

(၁၃) တာယာများ

တာယာများကောင်း / မ ကောင်း၊ လေဖိအားမှန် / မမှန် စစ် ဆေးပါ။ အရန် Spare တာယာကို လည်း လေပေါင်ပြန်ချိန်ပါ။ တာယာ လေဖိအား လေပေါင်မှန်နေမှ ဆီစား သက်သာမည်။ အန္တရာယ်ကင်းမည်။

ရှေ့ဘီးများအလိုင်းမင့်ချိန်ညှိပါ။ ရှေ့ ဟက်ဘော အလွတ်ကစားမှုရှိ / မရှိ စစ် ဆေးပါ။ လိုအပ်ပါက ဟတ်ဘော အထိုင်ချိန်ပေးပါ။ မိုင် (၅၀၀၀) ခန့် မောင်းပြီးတိုင်း တာယာများကို လှည့် သုံးပေးပါ။

(၁၄) Injector များစစ်ဆေးခြင်း

Direct Injection စနစ်သုံး ကားများတွင် Injector များ စစ်ဆေး ပြီး Injector Cleaner ဖြင့် သန့်ရှင်း ပေးရန် လိုသည်။ Injector များ ကောင်းမှ အင်ဂျင်စွမ်းဆောင်မှု ကောင်းမည်။

(၁၅) Ignition စနစ်ကို စစ်ဆေးခြင်း

ရှေးရိုးမီးပေးစနစ်သုံး ခေတ် ဟောင်းကားများတွင် မီးတိုင်မင်အမှန် ကို ချိန်ညှိပေးရန်လိုအပ်ပါသည်။ Mechanical Advance နှင့် Vaccum Advance စနစ်များ ကောင်းကောင်း အလုပ်လုပ် မလုပ် စစ်ဆေးပါ။ Cam များကို ချောဆီ ထည့်ပါ။ ဒစ်စတြီဗျူတာ အစိတ်အပိုင်း များကို စစ်ဆေး၍ လိုအပ်ချက်များကို ပြုပြင်အစားထိုး လဲပေးပါ။

အင်ဂျင် Tune-up လုပ်ခြင်း သည် ဓာတ်ဆီကား တစ်စီး၏ အကောင်းဆုံး Performance ကိုရရှိရန် ပြုပြင်ထိန်းသိမ်းပေးခြင်း ဖြစ်သည်။ ဆီစား သက်သာလာပြီး ဆီတစ်ဂါလန် မိုင်နှုန်း (mpg) တိုးတက်လာမည်။

 

Read 1565 times