Engine တလုံးမှ အမေ့လျော့ခံ V/V Springs များ


engine တလုံးမှ v/v springs များ ကျိုးပျက်မှုအား service ပေးခဲ့သည်ကို အကြောင်းပြု ၍ ဤ post အား ရေးဖြစ်ပါသည်။ 

B&W alpha 16V engine တလုံး၏ ex v/v မှ inner spring များ ကျိုးပျက်နေသည်ကို အမှတ်မထင် ဝင်ရောက်ကူညီပြီး တွေ့ရှိခဲ့ရသည်များကို ပြန်လည်ပြုစု တင်ပြပေးသွားပါမည်။

Engine များတွင် အသုံးပြုသော v/v spring များသည် ထုတ်လုပ်သူအပေါ်မူတည်ပြီး single v/v spring (spring တထပ်တည်း) နှင့် inner & outter v/v spring (spring နှစ်ထပ်) ဆိုပြီး ပုံစံမျိုးစုံဖြင့် တည်ရှိကြပါသည်။ v/v spring များသည် rocker arm ၏ v/v အပေါ်ဖိချ မှုကြောင့် ကျ ုံ့လိုက် ဆန့်လိုက် ကြိမ်ဖန်များစွာ ဖြစ်ကြရပါသည်။ ထိုသို့ ဖိချမှုတိုင်းနှင့် တန်ပြန် ဆန့်ထွက်မှုတိုင်းတွင် v/v spring သည် lapping ဟုခေါ်သည့် တဆတ်ဆတ်တုန်ခါမှု ဖြစ်ပေါ်လေ့ရှိပါသည် ၊ အထူးသဖြင့် high speed engine ကြီးများတွင် ပို၍ ဖြစ်တတ်ပါသည်။

အဆိုပါ lapping ဖြစ်စဉ်ကို ချေဖျက်ရန်အတွက် v/v များတွင် inner spring ကို ထပ်ဆင့်ထည့်သွင်းတည်ဆောက်ပေးထားပါသည်။ v/v တခု၏ springs များကို သေချာစူးစမ်းလေ့လာကြည့်လျင် inner spring နှင့် outter spring များသည် coil ဦးတည်ရာချင်းမတူညီကြသည်ကို တွေ့ရှိရပေမည်။ inner spring သည် ဘယ်ရစ်ဆိုလျင် outter spring သည် ညာရစ်အဖြစ် coil ဦးတည်ရာများ ဆန့်ကျင်ဘက် ဖြစ်နေသည်ကို တွေ့ရပါမည်။ ထိုသို့ ဖြစ်တည်နေရခြင်းမှာ အထက်ကပြောခဲ့သည့် lapping (spring တဆတ်ဆတ် ခုန်ခြင်း) ဖြစ်စဉ်ကို ချေဖျက်ရန်အတွက် ဖြစ်ပါသည်။

v/v spring တချောင်းသည် (ဤနေရာတွင် spring ကို "ချောင်း" ဟူသော နာမ်စားဖြင့် ခေါ်ဝေါ်သုံးစွဲပါမည်) v/v တချောင်း တည်ငြိမ်စွာ ရှိစေရန်အတွက် အလွန်အရေးကြီးပါသည် ။ spring နှစ်ထပ် ပါရှိသော v/v များတွင် inner spring သည် v/v တည်ငြိမ်နေမှုအတွက် အလွန်အရေးပါပါသည်။ spring တချောင်းတည်းပါသော v/v များအတွက်မူ ဆိုဖွယ်ရာ မရှိပါ။ အဘယ့်ကြောင့် spring နှစ်ထပ်တွင် အတွင်း inner spring သည် ပို၍ အရေးပါပါသလဲ ?

v/v retainer ထဲတွင် အထိုင်ချတပ်ဆင်ထားသော v/v key ( split key , retainer lock , retainer key , v/v keeper အစရှိသဖြင့် အခေါ်အဝေါ် အမျိုးမျိုးကွဲပြားပါသည်) သည် v/v ၏ stem အား အဓိက ထိန်းချုပ်ထားသူ ဖြစ်သောကြောင့်ပါပေ။ v/v spring နှစ်ထပ်ပါရှိသော engး တွင် inner spring သည် အဆိုပါ v/v key အား key groove မှ ပြုတ်မထွက်သွားစေရန် အဓိကအားပြု ထောက်ကန်ပေးထားပါသည်။

inner spring ကျိုးလျင် v/v key သည် v/v groove မှ ပြုတ်ထွက်သွားပါသည်။အကယ်၍သာ inner spring ကျိုးပြီး v/v key ပြုတ်ထွက်ခဲ့လျင် v/v သည် v/v retainer မှ လွတ်ထွက်ပြီး combustion chamber (တနည်းအားဖြင့် liner) ထဲသို့ ပြုတ်ကျသွားပါမည်။ ထို့ကြောင့် v/v spring နှစ်ထပ်ပါရှိသော engး များတွင် inner spring ကျိုးနေခဲ့သည်ကို တွေ့ရှိခဲ့လျင် (နောက်ထပ် outter spring တချောင်းရှိသေးတာပဲ...ဟု) ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ အမြန်ဆုံး အသစ်လဲလှယ် တပ်ဆင်သင့်ပေသည်။

