ဒီဇယ်အင်ဂျင်သည် ဓာတ်ဆီ အင်ဂျင်ထက် အသုံးများရခြင်းမှာ ဒီဇယ်အင်ဂျင်သည် ပါဝါစွမ်းအား ကောင်းခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် နည်းပါးခြင်း၊ အကြမ်းခံ၍ ကြာရှည်အသုံးခံခြင်း စသော အားသာချက်များကြောင့် ဖြစ်ပါသည်။
ထိုအပြင် ဒီဇယ်အင်ဂျင်တွင် အားသာချက်ရှိသကဲ့သို့ အားနည်းချက်များလည်းရှိပါသည်။
အားနည်းချက်များမှာ အင်ဂျင်သံ ဆူညံလွန်းခြင်း၊ ဒီဇယ်မီးခိုးထွက်ခြင်းနှင့်ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်း တို့ဖြစ်သည်။
ထို့ပြင် ဒီဇယ်အိတ်ဇော မီးခိုးကြောင့် အနီးပတ်ဝန်းကျင်မှ လူများကို ကျန်းမာရေးထိခိုက်စေနိုင်သည်။
နည်းပညာမြင့်သော ဒီဇယ်ကားများတွင် အိတ်ဇောမီးခိုးအထွက်နည်းစေရန် Clean Diesel Technology ကို အသုံးပြုထားသည်။
ဒီဇယ်အင်ဂျင်အသုံးချမှု နယ်ပယ်ကျယ်ပြန့်သဖြင့် မော်တော်ယာဉ်များတွင်သာမက အခြားကဏ္ဍများတွင်လည်း ဒီဇယ်အင်ဂျင်ကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနေကြသည်။
သက်တမ်းကြာ အိုဟောင်းနေသော ဒီဇယ်ကားများနှင့် ဒီဇယ်အင်ဂျင်များတွင် ထူးခြားချက်တစ်ခုမှာ အိတ်ဇောမီးခိုး အထွက်များနေခြင်း ဖြစ်သည်။
မီးခိုးထွက်သင့်သည်ထက် ပိုမိုများပြားနေခြင်းသည် ထိုအင်ဂျင်၌ ချွတ်ယွင်းချက် အပြစ်များရှိနေ၍ ဖြစ်သည်။
ပြီးပြည့်စုံသော ဒီဇယ်အင်ဂျင် တစ်လုံးသည် စက်နိုးရလွယ်ကူသကဲ့သို့ အိတ်ဇောမီးခိုးလည်း မထွက်သ လောက် နည်းပါသည်။
အင်ဂျင် Compression ကောင်းခြင်း၊ ပန့်၊ နော်ဇယ်များ ကောင်းခြင်း၊ လေနှင့် လောင်စာဆီအချိုး မှန်ကန်ခြင်း၊ အင်ဂျင်ဝိုင် အကောင်းစားသုံးထား ခြင်း၊ စက်နိုးမော်တာကောင်းခြင်း၊ အင်ဂျင် လေအဝင်ကောင်းခြင်း၊
တာဘို ချာဂျာသုံးထားခြင်း စသော အချက်များ ပြည့်စုံသဖြင့် စွမ်းရည်ပြည့်ဝသော ဒီဇယ်အင်ဂျင်တစ်လုံး ဖြစ်နေသည်။
ဒီဇယ်အင်ဂျင် တစ်လုံးတွင် ဒီဇယ်အိတ်ဇော မီးခိုးမဲများထွက်ခြင်းသည် မကောင်းသောလက္ခဏာဖြစ်သည်။
ဒီဇယ်မီးခိုး (Soot) များသည် အင်ဂျင်ဝိုင်တွင် ပျော်ဝင်ပြီး အင်ဂျင်ဝိုင်၏ အရည်အသွေးများကိုကျဆင်း စေသည်။
Soot မီးခိုးအမှုန်များကြောင့် အင်ဂျင်ဝိုင်များကို ပိုမိုပျစ်ချွဲလာပြီး ဒီဇယ်အင်ဂျင်၏ ချောဆီလည်ပတ်မှုစနစ်ကို အဟန့်အတားဖြစ်စေသည်။
