အင်ဂျင်ဝိုင် အကြောင်း


အင်ဂျင်ဝိုင်မှာ grade အမျိုးမျိုးလာပါတယ်။

5W/30 မှာ သိပ်စေးမပြစ်ပါ

5W/30 မှာ အရည်ကြဲပါတယ်

10W/30 အရည်အနည်းငယ်ကြဲ

10W/40 အရည်နည်းနည်းပြစ်

10W/50 အရည်ပြစ်

15W/40 အရမ်းပြစ်

15W/50 အရမ်းပြစ်


10W/40 မှာ အနည်းငယ်ပြစ်၍ ဓာတ်ဆီအင်ဂျင်သုံးကားများ ၊ ဒီဇယ်အင်ဂျင်သုံးကားများ ၊ ပင်စတင်မချောင်သေးသော ဝယ်ခါစကားသစ်များမှာသုံးပါတယ်။ 15W/40 -- 15W/50 မှာ ဒီဇယ်ကား အင်ဂျင်မှပင်စတင်ကြယ်လာသော အင်ဂျင်ကျလာတဲ့ အခါသုံးကျပါတယ်။

5W/20 -- 5W/30 မှာ အင်ဂျင်ရှံး အားနည်းသော electric စနစ်သုံး Hybird ကားများမှာ သုံးပါတယ်။ 10W/30 မှာ ဓာတ်ဆီကားများ ဝယ်ခါစ kilo အသစ်ကားလေးများ မှာသုံးပါတယ်။ kilo 5သောင်းပဲရှိ့သေးတဲ့ ကားများအနေနဲ့ တော့ 10W/30နဲ့အဆင်ပြေပါတယ်။

10W/40မှာ kilo 1သိန်းကျော် ဂျပန်ကျကားများ(သို့) အခိုင်းကြာလာသော ကားများမှာ သုံးပါတယ်။ မိမိကားနဲ့ သင့်တော်ရာ အင်ဂျင်ဝိုင် grade ကို ကြွမ်းကြင်စက်ပြင်ဆရာနင့် တိုင်ပင်ဆွေနွေး၍ မှန်ကန်စွာအသုံးပြုနိင်ကြဖို့ လိုပါတယ်။ အင်ဂျင်ဝိုင် grade မှားသုံးရင် မိရင် ဥပမာ - ဂျပန်ကျကား kilo 1သိန်းကျော် သုံးထားသောကားကို 5W/20 -- 5W/30 သုံးပြီး အရည်ကြဲသောကြောင့် အင်ဂျင်ဝိုင်ခမ်းသွားပြီး အချိန်မှီ မစစ်ဆေးမိပါက အင်ဂျင်ဝိုင်ငက်ပြီး အင်ဂျင်ကွဲနိုင်ပါတယ်။

10W/30 kiloသောင်းဂဏာန်းလောက်သာရှိတဲ့ ကားကို 10W/40 ကို သုံးရင်တော့ အနည်းငယ်အော်ပါမယ် ၊ စက်သံကြမ်းလာမယ် ၊ အရှန်းအဆွဲကျပြီး ဆီစားများလာမယ် ၊ အင်ဂျင်heat တက်လာစေနိုင်ပါတယ်။ ဓာတ်ဆီကားမှာ အင်ဂျင်လေဖိအားအနည်းငယ်သာ ဖိတာကြောင့် ပင်စတင်နင့် အင်ဂျင်ဘလော့ တိုက်ပြီး ပင်စတင်ခုတ်ရတာကြောင့် 15W/50 ဒီဇယ်ထည့်မိရင် အင်ဂျင်ကျပ်နေပါလိမ့်မယ် ၊ စက်နိုးရခက်သိ အထိကြုံနိုင်ပါတယ်။

ဒီဇယ်အင်ဂျင်မှာ လေဖိအားမျာများဖိပြီးလောင်ကျွမ်းရတာကြောင့် စေးပြစ်သော အင်ဂျငိဝိုင် 10W/40 ကောင်းသောကား 15W/50 • 20W/50 great စတာတွေကို သုံးနိုင်ပါတယ်။ ဓာတ်ဆီကားမှာ စေးပြစ်သောအင်ဂျင်ဝိုင်ကြောင့် အင်ဂျင်ကြပ်ကပ်နေပါလိမ့်မယ်။

တချို့ အင်ဂျင်ကျလာသော ဓာတ်ဆီကားများမှာ 15W/40 • 20W/50 အထိ့အသုံးပြုလာတာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် နှစ်ပေါင်းများစွာ အကြမ်းအသုံးပြုလာသောကားများမှာ ပင်စတင်ခုတ်သော အင်ဂျင်ဘဘောမှာ ကြယ်လာပါတယ်။ ထိုကြောင့်စေးပြစ်သောအင်ဂျငိဝိုင်သုံးမှ အဆင်ပြေပါတယ်။

ထိုကြောင့် အင်ဂျင်ဝိုင် great မှာ အရေးကြီးသောကြောင့် မှန်စွာရွေချယ်တက်ဖို့အရေးကြီးပါတယ်။ ပူနွေးသော မြန်မာနိင်ငံရာသီဥတုအပေါ်မူတည်၍ အရည်ကြဲသော အင်ဂျင်ဝိုင်လည်း မသုံးမိပါစေနဲ့။ ဂျပန်နိင်ငံက အေးသောနိင်ငံဖြစ်သောကြောင့် ဒီ grade သုံးပါလို့ညွန်ပြသောလည်း မြန်မာနိင်ငံမှာ ပူနွေးသောကြောင့် မှန်ကန်စွာရွေချယ်တက်ဖို့လည်းလိုပါတယ်။

ထိုပြင် kilo 3000 နင့် 5000 ကြားအင်ဂျငိဝိုင်အား အသုံပြုပြီးတိုင်း စစ်ဆေးပြီး မကောင်းပါက လှဲလှယ်ပေးပါ။ အင်ဂျင်ဝိုင်ကိုလည်း နေတိုင်း(သို့)2 ရက် 3ရက် 1ပတ် တခါ ဂိတ်တံထုတ်၍ စစ်ဆေးပေးပါ။ လျော့လာပါက ဖြည့်ပေးပါ။

Source:Ko Htet Myat Min (facebook)


 

Read 6646 times