ယခု တွေ့ရှိရသော engine တွင် inner v/v spring ကျိုးနေပြီး v/v key တခုမှာ ပြုတ်ထွက်ကာ cylး head ပေါ်သို့ပင် ပြုတ်ကျနေပါသည် ။ အချိန်မှီသာ မသိရှိခဲ့လျင် v/v တချောင်းလုံး liner ထဲ ပြုတ်ကျပြီး မလိုလားအပ်သည့် ပျက်ဆီး ဆုံးရှုံးမှုများ ကြုံတွေ့ရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါလိမ့်မည်။ ယခု ဖြစ်စဉ်တွင် engine မောင်းနေစဉ်အတွင်း ဆူညံသံတချို့ကြောင့် မသင်္ကာဖြစ်မိပြီး tappet cover ဖြုတ်ကာ စစ်ဆေးကြည့်မိ၍ အချိန်မှီ သိရှိရခြင်း ဖြစ်ပါသည်။ ထိုသို့ တွေ့ရှိခဲ့လျင် cylး head တလုံးလုံးအား ဖြုတ်ချ၍ v/v နှင့်သက်ဆိုင်သော အောက်ပါအစိတ်အပိုင်းများအား အသေးစိတ် ကြည့်ရှု စစ်ဆေးပေးရပါမည်။

1. inner & outter v/v spring

2. v/v key

3. v/v retainer

4. v/v seat

5. v/v guide

6. v/v stem နှင့်

7. v/v face

အထက်ပါ အစိတ်အပိုင်းများအား အသေးစိတ်စစ်ဆေး၍ မည်သည့်အတွက်ကြောင့် v/v spring ကျိုးရသလဲ ? ဆိုသည်ကို အဖြေရှာရပါမည်။ ( အတွေ့အကြုံအား အခြေခံ၍ သတိပြုမိချက် ။ ။ v/v spring များအား sea water (ရေငန်) ထိတွေ့မိထားလျင် (သို့) ဆားရေငွေ့ အရိုက်ခံထားလျင် v/v springs များ ဆောလျင်စွာ ကျိုးပဲ့တတ်သည်ကို သတိပြုမိခဲ့ပါသည်။)

အဆိုပါ ချို့ယွင်းမှုဖြစ်ပေါ်နေသော engine တွင် cylinder head များအား မဖြုတ်ထုတ်တော့ပဲ v/v spring အသစ်အား လဲလှယ်တပ်ဆင်ပေးခဲ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော် cylhead တွင် တပ်ဆင်ထားသော nut များသည် Hydraulic torque wrench ဖြင့် ဖြုတ်ရသည့်အမျိုးအစား ဖြစ်နေပါသည်။ ထို့အပြင် လက်ရှိရေယာဉ်ပေါ်တွင်ရှိနေသော Hydraulic torque wrench မှာလည်း ပါရှိရမည့် parts တချို့မှာ ပျက်စီးချို့ယွင်းနေပါသည်။ ထို့ကြောင့် cy head အား ဖြုတ်မချတော့ပဲ v/v spring အသစ်များအား လဲလှယ်တပ်ဆင်ပေးခဲ့ရပါသည်။
v/v spring တချောင်းအား မည်သည့်နေရာတွေကြည့်ရှု၍ စစ်ဆေးပေးရမလဲ ?

မျက်မြင်အရ စစ်ဆေးလျင် (၅) ချက်ရှိပါသည် -

၁။ spring တွင် အက်ရာရှိ/မရှိ

၂။ spot အရာ ချိုင့်နေခြင်း ရှိ/မရှိ

၃။ spring ၏ အထက်/အောက် မျက်နှာပြင် များ ပွန်းစားနေမှု ရှိ/မရှိ

၄။ spring တွင် rust (သံချေး) များ ရှိ/မရှိ

၅။ spring ၏ အမြင့်

spring တချောင်းအား technical ကျကျ စစ်ဆေးလျင် အောက်ပါ အချက်တို့ကို စစ်ဆေးပေးရပါမည်။

1. deflection

2. helix angle

3. stiffness

4. pitch coil

5. free length of the spring

Read 589 times