မီးခိုး (Soot) အမှုန်များသည် ဗားနစ် (Varnish) နှင့် ကာဗွန်အဖြစ်ပြောင်းလဲ၍ အင်ဂျင်ဝိုင်ထဲတွင် အနယ်အနှစ် (Sludge) များဖြစ်သွားသည်။
ထိုအရာများသည် အင်ဂျင် အတွင်းပိုင်းပစ္စည်းများ ဖြစ်သော Piston Ring, ဆလင်ဒါ၊ ဗားများနှင့် ဘယ်ရင်များကို ပွန်းစားစေပြီးအင်ဂျင် သက်တမ်းတိုစေသည်။
အင်ဂျင်ဝိုင် Filter ဘူးတွင်လည်း ကာဗွန်အမှုန်များ နှင့် Sludge အနယ် အနှစ်များကြောင့် အင်ဂျင်ဝိုင်သန့်စင်အောင် စစ်ပေးနိုင်သော စွမ်းရည်ကျဆင်းစေသည်။
ဒီဇယ်အင်ဂျင် ကိုင်တွယ်မောင်းနှင်ရသော အော်ပရေတာများနှင့် ယာဉ်မောင်းများသည် ဒီဇယ်မီးခိုး အထွက်များသော အခြေအနေမျိုးကြုံရပါက အဘယ်ကြောင့်ဖြစ်ရသည်ကို သိရှိထားသင့်သည်။
ဒီဇယ်အင်ဂျင်တစ်လုံးတွင် မူမမှန်သောမီးခိုးများ ထွက်ပေါ်နေသော အကြောင်းတရားများမှာ ဒီဇယ်ဆီ အရည်အသွေးညံ့ခြင်း၊ နော်ဇယ်များ၊ ဆီပန်းမှု စပရေး ပုံစံမမှန်ခြင်း၊ နော်ဇယ်များ ပွန်း စားပြီးကျနေခြင်း၊
Injection Pump ကျနေခြင်း၊ ဒီဇယ်ကယ်လီဘရေးရှင်း (Cali-bration)ချိန်တွယ်မူမမှန်ခြင်း၊ တိုင်မင်မမှန်ခြင်း၊ Idle Speed မြန်လွန်းနေခြင်း၊ Air Cleaner မှ လေစစ်ပိတ်နေ ၍ အင်ဂျင်အသက်ရှူကြပ်ခြင်း၊ Piston Ring
ကွင်းများ စားပြီး ချောင်လွန်းနေခြင်းနှင့် Valve အထိုင်နှင့် Valve Seal, Valve Guide များမလုံတော့ခြင်းများ ဖြစ်ပါသည်။
အတွင်းမီးလောင်ပေါက်ကွဲသော အင်ဂျင် (Internal Combustion Engine, ICE)များတွင် Soot မီးခိုးမဲ (ကျပ်ခိုး) များ ဖြစ်ပေါ်လာရခြင်းမှာ လောင်စာဆီများ အပြည့်အ၀ မီးမလောင်ခြင်းကြောင့်ဖြစ်သည်။
အပြည့် အ၀ မီးလောင်ပေါက်ကွဲခြင်းကို Complete Combustion ဖြစ်သည် ဟုခေါ်သည်။
အင်ဂျင်အတွင်း၌ လေနှင့် လောင်စာဆီ အချိုးမှန်ကန်ပြီး အပြည့်အ၀ မီးလောင်ပေါက်ကွဲခြင်း (Complete Combustion) ဖြစ်ပါက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှင့် ရေ (H2O) သာထွက်လာရမည်။
အင်ဂျင်အတွင်း၌ ထိုကဲ့သို့ အပြည့်အ၀ လောင်ကျွမ်းမှုမျိုး မဖြစ်သည်က များသည်။
လောင်စာဆီများ သည် ဟိုက်ဒြိုကာဗွန် (Hydrocarbons) ဒြပ်ပေါင်းများသာ ဖြစ်သည်။
