အင်ဂျင်ဝိုင် ဂရိတ်များ


အင်ဂျင်ဝိုင် ဂရိတ်များ

 

အင်ဂျင်ဝိုင် ဂရိတ်ကို ကုဒ်ဖြင့် ဖော်ပြကြပါတယ်။ 
ဥပမာ 20W-40
 W က Winter ဆောင်းရာသီကို ဆိုလိုပါတယ်။
အင်ဂျင်အေးစက်နေချိန်မှာ ဘယ်လို လုပ်ကိုင်ပေးမှာလဲဆိုတာကို ကုဒ်ကို ကြည့်ပြီး အကြမ်းအားဖြင့် ချင့်ချိန်နိုင်ပါတယ်။ 
နောက်တစ်ချက် ပြောပြပေးတာက စီးဆင်းနှုန်းဖြစ်ပါတယ်။ အေးစက်နေချိန်မှာ 5W-30 က 10W-30  ထက် စီးဆင်းနှုန်း ပိုကောင်းပါတယ်။ 
အင်ဂျင်ပုံမှန်လုပ်ကိုင်နေချိန်မှာ ဖြစ်ပေါ်နေတဲ့ အပူချိန်မှာ ဘယ်လို စီးဆင်းနှုန်း ရှိမလဲဆိုတာ မှန်းဆနိုင်ပါတယ်။ 10W-30  က 10W-40  ထက် စီးဆင်းနှုန်း ပိုသွက်ပါတယ်။ 

ဆီက စေးပျစ်ရင် စီးတာ နှေးမယ်။ ဆီက ကြဲရင် စီးတာ သွက်မယ်။ အဲဒါကြောင့် အင်ဂျင်ဝိုင်ကို စေးပျစ်ခြင်း  viscosity ဂုဏ်သတ္တိဖြင့် ပြောဆိုကြပါတယ်။ 
ကုဒ်မှာပါတဲ့ စေးပျစ်ခြင်း ဂုဏ်သတ္တိကို ရည်ညွှန်း ပြောဆိုကြတာ ဖြစ်ပါတယ်။ 

0W-20 , 0W-30  , 0W-40 , 5W-30, 5W-40 ,10W-40 စသဖြင့် ဂရိတ်အမျိုးမျိုး ရှိပါတယ်။ 
ပူပြင်းတဲ့ ရာသီဥတု ကြီးစိုးတဲ့ နိုင်ငံတွေမှာ သုံးသင့်တဲ့ ဂရိတ်က 5W-30 ဖြစ်ပါတယ်။ 


 

Read 325 times