အင်ဂျင်တစ်လုံးရဲ့ Plug ဆိုတာ


ကျနော်တို့ နိုင်ငံမှာ မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒချမှတ်ပြီး နောက်ပိုင်း မော်တော်ကား စီးနင်းသူ အရေအတွက် များပြားလာခဲ့တာ ဆယ်စုနှစ် တဝက်လောက် ရှိလာပါပြီ။ 

 ဒီလို တိုးပွားလာတဲ့ မော်တော်ကားတွေမှာ အဓိက လုပ်ဆောင်ချက်ဖြစ်တဲ့ ရွေ့လျားမှုအတွက် စွမ်းအင် အရင်းအမြစ်ကို ထုတ်လုပ်ပေးတဲ့ အင်ဂျင်ထဲကမှ အခရာကျတဲ့ အပိုင်း တခုကို ပြောချင်ပါတယ်။သူကတော့ Plug ပါပဲ။ 


အတွင်းပေါက်ကွဲခန်း ပါရှိတဲ့ မည်သည့် အင်ဂျင်မဆို အဆိုပါ ပေါက်ကွဲခန်းအတွင်း ဆီတခုခု ဝင်ရောက်လာတာနဲ့ ပေါက်ကွဲမှု ဖြစ်စေမယ့် မီးစကို ထုတ်လုပ်ပေးမယ့် အပိုင်းက Plug ပါပဲ။ သူက လီဗာနဲ့ ချိတ်ဆက်ထားသလို ပေါက်ကွဲနှုန်းကို မောင်းနှင်သူ စိတ်ကြိုက် အနှေး၊ အမြန် ဖြစ်စေပါတယ်။ ဒီတော့ စွမ်းအင် ထုတ်လုပ်မှုကို ထိန်းချုပ်ထားနိုင်ပြီပေါ့။ ဟုတ်ပါပြီ၊ အရင်ဆုံး Plug ရဲ့ သဘောတရားကို ပြောပြီးပြီ ဆိုတော့ Plug အမျိုးအစားတွေကို ပြောပြချင်ပါတယ်။


 Iridium Plug, Platinum Plug နဲ့ Register Plug ရယ် ဆိုပြီး ၃ မျိုး ရှိပါတယ်။ • မီးကူးခေါင်းမှာ ထိပ်ဖျားပိုင်းကို Iridium အခြေခံထားတဲ့ Alloy သားနဲ့ ပြုလုပ်ထားတဲ့ Plug ကို Iridium လို့ ခေါ်ပါတယ်။ • ဒီလိုပဲ အဆိုပါ ခေါင်းနေရာကို Platinum နဲ့ ပြုလုပ်ထားတော့ Platinum အမျိုးအစား ဖြစ်လာတာပေါ့။ ဒီနေရာမှာ Register စနစ်ကို Plug အတွင်းမှာ ထည့်သွင်း ဖန်တီးထားတာမျိုး ရှိပြီး သူက Register အမျိုးအစား ဖြစ်လာပါတယ်။ ပထမ ၂ မျိုးကတော့ ကြာရှည်လည်း သုံးနိုင်သလို ဈေးလည်း ကြီးပါတယ်။ စွမ်းဆောင်ရည်လည်း ကောင်းပါတယ်။

 နောက်ဆုံး Register ကတော့ ပုံမှန် Plug လို့လည်း ခေါ်ပြီး ဈေးလည်း ချိုပါတယ်။ ခဏ ခဏလည်း လဲလှယ်ရပါတယ်။ဆက်ပြီးတော့ Plug တခုရဲ့ သက်တမ်းကို ပြောပြချင်ပါတယ်။ • ပုံမှန် အနေနဲ့ ကီလို ၁ သောင်းခွဲကနေ ၂ သောင်းအကြား မောင်းနှင်ပြီးတိုင်း Plug ကို ၁ ခါ စစ်ဆေးသင့်သလို အကောင်းဆုံးက လဲလှယ်သင့်ပါတယ်။• ဒါပေမယ့် ကိုယ် ထည့်သုံးတဲ့ Plugက ပထမ ၂ မျိုးထဲကလို အမြင့်စား ဖြစ်နေရင်တော့ Plug ခေါင်းတွေ ဆေးတာ၊ စစ်တာမျိုးနဲ့ ဆက်သုံးလို့ ရရင်လည်း သုံးနိုင်ပါတယ်။


 ဒါပေမယ့် ကီလို ၃ သောင်းထက်တော့ ပိုမသုံးတာ အကောင်းဆုံးပါပဲ။ ပြင်ဆိုင်မှာ မဟုတ်ဘဲ မောင်းနှင်ရင်း Plug ကောင်း၊ မကောင်း သိသာစေမယ့် အချက်လေးတွေကတော့ 

• အရှိန်တင်ပေမယ့် အရှိန်တက် မလာတာမျိုး၊
• လီဗာနင်းချိန်မှာ အင်ဂျင်ပေါက်ကွဲသံ မမှန်တာမျိုး၊
• ဝန်ပါလို့ လီဗာတင်သည့်တိုင်အောင် မရုန်းတော့တာမျိုးတွေ ဖြစ်လာမယ် ဆိုရင်
 Plug ကို စစ်ဆေးကြည့်သင့်ပါကြောင်း။
 

Read 3238 times