မပြည့်ဝသော လောင်ကျွမ်းမှု (Incomplete Comubstion) မှုကြောင့် မသန့် ရှင်းသော ကာဗွန် အမှုန်အမွှားများသည် အင်ဂျင် အိတ်ဇောပိုက်မှ တစ်ဆင့် ပြည်ပလေထဲသို့ ပြန့်နှံ့သွားသည်။
အင်ဂျင်အိတ်ဇောအငွေ့များတွင် မီးခိုး ကျပ်ခိုး (soot) အမှုန်များများ ပါဝင် ပါက အင်ဂျင်အတွင်း အစိတ်အပိုင်း များဖြစ်သော Piston, Ring, Valve နှင့် အိတ်ဇော မန်နီဖို့ပိုက်လိုင်းများ တွင် ကာဗွန်ချိုးများ စုပုံပိတ်ဆို့လာ မည်။
အင်ဂျင်အတွင်း လည်ပတ်နေသော ချောဆီအင်ဂျင်ဝိုင်၏ အရည်အသွေးများကိုလည်း ကျဆင်းသွားစေသည်။
အားနည်းချက်များကို စစ်ဆေး ပြုပြင်ခြင်း
ဒီဇယ်အင်ဂျင်တစ်လုံးသည် အိတ်ဇောမီးခိုးမဲများ အလွန်အကျွံထွက်နေလျှင် တစ်ခုခုမှားနေသည်မှာ သေချာသည်။
ဖြစ်ပေါ်နေသော ချွတ်ယွင်းအားနည်းချက်ကို ရှာရမည်။
ဒီဇယ်နော်ဇယ် (Nozzle) ထိပ်ဖျားများတွင် ကာဗွန်ချိုးများပိတ်၍ ဆီဖြန်းပေးသောပုံစံမှန်ကန်မှုရှိ မရှိစစ်ဆေးပါ။
နော်ဇယ်အားလုံးကို သန့်ရှင်းဆေးကြော၍ Nozzle Tester ဖြင့်ပြန်ချိန်ပါ။
ဆီပန်းပုံစံ (Spray Patterns) မှန်ကန်မှုရှိပါစေ။
Injection Pump ကို ပြန်ချိန် ပါ။ Pump Testing ပြန်လုပ်ပါ။
Air Cleaner မှ လေစစ်များ ကို ဖုန်၊ သဲ၊ အမှိုက်များရှင်းလင်းပေးပါ။ လေစစ်ဇကာ မကောင်းပါက အသစ် လဲပါ။
အင်ဂျင်ဝိုင်နှင့် ဆီစစ်ဘူး အသစ်လဲပေးပါ။ အင်ဂျင်ဝိုင်ရွေးချယ် သုံးစွဲရာတွင် အင်ဂျင်ထုတ်လုပ်သူ ညွှန်ကြားသော အင်ဂျင်ဝိုင်ဂရိတ်ကို သုံးပါ။ (သို့မဟုတ်) ဒီဇယ်အင်ဂျင် အတွက် သီးသန့်လာသော မာတီ ဂရိတ် အင်ဂျင်ဝိုင် အကောင်းစားကို သုံးပါ။ တတ်နိုင်လျှင် Fully Syn-thetic အင်ဂျင်ဝိုင်ကို သုံးပါ။
ဒီဇယ် Fuel Filter အသစ် လဲပေးပါ။
ဆာလဖာပါဝင်မှုနည်းသော Low Sulfur Diesel အမျိုးအစားကို သုံးပါ။
အင်ဂျင်တိုင်မင် (Engine Timing) ကို ပြန်စစ်ဆေးပြီးချိန်ပါ။ ဒီဇယ်ပန့်တိုင်မင် စောလွန်းခြင်း၊ နောက်ကျခြင်းသည် ဒီဇယ်ပေါက်ကွဲ လောင်ကျွမ်းမှုကို ပြောင်းလဲစေသည်။
ဒီဇယ်အင်ဂျင်၏ သဘာ၀ သည် Compression ဖိသိပ်အားဖြင့် သာ မီးလောင် ပေါက်ကွဲပါသည်။ အင်ဂျင် Compression ကျလျှင် မီးလောင်ကျွမ်းမှု အပြည့်အဝမဖြစ်ပါ။ ထို့ကြောင့်အင်ဂျင် Compression Test လုပ်ပါ။
အင်ဂျင် Compression ကျနေလျှင် အင်ဂျင် Head ဖွင့်ပါ။ Exhaust Valve နှင့် Inlet Valve အခြေအနေများကို စစ်ဆေးပါ။
အင်ဂျင် Head အိတ်ဇော အထွက်ပေါက်တွင် ကာဗွန်ချိုးများ ပိတ်ဆို့ ညစ်ပတ်နေပါက သန့်ရှင်းဆေးကြောရပါမည်။
ဗားဆီးလ် (Seal)၊ ဗား Guide များ ကောင်း / မကောင်း၊ အင်ဂျင်ဝိုင်လုံ / မလုံ၊ ဗားမျက်နှာပြင်များလုံ / မလုံ စစ်ဆေးပါ။
အကောင်းဆုံးမှာ Engine Head ဆားဗစ်ဆိုင်တွင် အပ်နှံ၍ Head ကို အကောင်းဆုံး ဖြစ်သွားစေရန် ပြုပြင်သင့်သည်။
အင်ဂျင် Compression ကျ နေလျှင် ပစ္စတင် Ring ကွင်းနှင့် ဆလင်ဒါနံရံ မျက်နှာပြင်များလည်း စားနိုင်သည်။
Ring ကွင်းများအစုံ လိုက်လဲရုံဖြင့်ရလျှင် Ring ကွင်းများ အသစ်လဲပါ။ အကယ်၍ ဆလင်ဒါ ပွန်းစားပြီး Piston ပါစားနေလျှင် အင်ဂျင်ဘလောက် ချရပါမည်။ အင်ဂျင်အကြီးစား ပြင်ဆင်မှုကဲ့သို့ ပတ်ကား လုပ်ရပါတော့မည်။
အိတ်ဇောစနစ်တွင် ကာဗွန် ချိုးများ ပိတ်ဆို့နေနိုင်သည်။ အိတ် ဇော EGR ဗားများပါဝင်သော အမျိုး အစားဖြစ်ပါက EGR ဗားမှ ကာဗွန် ချိုးများကို သန့်ရှင်းပါ။
အိတ်ဇော စနစ်ပိတ်ဆို့နေလျှင် Back Pressure ဖြစ်ပြီး အင်ဂျင်၏လေအဝင်ကို ထိ ခိုက်စေနိုင်သည်။ အိတ်ဇောမာဖလာ ဘူးတွင် ကာဗွန်ချိုးများ ပိတ်နေပါက အိတ်ဇောဘူး အသစ်တစ်လုံး လဲပေး ပါ။
တာဘိုချာဂျာသုံးသော ကား များ တာဘိုချာဂျာကို စစ်ဆေးပါ။ ဆာဗစ်စင်လုပ်ပါ။ ကာဗွန်ချိုးများ သည် တာဘိုချာဂျာအုံတွင်လည်း ကပ်တွယ်နေတတ်သည်။
ခေတ်ပေါ် ကားများတွင် အောက်ဆီဂျင် ဆင်ဆာ ကောင်း / မ ကောင်း စစ်ဆေးဖို့လိုပါသည်။
ဒီဇယ်မီးခိုး (Soot) များသည် သင့်ကားအင်ဂျင်သက်တမ်းကို တိုစေ ရုံသာမက ပတ်ဝန်းကျင်လေထုကို လည်း ညစ်ညမ်းစေသည်။ သင်၏ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်း မာရေးကိုလည်း ထိခိုက်စေနိုင်သည်။
မြို့ပြလေထုညစ်ညမ်းမှုကို တိုးမြင့် စေသည်။ ဒီဇယ်အိတ်ဇော မီးခိုး (Soot) များကြောင့် ဖန်လုံအိမ် အာနိ သင်ကို တိုးပွားစေပြီး (Global Warming) ကမ္ဘာကြီး ပူနွေးလာမှုကိုလည်း ဖြစ်ပေါ်စေသည်။
မိမိကား ဒီဇယ်မီးခိုးများ အလွန်အကျွံထွက်နေခြင်းသည် တည်ဆဲ မော်တော်ယာဉ်ဥပဒေနှင့်လည်း ငြိစွန်းနေသော ကိစ္စဖြစ်သောကြောင့် မီးခိုးအထွက်များနေခြင်းကို လျစ်လျူရှုမထားဘဲ အားလုံး အကျိုးရှိရန် အမြန်ဆုံးပြုပြင်သင့်ပါသည်။